သံခိတ္တသုတ်၊ ဗလဝဂ်

ဝီကီပီးဒီးယား မှ

သံခိတ္တသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် အားငါးမျိုးတို့ကို ဟောကြားတော်မူခဲ့သည်။[၁]

သံခိတ္တသုတ်[ပြင်ဆင်ရန်]

ရဟန်းတို့ အားတို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်း ဟူမူ -

  • ယုံကြည်မှု ‘သဒ္ဓါ’ အား။
  • အားထုတ်မှု ‘ဝီရိယ’ အား။
  • အောက်မေ့မှု ‘သတိ’ အား။
  • တည်ကြည်မှု ‘သမာဓိ’ အား။
  • သိမှု ‘ပညာ’ အား တို့တည်း။

ရဟန်းတို့ အားတို့သည် ဤငါးမျိုးတို့တည်း ဟု(မိန့်တော်မူ၏)။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ အင်္ဂုတ္တရနိကာယ်ဝင် သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စကနိပါတ်၊ ပဌမပဏ္ဏာသက - ပဌမသုတ်ငါးဆယ်၊ ၂-ဗလဝဂ်၊ ၃- သံခိတ္တသုတ် (တတိယအကြိမ် ed.)။ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်။ ၁၉၉၈။