အဖြူကံ အမည်းကံ

ဝီကီပီးဒီးယား မှ

တနည်းကံသည်—

(၁) ကဏှကဏှဝိပါကကံ = ပြုလုပ်စဉ် မည်း၍ မည်းသော အကျိုးရှိသောကံ၊ အမည်းကံ၊ အမှောင်ကံ။

(၂) သုက္ကသုက္ကဝိပါကကံ = ပြုလုပ်စဉ်ဖြူစင်၍ ဖြူသောအကျိုးရှိသောကံ၊ အဖြူကံ၊ အလင်းကံ။

(၃)ကဏှသုက္က ကဏှသုက္ကဝိပါကကံ = ပြုလုပ်စဉ် အမည်းအဖြူရော၍ အမည်းအဖြူ ရောသော အကျိုးရှိသောကံ၊ အမည်းအဖြူ ကံ၊ အမှောင်အလင်းကံ။

(၄) အကဏှ အသုက္က အကဏှအသုက္က ဝိပါကကံ = ပြုလုပ်စဉ် အမည်းအဖြူမှ လွတ်၍ မမည်းမဖြူသော အကျိုးရှိသောကံ၊ မမည်းမဖြူသောကံ၊ မမှောင် မလင်းသောကံ။

ထိုတွင် (၁) အမည်းကံဟူသည် ကမ္မပထမြောက်သော အကုသိုလ်ကံတည်း၊ မည်းသော အကျိုးဟူသည် အပါယ်ဘုံ၌ဖြစ်ရခြင်း, လူ့ဘဝ၌ ဘုန်းနည်းခြင်း စသည်တည်း။

(၂) အဖြူကံဟူသည် ကမ္မပထမြောက်သော ကုသိုလ်ကံတည်း။ ဖြူသော အကျိုးဟူသည် နတ်ပြည်၌ ဖြစ်ရခြင်း, လူ့ဘဝ၌ဘုန်းကြီးခြင်း စသည်တည်း။

(၃) အမည်းအဖြူရောသော ကံဟူသည် ကုသိုလ် အကုသိုလ်ရောသော ကံတည်း၊ အမည်းအဖြူရောသောအကျိုးဟူသည် ဆင်းရဲချမ်းသာ ရောသောအကျိုးတည်း၊ ဥပမာ အကုသိုလ်ကံကြောင့် တိရစ္ဆာန်ဘုံတွင် မင်္ဂလာဆင်မျိုး၌ ဖြစ်၍ ကုသိုလ်ကံကြောင့် ပဝတ္တိအခါချမ်းသာကို ခံစားရခြင်း, ကုသိုလ်ကံကြောင့် မင်းမျိုး၌ ဖြစ်၍ အကုသိုလ်ကံကြောင့် ပဝတ္တိအခါ ဆင်းရဲကို ခံစားရခြင်းမျိုးကို အမည်းအဖြူ ရောသောအကျိုးဟု ဆိုသည်။

(၄) မမည်း မဖြူသောကံဟူသည် ကံကုန်ခြင်းကို ပြုတတ်သော မဂ်ဉာဏ် ၄-ပါးတည်း၊ မမည်းမဖြူ သောကံ၏ အကျိုးဟူသည် အလွန်စင်ကြယ် ဖိုလ်လေးပါးအကျိုးတည်း။ [၁] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. (မ၊၂၊၅၂။ အံ၊၁၊၅၅၃။ မ၊ဋ္ဌ၊၁၊၇၂-၇၃။ အံ၊ဋ္ဌ၊၂၊၃၉၀-၁။ အံ၊ဋီ၊၂၊၃၈၇။)
  2. တိပိဋကအဘိဓာန် အတွဲ-၅