မာတိကာသို့ ခုန်သွားရန်

စိုင်ပြင်မြို့

ဝီကီပီးဒီးယား မှ
စိုင်ပြင်မြို့
မြို့
စိုင်ပြင်မြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
စိုင်ပြင်မြို့
စိုင်ပြင်မြို့
စိုင်ပြင်မြို့တည်နေရာ
ကိုဩဒိနိတ်: 22°33′30″N 95°14′21″E / 22.5584602355957°N 95.2390289306641°E / 22.5584602355957; 95.2390289306641ကိုဩဒိနိတ်: 22°33′30″N 95°14′21″E / 22.5584602355957°N 95.2390289306641°E / 22.5584602355957; 95.2390289306641
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးစစ်ကိုင်းတိုင်းဒေသကြီး
ခရိုင်ရွှေဘိုခရိုင်
မြို့နယ်ဒီပဲယင်းမြို့နယ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

စိုင်ပြင်ရွာသည် စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်တွင် တည်ရှိသည်။ လယ်တီဆရာတော်ဘုရားကြီး မွေးဖွားခဲ့သည့် ဒေသ ဖြစ်သည်။ စိုင်ပြင်ရွာကို ၂၀၁၈ ခုနှစ်မှစ၍ စိုင်ပြင်မြို့အဖြစ်သို့တိုးမြှင့်သတ်မှတ်ခဲ့သည်။[] ယခုအခါ စိုင်ပြင်မြို့ကို ရပ်ကွက်ကြီး ၅ ခုခွဲထားပြီး အိမ်ထောင်စု ၂၅၀၀ ခန့်မှီတင်းနေထိုင်ကြသည်။ ၁၆ ကုတင်ဆန့်တိုက်နယ်ဆေးရုံရှိပြီး ဆရာဝန်တစ်ယောက်၊ သူနာပြုနှင့် သူနာပြုအကူတို့ဖြင့် အနီးအနားကျေးရွာမှ လူနာများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည်။ ဘုန်းတော်ကြီးကျောင်း ၁၁ ကျောင်းရှိပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၃ ကျောင်းရှိသည်။ အခြေခံပညာအထက်တန်းကျောင်းတစ်ကျောင်းနှင့် မူလတန်းကျောင်းတစ်ကျောင်းရှိသည်။ အဓိကစီးပွားရေးမှာ ကူးသန်းရောင်းဝယ်ရေးဖြစ်သည်။အနီးအနားရွာများမှ ထွက်ရှိသော စပါး၊ပဲ၊နှမ်းများမှာ စိုင်ပြင်၏ ရောင်းကုန် ဝယ်ကုန်များဖြစ်သည်။

ကိုးကား

  1. မျိုးမင်းဦး (၂၃ မေ ၂၀၂၀)။ စစ်ကိုင်းတိုင်းရှိ မော်လူးနှင့် စိုင်ပြင်ကို မြို့အဖြစ် ပြင်ဆင်ဖွဲ့စည်း7Day News။ ၁၃ ဇူလိုင် ၂၀၂၀ တွင် ပြန်စစ်ပြီး။