အဘိနိဝေသ
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
အဘိနိဝေသ သည် တံခါးတိုင်၊ ကျောက်စာတိုင်၊ မော်ကွန်းတိုင်များကဲ့သို့ မည်သည့်အကြောင်းနှင့်မျှ မလှုပ်မရှားနိုင်၊ ရွေ့မယိုင်သော ခိုင်မြဲစွာ စိုက်မြှုပ်တည်ထောင်ခြင်းကို ဆိုသည်။ အဘိနိဝေသသည် (၂) ပါးရှိသည်။ ၎င်း(၂)ပါးတို့မှာ
(၁) တဏှာဘိနိဝေသ
(၂) ဒိဋ္ဌာဘိနိဝေသ တို့ ဖြစ်ကြသည်။[၁]
တဏှာဘိနိဝေသ
[ပြင်ဆင်ရန်]မိမိကိုယ်ခန္ဓာကိုလည်းကောင်း၊ ကိုယ်ခန္ဓာ၏ အစိတ်ဖြစ်သော ဦးခေါင်း၊ လက်၊ ခြေ စသော အင်္ဂါကြီးစု၊ မျက်စိ၊ နား၊ နှာခေါင်း စသော အင်္ဂါငယ်စစုကို လည်းကောင်း၊ ငါ၏ ကိုယ်၊ ငါ၏ လက်၊ ငါ၏ ခြေ၊ ငါ၏ မျက်စိ၊ ငါ၏ နား အစရှိသည်ဖြင့် ဘဝအဆက်ဆက် မရွေ့မယိုင် အခိုင်အမြဲ သိမ်းပိုက်စွဲလမ်းမှုကြီးသည် တဏှာဘိနိဝေသ မည်သည်။[၁]
ဒိဋ္ဌိဘိနိဝေသ
[ပြင်ဆင်ရန်]သတ္တဝါတို့၏ ကိုယ်ခန္ဓာမှာ ပုဂ္ဂိုလ်သတ္တဝါ၏ အမာခံ အထည်ခံဖြစ်၍ အစဉ်အမြဲ ခိုင်မြဲသော အတ္တဟူသော အကြီးအမှူးသည် ရှိ၏။ ဇီဝဟူသော အချုပ်အထိန်းသည် ရှိ၏ဟု ဘဝအဆက်ဆက် မရွေ့မယိုင် အခိုင်အမြဲ မှတ်ယူစွဲလမ်းမှုကြီးသည် ဒိဋ္ဌာဘိနိဝေသ မည်သည်။
တဏှာဘိနိဝေသကို တဏှာနိဿယ၊ ဒိဋ္ဌိဘိနိဝေသကို ဒိဋ္ဌိနိဿယဟူ၍လည်း ခေါ်သည်။
ခန္ဓာငါးပါး၊ ရုပ်နာမ်တရားတို့၏ မှီခြင်းနှစ်ပါးဟူ၍လည်းကောင်း၊ ပုထုဇဉ်သတ္တဝါတို့၏ မှီရာဌာနကြီးနှစ်ပါးဟူ၍လည်ကောင်း ဆိုလိုသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]
ဤ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |