ပဌမသိက္ခမာနနဝုဋ္ဌာပနသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ
(သတ္တမသိက္ခာပုဒ်၊ ကုမာရီဘူတဝဂ် မှ ပြန်ညွှန်းထားသည်)

အမှု—ငါ့အား သင်္ကန်းပေးလျှင် ဘိက္ခုနီပြုပေးမည်ဟု ဝန်ခံပြီးနောက် ထိုဝန်ခံချက် ပျက်ကွက်မှု။

အမှုသည်—ထုလ္လနန္ဒာ။ [၁]

ထုလ္လနန္ဒာ၏ ပျက်ကွက်မှု[ပြင်ဆင်ရန်]

ထုလ္လနန္ဒာသည် သိက္ခမာန်တစ်ယောက်က ဘိက္ခုနီ ပြုပေးပါရန် တောင်းပန်လာသောအခါ “သင်က ငါ့အား သင်္ကန်းပေးလျှင် ဥပဇ္ဈာယ်လုပ်၍ သင့်ကို ဘိက္ခုနီပြုပေး မည်”ဟု ဝန်ခံပြီးနောက် ရဟန်းပြုပေးဖို့ မဖြစ်နိုင် လောက်သော အန္တရာယ်မရှိပါဘဲ ကိုယ်တိုင်လည်းရဟန်းပြုမပေး, သူတစ်ပါးကို ပြုပေးစေ ဖို့ရန် ကြောင့်ကြမစိုက်သောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ သိက္ခမာနံ ‘‘သစေ မေ တွံ, အယျေ, စီဝရံ ဒဿသိ, ဧဝါဟံ တံ ဝုဋ္ဌာပေဿာမီ’’တိ ဝတွာ သာ ပစ္ဆာ အနန္တရာယိကိနီ နေဝ ဝုဋ္ဌာပေယျ, န ဝုဋ္ဌာပနာယ ဥဿုက္ကံ ကရေယျ, ပါစိတ္တိယံ။

မြန်မာပြန်[ပြင်ဆင်ရန်]

သိက္ခမာန်ကို “အကယ်၍ ငါ့အား သင်္ကန်းပေးအံ့၊ ထိုသို့ ပေးလျင် ငါ သင့်ကို ဘိက္ခုနီအဖြစ်ရောက်အောင် ထမြောက်စေမည် (ဘိက္ခုနီပြုပေးမည်) ဟု ပြောဆိုပြီး၍ နောက်အခါ တစ်စုံတရာ အန္တရာယ်မရှိပါဘဲ ကိုယ်တိုင်လည်း ရဟန်းပြုမပေးသော, သူတစ်ပါးကိုလည်း ပြုပေးဖို့ရန် ကြောင့်ကြမစိုက်သော ဘိက္ခုနီမှာ ပါစိတ် အာပတ်သင့်၏။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး