မာတိကာသို့ ခုန်သွားရန်

ဖုန်းမြတ်

ဝီကီပီးဒီးယား မှ

ဖုန်းမြတ်
ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် (၂၀၂၆)
နယ်စပ်ရေးရာဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၀ ဧပြီ ၂၀၂၆
ခန့်အပ်သူဦးမင်းအောင်လှိုင်အစိုးရ
လက်ထောက်ဗိုလ်ချုပ် ကျော်စွာဦး
သမ္မတမင်းအောင်လှိုင်
ယခင်လူဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်
ပြည်ထဲရေးဝန်ကြီး
တာဝန်သက်တမ်း
၂၇ ဇန်နဝါရီ ၂၀၂၆  ၁၀ ဧပြီ ၂၀၂၆
လက်ထောက်ဗိုလ်ချုပ် မင်းသူ
ယခင်လူဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်
ဆက်ခံသူဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အဖွဲ့ဝင်
တာဝန်သက်တမ်း
၂၇ ဇန်နဝါရီ ၂၀၂၆  ၁၀ ဧပြီ ၂၀၂၆
ယခင်လူထွန်းထွန်းနောင်
ဆက်ခံသူကော်မရှင်ဖျက်သိမ်း
စစ်ရေးချုပ်
တာဝန်သက်တမ်း
၃၁ ဇူလိုင် ၂၀၂၅  ဇန်နဝါရီ ၂၀၂၆
ယခင်လူဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး
ဆက်ခံသူဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်း
အမှတ် (၅) စစ်ဆင်ရေး အထူးအဖွဲ့မှူး
တာဝန်သက်တမ်း
ဇန်နဝါရီ ၂၀၂၅  ၃၁ ဇူလိုင် ၂၀၂၅
ယခင်လူဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ
ဆက်ခံသူဒုတိယဗိုလ်ချုပ်ကြီး ဇော်မင်းလတ်
အမှတ် (၃) စစ်ဆင်ရေး အထူးအဖွဲ့မှူး
တာဝန်သက်တမ်း
မတ် ၂၀၂၁  ဇန်နဝါရီ ၂၀၂၅
ယခင်လူဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် []
ဒုတိယဝန်ကြီး
နယ်စပ်ရေးရာဝန်ကြီးဌာန
တာဝန်သက်တမ်း
၂၇ ဇူလိုင် ၂၀၂၀  ၂၅ ဖေဖော်ဝါရီ ၂၀၂၁
ယခင်လူဗိုလ်ချုပ် သန်းထွဋ် []
ဆက်ခံသူဗိုလ်ချုပ် ခွန်သန့်​ဇော်ထူး []
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်
တိုင်းမှူး
တာဝန်သက်တမ်း
၂၀၁၉  ၂၇ ဇူလိုင် ၂၀၂၀
ယခင်လူဗိုလ်မှူးချုပ် စိုးတင့်နိုင်
ဆက်ခံသူဗိုလ်ချုပ် ထင်လတ်ဦး
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၄
မြန်မာပြည်
နိုင်ငံသားမြန်မာ
ဆုတံဆိပ်များဇေယျကျော်ထင်ဘွဲ့
သရေစည်သူ (၂၀၂၆)
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (ကြည်း)
အမှုထမ်းကာလ၁၉၈၅ - ၂၀၂၅
ရာထူးဒုတိယဗိုလ်ချုပ်ကြီး
တပ်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)

ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် (၁၉၆၄ ဖွား)သည် လက်ရှိ နယ်စပ်ရေးရာဝန်ကြီး ဖြစ်သည်။ []ယင်းမတိုင်မီက ပြည်ထဲရေးဝန်ကြီး တာဝန်အပြင် တပ်မတော် တွင် စစ်ရေးချုပ်[] []အမှတ် (၃) စစ်ဆင်ရေး အထူးအဖွဲ့မှူး []အမှတ် (၅) စစ်ဆင်ရေးအထူးအဖွဲ့မှူး [] အဖြစ် ထမ်းဆောင်ခဲ့သည်။ထို့အပြင် ဦးဝင်းမြင့်အစိုးရ နှင့် စစ်ကောင်စီ တို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။[]

စစ်မှုထမ်းခြင်း

[ပြင်ဆင်ရန်]

သူသည် ဗိုလ်သင်တန်းကျောင်း OTS-အပတ်စဉ် ၇၃ ဆင်း ဖြစ်သည်။သူ၏ ပြန်တမ်းဝင် အမှတ်မှာ ကြည်း ၂၀၃၂၄ ဖြစ်သည်။

မြန်မာ့တပ်မတော်တွင် တာဝန်များအဆင့်ဆင့်ထမ်းဆောင်ပြီးနောက် ၂၀၁၆ ခုနှစ် ရှေ့ပိုင်းကာလ အစ သူ့အသက် ၅၀ အရွယ် တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး အဖြစ် တာဝန်ပေးခံရသည်။[၁၀] ယင်းနောက် ၂၀၁၇ ခုနှစ် တွင် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ၊ ၂၀၁၉ ခုနှစ်တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတာဝန် ထမ်းဆောင်သည်။[၁၁]

သူ့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် ၂၀၂၀ပြည့်နှစ် ဇူလိုင်လ ၂၇ ရက်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၏ အဆိုပြုချက်ဖြင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က ခန့်အပ်သည်။[၁၂]

ထိုတာဝန် ကို မြန်မာနိုင်ငံစစ်အာဏာစသိမ်းချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့ နောက်ပိုင်း [၁၃] ထမ်းဆောင်ပြီးနောက် နစက အမိန့်အမှတ် ၉၂/၂၀၂၁ ဖြင့် မူလစစ်ဘက် ဝတ္တရားများ ထမ်းဆောင်ရန် တပ်မတော်သို့ ပြောင်းရွှေ့သည်။

ယင်းနောက် သူသည် တပ်မတော် တွင် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်တိုးမြှင့်ခြင်းခံရသည်။ကထစ ၃ ဟု အတိုကောက် ခေါ်ဝေါ်သည့် ရခိုင်ပြည်နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နှင့် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ကေတုမတီမြို့ တွင် အခြေစိုက်သည့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အစရှိသော စစ်တိုင်းကြီး များကို တာဝန်ယူကြီးကြပ်ရသည့် အမှတ် (၃) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဖြစ်လာသည်။[၁၄]

ယင်းနောက် အမှတ် (၅) စစ်ဆင်ရေး အထူးအဖွဲ့မှူး (ခ) ကစထ(၅)မှူး အဖြစ် ပြောင်းရွှေ့တာဝန်ထမ်းသည်။[၁၅]

၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက် တွင် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး[၁၆] သည် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ အဖြစ်သို့ ပြောင်းရွှေ့ခန့်အပ်ခံရသည့်အတွက် လစ်လပ် စစ်ရေးချုပ် နေရာကို ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က ဆက်ခံခဲ့သည်။[၁၇] ယင်းနောက် ၂၀၂၆ ခုနှစ်၊ဇန်နဝါရီတွင် ၎င်း၏ စစ်ရေးချုပ်တာဝန်အား ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်းက လွဲပြောင်းတာဝန်ထမ်းဆောင်ခဲ့သည်။ [၁၈][၁၉]

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်အား စစ်ဘက်ဆိုင်ရာ မူလတာဝန်များသို့ ပြန်လည်ခန့်အပ်ခဲ့ပြီး၊ ၎င်း၏နေရာတွင် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်ကို ပြည်ထဲရေးဝန်ကြီးအဖြစ် အစားထိုးခန့်ထားသဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကောင်မရှင်အဖွဲ့ဝင်သစ် ဖြစ်လာသည်။ [၂၀]

ထို့နောက် ၂၀၂၆ ခုနှစ်၊ဧပြီ ၇ရက်တွင် နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရသူက နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီးအဖြစ် အမည်စာရင်းအား ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တင်သွင်းခံရသည်။၂၀၂၆ ခုနှစ် ဧပြီ ၁၀ရက်တွင် အဆိုပြုခံရသော ရာထူးကို စတင်ထမ်းဆောင်သည်။[၂၁]

ရရှိသောဆု

[ပြင်ဆင်ရန်]

၂၀၂၅ မြန်မာငလျင်အတွင်း ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့မှုကြောင့် ရုရှားနိုင်ငံသဘာဝဘေး အန္တရာယ်ကာကွယ်ရေးဆိုင်ရာဝန်ကြီးဌာန (EMERCOM) မှ ပေးအပ်သည့် ဂုဏ်ပြုအမှတ်တံဆိပ်ကို ၂၀၂၅ ခုနှစ်၊နိုဝင်ဘာ ၂၄ ရက်တွင် ရရှိခဲ့သည်။[၂၂] [၂၃]

၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၄၃/၂၀၂၆ ဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော သရေစည်သူဘွဲ့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးမြှင့်အပ်နှင်းခဲ့သည်။[၂၄]

အရေးယူပိတ်ဆို့ခံရမှု

[ပြင်ဆင်ရန်]

အမေရိကန် နှင့် ဥရောပသမဂ္ဂအဖွဲ့သည် ၎င်းအား ၂၀၂၁ခုနှစ် ဩဂုတ်လ နောက်ပိုင်းကစ၍ အရပ်သားများအား မြေပြင်နှင့် လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ရာဇဝတ်မှု နှင့် ရက်စက်ကြမ်းကြုတ်မှုများအား ပြင်းပြင်းထန်ထန် ကျူးလွန်ခဲ့ရာတွင် တာဝန်ရှိသူဟု စွပ်စွဲသတ်မှတ်ပြီး ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။ [၂၅] [၂၆]

ကိုးကား

[ပြင်ဆင်ရန်]
  1. တပ်မတော် စစ်ဆင်ရေး အထူးအဖွဲ့ မှူး ရာထူးများ အပြောင်းအလဲ ဖြစ် The Irrawaddy (၁၂ ဇူလိုင် ၂၀၁၉)။ ၂၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. ပြည်ထဲရေး ၊ ကာကွယ်ရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးများ ခန့်အပ် ဆင်ဟွာသတင်း (၃ မေ ၂၀၁၆)။ 21 April 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း MYANMAR NATIONAL PORTAL (၂၅ ဩဂုတ် ၂၀၂၁)။ 21 April 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရသူ အဆိုပြုတင်ပြသည့် ပြည်ထောင်စုဝန်ကြီး ၃၀ ဦး၏ အမည်စာရင်းအား လွှတ်တော်သို့တင်သွင်း (in my)။ 2026-04-07 တွင် ပြန်စစ်ပြီး။
  5. ၂၀၂၅ ခုနှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော် (ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ် MOI Myanmar (၁၀ စက်တင်ဘာ ၂၀၂၅)။ ၁၀ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  6. ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ လွှဲကြီးပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံ MOI Myanmar (၂၁ ဧပြီ ၂၀၂၄)။ ၂၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  7. လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများအား ဆန်၊ဆီ၊ ဆား၊ ပဲ စားသောက်ဖွယ်ရာများ ပေးအပ် CINCDS Myanmar (၁၅ မတ် ၂၀၂၁)။ ၂၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  8. ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် စစ်တွေတပ်နယ်၊ ပလက်ဝတပ်နယ်များရှိ နယ်မြေခံတပ်ရင်းများ၊ စာသင်ကျောင်းများ နှင့် နယ်မြေခံမြန်မာနိုင်ငံရဲတပ်ဖွဲ့ခွဲများသို့သွားရောက် ကြည့်ရှုစစ်ဆေး၍ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ် CINCDS Myanmar (၂၅ မေ ၂၀၂၃)။ ၂၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  9. နယ်စပ်ရေးရာ ဒုဝန်ကြီးသစ် အစားထိုးခန့်အပ် DVB (၂၈ ဇူလိုင် ၂၀၂၀)။ ၂၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  10. နိုင်ငံတော်သမ္မတရုံး အမိန်ကြော်ငြာစာ ၂၄/၂၀၁၆ ဂုဏ်ထူးဆောင်ဘွဲ့များအပ်နှင်းခြင်း ၂၀၁၆ခုနှစ် ဧပြီလ ၂၂ရက်နေ့ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်း (၁ မတ် ၂၀၁၆)။ ၂၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  11. တပ်မတော် စစ်တိုင်းမှူး ၂ ဦးကို အပြောင်းအလဲပြုလုပ် The Irrawaddy (၂၈ မေ ၂၀၁၉)။ ၂၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  12. ရခိုင် စစ်တိုင်းမှူး ဗိုလ်ချုပ် ဖုန်းမြတ် နယ်စပ်ရေးရာ ဒု-ဝန်ကြီး ဖြစ်လာ The Irrawaddy (၂၈ ဇူလိုင် ၂၀၂၀)။ ၂၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  13. နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ် နယ်စပ်ရေးရာဝန်ကြီးဌာန (၁၇ ဖေဖော်ဝါရီ ၂၀၂၁)။ 21 April 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  14. ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်ဦးဆောင်သောမြန်မာစစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒက္ကားတွင်တွေ့ဆုံ Narinjara News (၂၈ အောက်တိုဘာ ၂၀၂၂)။ ၂၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  15. နေပြည်တော်နဲ့ ရန်ကုန် စစ်ဆင်ရေးအထူးအဖွဲ့မှူးတွေ အပြောင်းအလဲဖြစ် BBC (၁၀ ဇန်နဝါရီ ၂၀၂၅)။ ၂ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  16. ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေး MWD Webportal (၃၁ ဇူလိုင် ၂၀၂၅)။ ၁ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  17. စစ်ခေါင်းဆောင်ဖြုတ်လိုက်တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ DVB (၁ ဩဂုတ် ၂၀၂၅)။ ၁ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  18. ဒုတိယဗိုလ်ချုပ်ကြီး ၆ ဦးနဲ့ ဗိုလ်ချုပ် ၁၀ ဦးကို အနားပေး BBC (၁၃ စက်တင်ဘာ ၂၀၂၅)။ ၂၄ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  19. ရွေးကောက်ပွဲအလွန်မှာ အရေးပါလာမယ့် ထိပ်တန်းစစ်ဗိုလ်ချုပ်တွေ BBC (၉ ဇန်နဝါရီ ၂၀၂၆)။ ၁၀ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
  20. ပြည်ထဲ​ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း​နောင်အား စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေပြီး ၎င်း၏​နေရာတွင် ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်အား ခန့်အပ် (in my)။ 2026-03-06 တွင် ပြန်စစ်ပြီး။
  21. တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကျင်းပ | Ministry Of Information (in en)။ 2026-04-10 တွင် ပြန်စစ်ပြီး။
  22. ငလျင်ကယ်ဆယ်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် မြန်မာနိုင်ငံ၊ကာကွယ်ရေးဝန်ကြီးဌာနမှကိုယ်စားလှယ်များအား ရုရှားနိုင်ငံ၊ လူထုကာကွယ်ရေး၊ အရေးပေါ်အခြေအနေများနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဝန်ကြီးဌာန (EMERCOM) မှ ချီးမြှင့်သည့် ဂုဏ်ပြုအမှတ် တံဆိပ် MWD Webportal (၂၅ နိုဝင်ဘာ ၂၀၂၅)။ ၂၆ နိုဝင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  23. ၂၀၂၅ ခုနှစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော် (ကြည်း၊ ရေ၊ လေ) ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ Myanmar Digital News (၁၇ နိုဝင်ဘာ ၂၀၂၅)။ ၂၆ နိုဝင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  24. ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း | Ministry Of Information (in en)။ 2026-03-02 တွင် ပြန်စစ်ပြီး။
  25. Phone Myat Sanctioned entity Open Sanctions 21 April 2024 တွင် ပြန်စစ်ပြီး။
  26. amending Decision 2013/184/CFSP concerning restrictive measures in view of the situation in Myanmar/Burma Official Journal of the European Union (8 November 2022)။ 21 April 2024 တွင် ပြန်စစ်ပြီး။