ဒုတိယသိက္ခမာနနဝုဋ္ဌာပနသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ
(အဋ္ဌမသိက္ခာပုဒ်၊ ကုမာရီဘူတဝဂ် မှ ပြန်ညွှန်းထားသည်)

အမှု—ငါ့နောက်သို့ ၂-နှစ်ပတ်လုံး လိုက်နေလျှင် ဘိက္ခုနီပြုပေးမည်ဟု ဝန်ခံပြီးနောက် ထိုဝန်ခံချက် ပျက်ကွက်မှု။

အမှုသည်—ထုလ္လနန္ဒာ။[၁]

ထုလ္လနန္ဒာ၏ ဂတိမတည်မှု[ပြင်ဆင်ရန်]

သိက္ခမာန်တစ်ယောက်သည် ထုလ္လနန္ဒာအား ဘိက္ခုနီ ပြုပေးပါရန် တောင်းပန်လာ၏။ ထိုအခါ ထုလ္လနန္ဒာက ခု “ငါ့နောက်သို့ ၂-နှစ်ပတ်လုံးလိုက်၍ ပြုစုလုပ်ကျွေးမည် ဖြစ်လျှင် ဘိက္ခုနီပြုပေးမည်”ဟု ဝန်ခံပြီးနောက် တစ်စုံတရာ အန္တရာယ်မရှိပါဘဲ ပြုမပေးသည့်အတွက် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ သိက္ခမာနံ ‘‘သစေ မံ တွံ, အယျေ, ဒွေ ဝဿာနိ အနုဗန္ဓိဿသိ, ဧဝါဟံ တံ ဝုဋ္ဌာပေဿာမီ’’တိ ဝတွာ သာ ပစ္ဆာ အနန္တရာယိကိနီ နေဝ ဝုဋ္ဌာပေယျ, န ဝုဋ္ဌာပနာယ ဥဿုက္ကံ ကရေယျ, ပါစိတ္တိယံ။

မြန်မာပြန်[ပြင်ဆင်ရန်]

သိက္ခမာန်ကို “အကယ်၍ ငါ့နောက်သို့ ၂-နှစ်ပတ်လုံး လိုက်နေအံ့၊ ထိုသို့လိုက်နေလျှင် ငါသည် သင့်ကို ဘိက္ခုနီ ပြုပေး မည်”ဟု ပြောဆိုပြီး၍ နောက်အခါ တစ်စုံတရာ အန္တရာယ်မရှိပါဘဲ ကိုယ်တိုင်လည်း ရဟန်းပြုမပေးသော, သူတစ်ပါးတို့ကိုလည်း ပြုပေး ဖို့ရန် ကြောင့်ကြမစိုက်သော ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး