ပဌမသဟဇီဝိနိသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ
(အဋ္ဌမသိက္ခာပုဒ်၊ ဂဗ္ဘနီဝဂ် မှ ပြန်ညွှန်းထားသည်)

အမှု—အတူတကွ အသက်မွေးနေထိုင်သော တပည့်မကို ၂-နှစ် လောက်မျှ မချီးမြှောက် မစောင့်ရှောက်မှု။

အမှုသည်—ထုလ္လနန္ဒာ။ [၁]

ထိုသို့ မစောင့်ရှောက်သဖြင့် တပည့်ဖြစ်သူသည် ဝိနည်းနှင် ဆိုင်ရာဝယ် နားမလည်ဘဲဖြစ်နေ၍ (“တပည့်မကောင်း ဆရာ့ခေါင်း” နှင့် အညီ) ဆရာမဖြစ်သူကို အခြားဘိက္ခုနီတို့က ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ သဟဇီဝိနိံ ဝုဋ္ဌာပေတွာ ဒွေ ဝဿာနိ နေဝ အနုဂ္ဂဏှေယျ န အနုဂ္ဂဏှာပေယျ, ပါစိတ္တိယံ။

မြန်မာပြန်[ပြင်ဆင်ရန်]

အတူတကွ အသက်မွေးလေ့ရှိ၍ “သဟဇီဝိနီ”မည်သော တပည့်မကို ဘိက္ခုနီအဖြစ်သို့ ထမြောက်စေပြီးနောက် ၂-နှစ်ပတ်လုံး ကိုယ်တိုင်လည်း မချီးမြှောက်, သူတစ်ပါးကိုလည်း မချီးမြှောက် စေသောဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏၊ အတူနေသောတပည့်မကို သဟဇီဝိနီ = သဒ္ဓိဝိဟာရိနီဟုခေါ်၏, သဟ = အတူတကွ+ ဇီဝိနီ-အသက်ရှည်လေ့ရှိသူ။

မှတ်ချက်[ပြင်ဆင်ရန်]

စာသင်ပေးခြင်း, ဆုံးမဩဝါဒပေးခြင်းကို “ချီးမြှောက်ခြင်း” ဟု ခေါ်၏။ ထိုချီးမြှောက်မှုကို ကိုယ်တိုင်တတ်နိုင်လျှင် ကိုယ်တိုင်ပြုရသည်၊ ကိုယ်တိုင်မတတ်နိုင်လျှင် တတ်နိုင်သူ့ထံ အပ်နှံ၍ ပြုပေးစေရသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး