ဝိပဿနာဉာဏ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
![]() |
ဝိပဿနာဉာဏ် ဆိုသည်မှာ ဝိပဿနာတရားအားထုတ်ရာတွင် ဖြစ်ပေါ်လာသည့် ဉာဏ် ဖြစ်သည်။ ဝိပဿနာဉာဏ်သည် ၁၀ ပါးရှိသည်။[၁]
ဝိပဿနာဉာဏ် ၁၀ ပါး[ပြင်ဆင်ရန်]
ဝိပဿနာဉာဏ် ၁၀ ပါးတို့မှာ အောက်ပါတို့ ဖြစ်ကြသည်။
၁။ သမ္မသနဉာဏ်
၂။ ဥဒယဗ္ဗယဉာဏ်
၃။ ဘင်္ဂဉာဏ်
၄။ ဘယဉာဏ်
၅။ အာဒိနဝဉာဏ်
၆။ နိဗ္ဗဒါဉာဏ်
၇။ မုစ္စိတုကမျတာဉာဏ်
၈။ ပဋိသင်္ခါဉာဏ်
၉။ သင်္ခါရုပေက္ခာဉာဏ်
၁၀။ အနုလောမဉာဏ်[၁]
၁။ သမ္မသနဉာဏ်[ပြင်ဆင်ရန်]
ခပ်သိမ်းသောရုပ်နာမ်တရားတို့ကို ခန္ဓာငါးပါးစသည် စုပုံဖွဲ့စည်းကာ လက္ခဏာရေးသုံးပါးတင်၍ အဖန်ဖန် အထပ်ထပ် သုံးသပ်သောဉာဏ်သည် သမ္မသနဉာဏ် မည်၏။[၁]
၂။ ဥဒယဗ္ဗယဉာဏ်[ပြင်ဆင်ရန်]
ဦးခေါင်း, ခြေ, လက်, မျက်နှာသဏ္ဌာန် စသည်တို့၏ ခဏချင်းဖြစ်ပေါ်မှု, ခဏချင်းပျက်ကွက်မှု, ထင်လင်းအောင် အစုအခဲအားဖြင့် ဖြစ်မှု, ပျက်မှုကို အစုံစုံရှုသောဉာဏ်သည် ဥဒယဗ္ဗယဉာဏ် မည်၏။[၁]
၃။ ဘင်္ဂဉာဏ်[ပြင်ဆင်ရန်]
အဖြစ်အပျက် ၂-ပါးတွင် အဖြစ်ကား မြင်လွယ်၏၊ အပျက်ကား မြင်ခဲ၏၊ လိုရင်းလည်း ဖြစ်၏။ ထို့ကြောင့် အဖြစ်ကို လွှတ်၍ အပျက်သက်သက်ကို ရှုသောဉာဏ်သည် ဘင်္ဂဉာဏ် မည်၏။[၁]
၄။ ဘယဉာဏ်[ပြင်ဆင်ရန်]
ရုပ်နာမ်ဓမ္မသင်္ခါရတို့၏ ပျက်ပုံ, အနိစ္စသဘောကို ထင်မြင်သောအခါ ပျက်ခြင်းနှင့်တကွဖြစ်သော ရုပ်နာမ်တရားတို့၏ အပေါ်၌ သေမင်းကြီးတမျှ ကြောက်လန့်လှသော ဉာဏ်သည် ဘယဉာဏ် မည်၏။[၁]
၅။ အာဒိနဝဉာဏ်[ပြင်ဆင်ရန်]
ကြောက်ဖွယ်လန့်ဖွယ်ဟူ၍ ထင်မြင်လာသည်ရှိသော် ဘေးဘယမျိုးဖြစ်သော ရုပ်ဆိုးနာမ်ဆိုး၌ အားကိုးရာမရှိ၊ အပြစ်အတိပါတကားဟု ရှုဆင်ခြင်သော ဉာဏ်သည် အဒိနဝဉာဏ် မည်၏။[၁]
၆။ နိဗ္ဗဒါဉာဏ်[ပြင်ဆင်ရန်]
အားကိုးရာမရှိ၊ အပြစ်အတိသာဟု ထင်မြင်သောအခါ ရုပ်နာမ်ဓမ္မသင်္ခါရတို့၌ မပျော်မွေ့ငြီးငွေ့လှသော အနေဖြင့် ရှုဆင်ခြင်သော ဉာဏ်သည် နိဗ္ဗိဒါဉာဏ် မည်၏။[၁]
၇။ မုစ္စိတုကမျတာဉာဏ်[ပြင်ဆင်ရန်]
မပျော်မမွေ့ငြီးငွေ့လှသောအခါ၌ သင်္ခါရနယ်အတွင်းမှ အတင်းထွက်မြောက်လိုသောဉာဏ်သည် မုစ္စိတုကမျတာဉာဏ် မည်၏။[၁]
၈။ ပဋိသင်္ခါဉာဏ်[ပြင်ဆင်ရန်]
အလွန်တရာ လွတ်လိုလှ၍ လွတ်ခွင့်ရတဲ့ခြင်းငှါ ဘာဝနာ ၄၀ တို့ဖြင့် အကျယ်တဝင့် အပြင်းဆင်ခြင်၍ အားထုတ်မှု ရှုသောဉာဏ်သည် ပဋိသင်္ခါဉာဏ် မည်၏။[၁]
၉။ သင်္ခါရုပေက္ခာဉာဏ်[ပြင်ဆင်ရန်]
ဘာဝနာ ၄၀-တို့ဖြင့် အကျယ်တဝင့် အပြင်းအထန် အားထုတ်သောအခါ ဝိပဿနာဉာဏ် ထက်သန်၍ ရုပ်နာမ်ဓမ္မသင်္ခါရတို့၌ မုန်းချစ်မပြု လျစ်လျူရှုသောဉာဏ်သည် သင်္ခါရုပေက္ခာဉာဏ် မည်၏။[၁]
၁၀။ အနုလောမဉာဏ်[ပြင်ဆင်ရန်]
ဝိပဿနာဉာဏ် ရင့်သန်ထက်မြက်လေသဖြင့် မဂ် ၄-ခု ပေါ်အောင် နှိုးဆောင်ဘိသည့်ပမာ လွန်စွာ မဂ် ၄-ခုတို့နှင့်လျော်သော ဉာဏ်သည် အနုလောမဉာဏ် မည်၏။ (ဂဟေအစပ်ကောင်းလှသောဉာဏ် - ဟူလို) [၁]
မှတ်သားရန်[ပြင်ဆင်ရန်]
ဝိပဿနာဉာဏ် ၁၀ ပါးတွင် သမ္မသနဉာဏ်, ဥဒယဗ္ဗယဉာဏ်, ဘင်္ဂဉာဏ်၊ ဤဉာဏ် သုံးပါးသည် တီရဏပရိညာ မည်၏။[၁]