မာတိကာသို့ ခုန်သွားရန်

သာမိသ ဒုက္ခဝေဒနာ

ဝီကီပီးဒီးယား မှ

ဂေဟသိတ ဒေါမနဿဝေဒနာကိုပင် သာမိသ ဒုက္ခဝေဒနာဟု ခေါ်ပါသည်။

ဂေဟသိ ဒေါမနဿ ဝေဒနာ

[ပြင်ဆင်ရန်]
  1. စက္ခုဝိညာဏ်ဖြင့် သိမြင်အပ်ကုန်သော,
  2. သောတဝိညာဏ်ဖြင့် ကြားသိအပ်ကုန်သော,
  3. ဃာနဝိညာဏ်ဖြင့် နံသိအပ်ကုန်သော,
  4. ဇိဝှါဝိညာဏ်ဖြင့် လျက်သိအပ်ကုန်သော,
  5. ကာယဝိညာဏ်ဖြင့် ထိသိအပ်ကုန်သော,
  6. မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော -

အလိုရှိအပ် ရှာမှီးအပ်ကုန်သော, နှစ်သက်အပ်ကုန်သော, မြတ်နိုးအပ်ကုန်သော = စိတ်နှလုံးကို တိုးပွားစေ တတ်ကုန်သော, စိတ်နှလုံး၏ မွေ့လျော်ရာ ဖြစ်ကုန်သော = စိတ်ကို မွေ့လျော်စေတတ်ကုန်သော, လောကာမိသ = လောက၏ အာမိသ အမည်ရသော တဏှာနှင့် စပ်ယှဉ်ကုန်သော (ရူပါရုံတို့ကို, သဒ္ဒါရုံတို့ကို, ဂန္ဓာရုံတို့ကို, ရသာရုံတို့ကို, ဖောဋ္ဌဗ္ဗာရုံတို့ကို) ဓမ္မာရုံတို့ကို မရရှိခြင်းကြောင့် မရရှိထားအပ်သော (ရူပါရုံကို, သဒ္ဒါရုံကို, ဂန္ဓာရုံ ကို, ရသာရုံကို, ဖောဋ္ဌဗ္ဗာရုံကို) ဓမ္မာရုံကို အဖန်ဖန် အထပ်ထပ် ကြိမ်ဖန်များစွာ ရှုနေသော ပုဂ္ဂိုလ်၏ သန္တာန် ၌လည်းကောင်း, ရှေးရှေး၌ လွန်ခဲ့လေပြီးသော ချုပ်ဆုံးခဲ့လေပြီးသော ဖောက်ပြန် ပျက်စီးလေပြီးသော မရ အပ်ခဲ့ဖူးသော (ရူပါရုံကို။ ပ ။ ဖောဋ္ဌဗ္ဗာရုံကို) ဓမ္မာရုံကို အဖန်ဖန် အောက်မေ့သတိရသောသူ၏ သန္တာန်၌ လည်းကောင်း စိတ်မချမ်းသာခြင်း ဒေါမနဿဝေဒနာသည် ဖြစ်ပေါ်လာ၏။ ဤသို့ သဘောရှိသော စိတ်မချမ်း သာမှု ဒေါမနဿဝေဒနာကို ဂေဟသိတ ဒေါမနဿဝေဒနာဟူ၍ ခေါ်ဆိုအပ်၏။ ဤသည်တို့ကား (၆)မျိုး ကုန်သော ဂေဟသိတ ဒေါမနဿဝေဒနာတို့တည်း။ [][]

ယင်းဂေဟသိတ ဒေါမနဿဝေဒနာကိုပင် သာမိသ ဒုက္ခဝေဒနာဟု ခေါ်၏။ မမှီဝဲအပ်သော တရားတည်း။ ယင်းသာမိသ ဒုက္ခဝေဒနာကို သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ---

၁။ မရရှိသဖြင့် စိတ်မချမ်းမသာ ဖြစ်နေသော အာရုံ (၆)မျိုးတို့တွင် တစ်မျိုးစီကို အသီးအသီး အာရုံယူ၍ လည်းကောင်း,

၂။ အတိတ်က မရခဲ့ဖူးသဖြင့် စိတ်မချမ်းမသာ ဖြစ်ဖူးသော အာရုံ (၆)မျိုးတို့တွင် တစ်မျိုးစီကို အသီးအသီး အာရုံယူ၍လည်းကောင်း ---

သိမ်းဆည်း ရှုပွားနိုင်သည်။ ထိုသို့ ရှုရာ၌ ဒုက္ခ = ဒေါမနဿဝေဒနာကို အဦးမူသဖြင့် ဒေါမနဿဝေဒနာ ပါဝင်သည့် ဒေါသမူစိတ်နှင့် ယှဉ်သော နာမ်တရားစုတို့ကိုလည်းကောင်း, ယင်းနာမ်တရားတို့၏ မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်တို့ကိုလည်းကောင်း သိမ်းဆည်းရှုပွားပါ။ ထိုသို့ သိမ်းဆည်းနိုင်ခဲ့သော် သာမိသ ဒုက္ခဝေဒနာကို ခံစား လတ်သော် သာမိသ ဒုက္ခဝေဒနာကို ကွဲကွဲပြားပြား သိသည် မည်၏။

အတိတ်၌ ဒေါမနဿဖြစ်ပုံ

[ပြင်ဆင်ရန်]

သန္တတိပစ္စုပ္ပန် ဖြစ်သော အာရုံ (၆)ပါးကို လိုလားတောင့်တ၍ မရရှိသောသူ၏ သန္တာန်၌ မရရှိခြင်း ကြောင့် စိတ်မချမ်းသာခြင်း = ဒေါမနဿတရားသည် ဖြစ်စေဦးတော့၊ အတိတ်ဖြစ်သော အာရုံ (၆)ပါး၌ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် စိတ်မချမ်းသာခြင်း = ဒေါမနဿဝေဒနာတရားသည် ထင်ရှားဖြစ်လာနိုင် ပါသနည်းဟု မေးရန်ရှိ၏။ အဖြေမှာ ဤသို့ဖြစ်၏ --- ငါသည် ယခုအခါ၌ ဣဋ္ဌာရုံကို လိုလားတောင့်တ၍ မရ ရှိနိုင်သကဲ့သို့, အလားတူပင် ရှေးယခင်၌လည်း ဣဋ္ဌာရုံကို လိုလားတောင့်တ၍ မရခဲ့ဖူးလေပြီဟု ပစ္စုပ္ပန်၌ တောင့်တသဖြင့် မရရှိနိုင်သော ဣဋ္ဌာရုံကို ပိုင်းခြားယူခြင်းကို အစဉ်လျှောက်သဖြင့် အတိတ်၌ တောင့်တသဖြင့် မရရှိခဲ့သော ဣဋ္ဌာရုံကို အစဉ်လျှောက်၍ အောက်မေ့ သတိရသော ပုဂ္ဂိုလ်၏ သန္တာန်၌ အားကောင်းသည့် စိတ်မချမ်းသာမှု ဒေါမနဿဝေဒနာသည် ဖြစ်ပေါ်လာပေ၏။ [][]

ကိုးကား

[ပြင်ဆင်ရန်]
  1. တတ္ထ ကတမာနိ ဆ ဂေဟသိတာနိ ဒေါမနဿာနိ။ စက္ခုဝိညေယျာနံ ရူပါနံ။ ပ ။ သောတဝိညေယျာနံ သဒ္ဒါနံ။ ဃာနဝိညေယျာနံ ဂန္ဓာနံ။ ဇိဝှါဝိညေယျာနံ ရသာနံ။ ကာယဝိညေယျာနံ ဖောဋ္ဌဗ္ဗာနံ။ မနောဝိညေယျာနံ ဓမ္မာနံ ဣဋ္ဌာနံ ကန္တာနံ မနာပါနံ မနောရမာနံ လောကာမိသပဋိသံယုတ္တာနံ အပ္ပဋိလာဘံ ဝါ အပ္ပဋိလာဘတော သမနုပဿတော ပုဗ္ဗေ ဝါ အပ္ပဋိလဒ္ဓပုဗ္ဗံ အတီတံ နိရုဒ္ဓံ ဝိပရိဏတံ သမနုဿရတော ဥပ္ပဇ္ဇတိ ဒေါမနဿံ။ ယံ ဧဝရူပံ ဒေါမနဿံ၊ ဣဒံ ဝုစ္စတိ ဂေဟသိတံ ဒေါမနဿံ။ ဣမာနိ ဆ ဂေဟသိတာနိ ဒေါမနဿာနိ။ (မ၊၃၊၂၆၀-၂၆၁။)
  2. ၂.၀ ၂.၁ နိဗ္ဗာနဂါမိနိပဋိပဒါ - ဒုတိယတွဲ - ဖားအောက်တောရဆရာတော်
  3. အတီတန္တိ ပစ္စုပ္ပန္နံ တာဝ ပတ္ထေတွာ အလဘန္တဿ ဒေါမနဿံ ဥပ္ပဇ္ဇတု၊ အတီတေ ကထံ ဥပ္ပဇ္ဇတီတိ။ အတီတေပိ ယထာဟံ ဧတရဟိ ဣဋ္ဌာရမ္မဏံ ပတ္ထေတွာ န လဘာမိ၊ ဧဝံ ပုဗ္ဗေပိ ပတ္ထေတွာ န လဘိန္တိ အနုဿရန္တဿ ဗလဝဒေါမနဿံ ဥပ္ပဇ္ဇတိ။ (မ၊ဋ္ဌ၊၄၊၁၈၆။) ပစ္စုပ္ပန္နန္တိ သန္တတိပစ္စုပ္ပန္နံ။ (မ၊ဋီ၊၃၊၃၈၃။)