အနာပုစ္ဆာသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

အမှု—ခွင့်မပန်ဘဲ ဘိက္ခုတို့၏ ရှေ့၌ နေထိုင်မှု။

အမှုသည်—ဘိက္ခုနီအများ။ [၁]

ထိုသို့ ထိုင်မှုကြောင့် ဘိက္ခုတို့က ကဲ့ရဲ့ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ သိက္ခမာနာယ ဥမ္မဒ္ဒါပေယျ ဝါ ပရိမဒ္ဒါပေယျ ဝါ, ပါစိတ္တိယံ။

မြန်မာပြန်[ပြင်ဆင်ရန်]

ဘိက္ခု၏ရှေ့၌ ခွင့်မတောင်းဘဲ ထိုင်သော ဘိက္ခုနီမှာ ပါစိတ်အာပတ် သင့်၏။

မှတ်ချက်[ပြင်ဆင်ရန်]

“ပုရတော-ရှေ့၌”ဟု ဆိုသော်လည်း, “ဣဒံ-ဤပူရတော ဟူသော စကားကို၊ ဥပစာရံသန္ဓာယ-ဥပစာကို ရည်ရွယ်၍၊ ဝုတ္တံ-ဆိုအပ်၏” ဟူသော အဋ္ဌကထာနှင့် သမန္တာ ဒွါဒသဟတ္ထုပစာရံ သန္ဓာယ = ပတ်ဝန်းကျင် ၁၂ တောင် ဥပစာကို” ဟူသော ဋီကာကို ထောက်၍ “ရှေ့တည့်တည့်၌”ထိုင်လိုမှသာ ခွင့်ပန်ရမည်မဟုတ်သေး၊ ရဟန်း၏ ပတ်ဝန်းကျင် တဆယ့်နှစ်တောင် ဥပစာအတွင်း၌ ထိုင်လိုလျှင် “ထိုင်ပါ ရစေ”ဟု ခွင့်တောင်း၍ အခွင့်ရမှ ထိုင်ကောင်းသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး