သာရမ္ဘဇာတ်

ဝီကီပီးဒီးယား မှ

ဧကကနိပါတ် - ၉။ အပါယိမှဝဂ် -၈၈ - သာရမ္ဘဇာတ်။ ။ ကောင်းသောစကားကိုဆိုကာ သာရမ္ဘနွားလားအား ဝန်ကိုရုန်းစေသဖြင့် အနိုင်ရရှိသော ပုဏ္ဏားအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

[ဤဇာတ်၌ ပစ္စုပ္ပန်ဝတ္ထု၊ အတိတ်ဝတ္ထုတို့သည် ပြဆိုခဲ့ပြီးသော နန္ဒိဝိသာလဇာတ်နှင့် တူကုန်၏]

ကောင်းမှုပြုလျှင် ကောင်းကျိုးထင်[ပြင်ဆင်ရန်]

ဤသာရမ္ဘဇာတ်၌ကား - ဘုရားအလောင်းသည် ဂန္ဓာရတိုင်း တက္ကသိုလ်ပြည်ဝယ် ပုဏ္ဏားတစ်ယောက်၏ သာရမ္ဘ မည်သောနွား ဖြစ်လေ၏။ ဤမျှသာ ထူးသည်။

မြတ်စွာဘုရားသည် အတိတ်ဝတ္ထုကို ဟောတော်မူပြီးလျှင် ဘုရား ဖြစ်တော်မူသောအခါ၌ -

“ရဟန်းတို့ ... ကောင်းသော စကားကိုသာ ဆိုရမည်၊ မကောင်းသော စကားကို မဆိုရာ။ ကောင်းသော စကားကို ဆိုခြင်းသာ ကောင်း၏၊ မကောင်းသော စကားကို ဆိုခြင်းကား စိုးရိမ်ပူပန်ရ၏” – ဟု ဟောတော်မူ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ပုဏ္ဏားသည် - ယခုအခါ အာနန္ဒာ။

ပုဏ္ဏေးမသည် - ဥပ္ပလဝဏ်။

သာရမ္ဘနွားသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) ကောင်းသည့်စကား၊ ဆိုတတ်ငြား၊ မမှားကောင်းသည်ပ။

(၂) မကောင်းစကား၊ ဆိုတတ်ငြား၊ မမှားပူပန်ရ။

သာရမ္ဘဇာတ်ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ