မာတိကာသို့ ခုန်သွားရန်

အာသဝက္ခယသုတ်

ဝီကီပီးဒီးယား မှ
၁၃:၅၄၊ ၄ ဇန်နဝါရီ ၂၀၂၁ နေ့က NjsBot (ဆွေးနွေး | ပံ့ပိုး) (ရိုဘော့ - အင်္ဂုတ္တိုရ်ပါဠိတော် ကို အင်္ဂုတ္တရနိကာယ် ဖြင့် အစားထိုးနေသည်) တည်းဖြတ်သည့်မူ

အာသဝက္ခယသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် တရားငါးမျိုးတို့ကို ပွားများအပ် ကြိမ်ဖန်များစွာ အာသဝေါတရားတို့ ကုန်ခြင်းငှါ ဖြစ်ကြောင်းကို ဟောကြားတော်မူခဲ့သည်။[၁]

အာသဝက္ခယသုတ်

ရဟန်းတို့ ဤတရားငါးမျိုးတို့ကို ပွားများအပ် ကြိမ်ဖန်များစွာ ပြုအပ်ကုန်သည်ရှိသော် အာသဝေါတရားတို့၏ ကုန်ခြင်းငှါ ဖြစ်ကုန်၏။ အဘယ်တရားငါးမျိုးတို့နည်း ဟူမူ -

  • ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ခန္ဓာကိုယ်၌ မတင့်တယ်ဟု ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
  • မျိုအပ်သောအစာ ‘အာဟာရ’၌ စက်ဆုပ်ရွံရှာဖွယ်ဟု အမှတ်ရှိ၏။
  • လောကအားလုံး၌ မွေ့လျော်ဖွယ်မရှိဟု အမှတ်ရှိ၏။
  • အလုံးစုံသော သင်္ခါရတို့၌ မမြဲဟု ရှုလေ့ရှိ၏။
  • ထိုရဟန်းအား သေခြင်း၌ ဖြစ်သောအမှတ် ‘မရဏသညာ’ သည် ထိုရဟန်း၏ အတွင်းသန္တာန်၌ ကောင်းစွာတည်၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့ကို ပွားများအပ် ကြိမ်ဖန်များစွာ ပြုအပ်ကုန်သည်ရှိသော် အာသဝေါတရားတို့၏ ကုန်ခြင်းငှါ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။[၁]

ကိုးကား

  1. ၁.၀ ၁.၁ အင်္ဂုတ္တရနိကာယ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စကနိပါတ်၊ ၂-ဒုတိယပဏ္ဏာသက (ဒုတိယသုတ်ငါးဆယ်)၊ (၇) ၂-သညာဝဂ် ၁၀- အာသဝက္ခယသုတ်

သာဇီဝသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် တရားငါးမျိုးတို့နှင့် ပြည့်စုံသောရဟန်းသည် သီတင်းသုံးဖော်တို့ ဆွေးနွေးထိုက်သူဖြစ်ကြောင်းကို ဟောကြားတော်မူခဲ့သည်။[၁]

သာဇီဝသုတ်

[၁]

ကိုးကား

  1. ၁.၀ ၁.၁ အင်္ဂုတ္တရနိကာယ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စကနိပါတ်၊ ၂-ဒုတိယပဏ္ဏာသက (ဒုတိယသုတ်ငါးဆယ်)၊ (၇) ၂-သညာဝဂ် ၆ သာဇီဝသုတ်