မာတိကာသို့ ခုန်သွားရန်

အညမညပစ္စည်း

ဝီကီပီးဒီးယား မှ

[] အချင်းချင်း-တစ်ခုသည်တစ်ခုအား-ဖြစ်စေခြင်း ထောက်ပံ့ခြင်း၏ အဖြစ်ဖြင့် ကျေးဇူးပြုသောတရား။ [][]

အညမညသတ္တိ

[ပြင်ဆင်ရန်]

ခြေထောက်သုံးချောင်းဖြင့် ပြုလုပ်ထားအပ်သော ခုံကလေး၌ ခြေထောက်သုံးချောင်းသည် အချင်းချင်း ကျေးဇူးပြုကာ တချောင်းကျိုးလျှင် အခြားနှစ်ချောင်းဖြင့် မထောက်နိုင် မတည်နိုင်သကဲ့သို့ တကွဖြစ်ဘက်တရားချင်း (ကျေးဇူးခံ ကျေးဇူးစား အနေအားဖြင့်) ကျေးဇူးပြုစွမ်းနိုင်သော သတ္တိသည် အညမညသတ္တိမည်၏။

[]

ပစ္စည်း ပစ္စယုပ္ပန် ပစ္စနိက်
စိတ် ၈၉၊ စေ ၅၂ စိတ် ၈၉၊ စေ ၅၂ နာမက္ခန္ဓာမှ ထောက်အပ်သော

စိတ္တဇရုပ်

မဟာဘုတ် ၄ ပါး မဟာဘုတ် ၄ ပါး မဟာဘုတ်မှ ထောက်အပ်သော

ဥပါဒါရုပ်

ပဉ္စဝေါကာရပဋိသန္ဓေနာမက္ခန္ဓာ

ဟဒယဝတ္ထု

ပဉ္စဝေါကာရပဋိသန္ဓေနာမက္ခန္ဓာ

ဟဒယဝတ္ထု

ဟဒယဝတ္ထုမှတပါး

ကမ္မဇရုပ်

ပစ္စနိက်

[ပြင်ဆင်ရန်]

၁။ ဝီထိအစဉ်၌ စိတ် စေတသိက် စိတ္တဇရုပ် ဖြစ်ကြရာတွင် စိတ်စေတသိက်ဟူသော နာမ်ခန္ဓာလေးပါးသည် တပါးအကြောင်း သုံးပါး အကျိုးစသည်ဖြင့် အကြောင်းအကျိုး အပြန်အလှန် အညမညသဘောဖြင့် နေနိုင်သော်လည်း စိတ္တဇရုပ်မှာ အပြန်အလှန် မနေနိုင်။ သို့ဖြစ်၍ စိတ္တဇရုပ်တို့သည် နာမ်တရားတို့ အညမည သဘောထောက်က ပစ္စနိက်ဖြစ်ရလေသည်။

၂။ ရုပ်ကလာပ်စည်းများ ဖြစ်လေတိုင်း ကလာပ်စည်းအတွင်းရှိ မဟာဘုတ်လေးပါးသည် တပါးအကြောင်း သုံးပါးအကျိုး စသည်ဖြင့် အကြောင်းအကျိုး အပြန်အလှန် အညမည သဘောဖြင့် နေနိုင်သော်လည်း ဥပါဒါရုပ်များမှာ မနေနိုင်။ သို့ဖြစ်၍ ဥပါဒါရုပ်တို့သည် မဟာဘုတ်တရားတို့ အညမည သဘောထောက်က ပစ္စနိက်ဖြစ်ရလေသည်။

၃။ ဘဝအစ ပဋိသန္ဓေစိတ်+စေတသိက်နှင့် ဟဒယဝတ္ထုကလာပ်စည်း ဖြစ်ကြရာတွင် စိတ်စေတသိက်နှင့် ဟဒယဝတ္ထုကလာပ်စည်းအတွင်းရှိ ဟဒယဝတ္ထုသည် အကြောင်းအကျိုး အပြန်အလှန် အညမည သဘောဖြင့် နေနိုင်သော်လည်း ဟဒယဝတ္ထုကလာပ်စည်းအတွင်းရှိ ကျန်ကမ္မဇရုပ်များသည် မနေနိုင်။ သို့ဖြစ်၍ ဟဒယဝတ္ထုမှတပါး ကမ္မဇရုပ်တို့သည် ပဋိသန္ဓေစိတ်+စေတသိက်နှင့် ဟဒယဝတ္ထုတို့၏ အညမည သဘောထောက်က ပစ္စနိက်ဖြစ်ရလေသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. အညမညပစ္စယ (ပု) [အညမည+ပစ္စယ]
  2. အညမညပစ္စယော။ ပဋ္ဌာန၊၁၊၁။ သဟဇာတပစ္စယာ ဟောန္တိ၊ အညမညပစ္စယာ ဟောန္တိ။ ပဋိသံ၊၂၄၅။ အညမညံ ဥပ္ပါဒနုပတ္ထမ္ဘနဘာဝေန ဥပကာရကော ဓမ္မော အညမညပစ္စယော အညမညူပတ္ထမ္ဘကံ တိဒဏ္ဍံ ဝိယ။ အဘိ၊ဋ္ဌ၊၃၊၃၄၇။ အညမညပစ္စယာ ဟောန္တီတိ အညမညံ ဥပ္ပါဒနုပတ္ထမ္ဘနဘာဝေန ဥပကာရကာ ဟောန္တိ အညမညူပတ္ထမ္ဘကံ တိဒဏ္ဍ ဝိယ၊ ပဋိသံ၊ဋ္ဌ၊၂၊၁၆၁။
  3. တိပိဋကအဘိဓာန် အတွဲ-၁
  4. ဆရာတော် ဦးဂရုဓမ္မ။ ကုသလကာရီ ပဋ္ဌာန်းပဉှာဝါရ ပို့ချချက်