အစ်ထရီယမ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

အက်ထရီယမ်သည် မြေရှားဒြဗ်စင်မဟုတ် သော်လည်း သဘာဝတွင် မြေရှားဒြဗ်စင်များနှင့် အတူတွေ့ရှိရ သောကြောင့်တစ်ကြောင်း၊ ရှားပါးသောဓာတ်မြေတို့ကို တစ်ခုစီ ခွဲထုတ်ရာတွင် အစ်ထရီယမ်ကိုပါ ဖယ်ရှားထုတ်ပစ်ရသော ကြောင့်တစ်ကြောင်း ဤဒြဗ်စင်ကို မြေရှားဒြဗ်စင်စာရင်းတွင် သွင်းထားသည်။ ဤသို့ခွဲထုတ်ရာတွင် ဆိုဒီယမ်နှစ်ထပ်ဒြဗ် ပေါင်းတို့၏ပျော်ဝင်ကိန်းကို အခြေပြု၍ အစ်ထရီယမ်ဓာတ်မြေ ဟု ခွဲထုတ်ယူရသည်။


အစ်ထရီယမ်အောက်ဆိုက်ကို ခရစ် ၁၇၉၄ ခုနှစ်တွင် ဂက်ဒိုလင်ဆိုသူက ပထမတွေ့ရှိခဲ့၍ ၁၈၄၃ ခုနှစ်တွင် မိုစင်ဒါ ဆိုသူက ဒြဗ်စင်ကိ်ု ခွဲထုတ်ရရှိခဲ့သည်။ ဤဒြဗ်စင်၏အမည်မှာ မြေရှားဒြဗ်စင်များ ထုတ်ယူရရှိသည့် တာဗီယာနှင့် အာဗီယာ တွေ့ရှိရာ အစ်တာဗီရွာကို အစွဲပြုပြီးလျှင် မှည့်ခေါ်ထားခြင်း ဖြစ်သည်။


အစ်ထရီယမ်ကို အထူးသဖြင့် အစ်ထရီယမ်ဓာတ်မြေ အစုဖြင့် ကြွယ်ဝသော ရက်ဒိုလင်နိုက်နှင့် မိုနာဇိုက်သဲတွင် တွေ့ရှိရသည်။ အစ်ထရီယမ်၏ အက်တမ်ကိန်း (အက်တမ် နံပါတ်စဉ်) မှာ ၃၉ ဖြစ်၍ အက်တမ်အလေးဆမှာ ၈၈.၉ ဖြစ်ပြီးလျှင် သင်္ကေတသည် ၌ ဖြစ်သည်။ ဤဒြဗ်စင်ကို ရရှိလိ်ုသောအခါ ကလိုရိုက်ဒြပ်ပေါင်းကို ပိုတက်ဆီယမ်ဖြင့် အပူတိုက်ပေးရသည်။ သံရောင်ရှိသောအမှုန့်ဖြစ်၍ သိပ်သည်း ဆ ၄.၅ ရှိသည်။ စင်တီဂရိတ်အပူချိန် ၁၂၅ဝ ဒီဂရီတွင် အရည်ပျော်သည်။ လေထဲတွင်ထားသောအခါ အောက်ဆီဂျင်နှင့် ပေါင်းစပ်သွားသည်။ ဆူနေသောရေဖြင့် တွေ့ထိသောအခါ ဓာတ်ပြောင်းသွား၏။ အောက်ဆိုက်သည် အဖြူရောင်ဖြစ်၍ လေထဲမှကာဗွန်းဒိုင်အောက်ဆိုဒ်ကိုစုပ်ယူနိုင်သည်။ အစ်ထရီယမ် ဆားများတွင် အရောင်ကင်းမဲ့၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)