အောင်မြတ်၊ ဦး (ဝန်းသိုစော်ဘွားကြီး)
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |
ဝန်းသိုစော်ဘွားကြီး စဝ်အောင်မြတ် (ဗမာ သက္ကရာဇ် ၁၂၂၃ - ၁၃၂၆) သည် ဗြိတိသျှကိုလိုနီ လွတ်လပ်ရေးအတွက် ပထမဆုံးတော်လှန်ရေးရှမ်းစော်ဘွား တစ်ဦးဖြစ်ပြီး အမည်ရင်းမှာ စဝ်အောင်မြတ်ဖြစ်သည်။ (ဝိန်းဆေ စဝ်ဖှ) စဝ်အောင်မြတ်ဟူ၍လည်း ခေါ်သည်။
ငယ်ဘဝ
[ပြင်ဆင်ရန်]ဦးအောင်မြတ်ကို ၁၂၂၃ ခုနှစ် တပို့တွဲလဆန်း ၁၁ ရက် တနင်္ဂနွေနေ့ မွန်းတည့်အချိန်တွင် အဖ မင်းလှသမန္တရန်အောင်ဘွဲ့ခံ ဝန်းသိုစစ်ကဲ ဦးရွှေသားနှင့် အမိ ဒေါ်ဒွေးဖြူ ခေါ် သုဝဏ္ဏကာယဒေဝီတို့မှ ဖွားမြင်သည်။ ငယ်စဉ်က ဝန်းသိုဆရာတော် ဦးဂုဏထံတွင် မိဘများက အပ်နှံ၍ စာပေပညာ သင်ကြားစေခဲ့ရာ ကျမ်းဂန်များတတ်မြောက်၍ သာမဏေဘောင်သို့ ဝင်ခဲ့သည်။ ၁၂၂၈ ခုနှစ် တန်ဆောင်မုန်းလတွင် မောင်အောင်မြတ် အသက်ငါးနှစ်အရွယ်၌ ဖခင်ဖြစ်သူ ဦးရွှေသားအား မဟာဝံသရာဇာ သိုဟုံ ဘွား ဟူသောဘွဲ့ကို အပ်နှင်းလျက် ဝန်းသိုစော်ဘွားအဖြစ် တိုးမြှင့်ခန့်အပ်ခြင်း ခံရသည်။ ဦးအောင်မြတ် အရွယ်ရောက်လျှင် သူ၏ဆန္ဒအတိုင်း ဖခင်ဖြစ်သူ ဝန်းသိုစော်ဘွားကြီး ဦးရွှေသားက ကင်းဝန်မင်းကြီးဦးကောင်းထံတွင် အပ်နှံ၍ ထီးသုံးနန်းသုံး တရားဥပဒေ ပညာရပ်များနှင့်တကွ အပ်ချုပ်မှုရေးရာများကို သင်ကြားစေသည်။ သီပေါမင်းတရားထံတွင်လည်း ကွမ်းရေတော်ကိုင်အဖြစ် အမှုထမ်းရသည်။ ထို့ကြောင့် ဦးအောင်မြတ်သည် စာပေကျမ်းဂန် ဗဟုသုတတို့၌လည်းကောင်း၊ ရှေးဟောင်းအနုပညာ၊ ရာဇဝင်၊ ဗေဒင်ကျမ်းတို့၌လည်းကောင်း၊ ကဗျာ လင်္ကာများ၌လည်းကောင်း၊ အုပ်ချုပ်မှုရေးရာများ၌ လည်းကောင်း ကျွမ်းကျင်ခဲ့လေသည်။
၁၂၄၃ ခုနှစ် နှောင်းတန်ခူးလပြည့်ကျော် ၃ ရက်နေ့တွင် မိုးကောင်းမြို့ဝန်အဖြစ် ပြောင်းရွှေ့ခန့်ထားခြင်းခံရသည့် ဖခင်ဖြစ်သူ ဦးရွှေသား၏ နေရာဖြစ်သော ဝန်သိုစော်ဘွားအဖြစ် သီပေါမင်းတရားကြီးက ဦးအောင်မြတ်အား ခန့်အပ်၍ မဟာဝံသသီရိဇယသိုဟုံဘွား ဟူသော ဘွဲ့ကိုလည်း ပေးသနားသည်။ ဝန်းသိုမြို့သည် နေပြည်တော်နှင့် အတန်ဝေးသော မြို့ဖြစ်သည်။ အအုပ်အချုပ်မကောင်းလျှင် နယ်ခြားနိုင်ငံရေးပြဿနာ အချိန်မရွေးပေါ်နိုင်သည်။ မီးဝေးချိပ်မာ ဆိုသကဲ့သို့ လူဆိုးပရက္ခတို့ အတန်သောင်းကျန်းသောနေရာ ဖြစ်သည်ဟုလည်း ကြားသိရပေရာ လက်ရုံးရည်ပြည့်သော မောင်အောင်မြတ်နှင့် သင့်လျော်သည်ဟု ကင်းဝန်မင်းကြီးဦးကောင်းက သူ၏မှတ်တမ်း၌ ရေးသားထားသည်။ ဝန်းသိုစော်ဘွား အဖြစ်ခန့်အပ်ခြင်း ခံရစဉ်က ဦးအောင်မြတ်သည် ၂၃ နှစ်သာရှိသေးသည်။
ဦးအောင်မြတ် စော်ဘွားဖြစ်ပြီး နောက်တစ်နှစ်တွင် မိုးညှင်းဒေသတစ်လျှောက်၌ ဗိုလ်ဝခေါင်းဆောင်သော သူပုန်များထကြွလေသည်။ လူအင်အား သုံးထောင်ကျော် လေးထောင်နီးပါးရှိသော သူပုန်တို့အား နှစ်ထောင်မျှလောက်သော အင်အားစုနှင့် ဦးအောင်မြတ်သည် အောင်မြင်စွာ နှိမ်နင်းနိုင်ရုံမက သူပုန်ဗိုလ် ဗိုလ်ဝကိုပါအသေဖမ်းမိခဲ့ရာ သီပေါမင်းတရားကိုယ်တိုင် အားရတော်မူလှသဖြင့် မောရိယ မဟာဝံသသီရိသုဓမ္မရာဇာ ဟူသောဘွဲ့ဖြင့် ထပ်မံခြီးမြှင့်ခြင်းခံရသည်။ ထိုနှစ်တွင် စကားစော်ဘွားကြီး၏ သမီးတော် မှန်နန်းအပျိုတော် စဝ်ရွှေကြည်နှင့် လက်ထပ်လေသည်။ စော်ဘွား ဦးအောင်မြတ်သည် ဝန်းသိုမြို့တွင် ဟော်နန်းရှိသော်လည်း နယ်ပယ်ငြိမ်သက်ရေးကို ရှေးရှု၍ ဝန်းသိုအနောက်မြောက် မိုင် ၃ဝကျော်ဝေးသော ပင်လည်ဘူးမြို့၌ ရွှေ့ပြောင်းနေထိုင်သည်။
၁၂၄၇ ခုနှစ်တွင် တတိယ အင်္ဂလိပ်- မြန်မာ စစ်ပွဲဖြစ်ပွားလုနီးအချိန်တွင် တိုင်းရေးပြည်ရေး မငြိမ်မသက်ဖြစ်လာသဖြင့် သတင်းမှန် ရရှိစေရန် ဦးအေင်မြတ်သည် နေပြည်တော်သို့ အထောက်တော်များ စေ လွှတ်စုံစမ်းစေသည်။ နေပြည်တော်မှလည် အင်္ဂလိပ်တို့အား တိုက်ခိုက်ရန်အတွက် စစ်သားများစုဆောင်းရန် စာချွန်တော်ရောက်လာသဖြင့် လက်နက် လူသူ အသင့်စုဆောင်းလျက်ရှိသည်။ အထောက်တော်များ ပြန်လည်ရောက်ရှိလာသောအခါ သီပေါဘုရင် ပါတော်မူပြီ ဖြစ်ကြောင်းကြားသိသဖြင့် အင်္ဂလိပ်တို့အား ပြန်လည်တိုက်ခိုက်ရန် ကြိုးစားလေသည်။ သို့ရာတွင် အင်္ဂလိပ်တို့အား ပြန်လည်တိုက်ခိုက်ခြင်းမပြုဘဲ ငြိမ်သက်စွာနေရန် ကင်းဝန်မင်းကြီးထံမှ အမိန့်လွှာတစ်စောင်ရောက်လာရာ အဖကဲ့သို့လည်းကောင်း၊ ဆရာသမားကဲ့သို့လည်းကောင်း လေးစားအပ်သော မင်းကြီးအမိန့်ဖြစ်သဖြင့် ခက်ထန်သော စစ်စိတ် စစ်မာန်တို့သည် ရဲရဲညီးသည့်မီးခဲကို ပြာဖုံးသကဲ့သို့ ဖြစ်ခဲ့ရလေသည်။ အင်္ဂလိပ်လက်အောက်သို့ကား ဝင်ရောက်ခြင်းမပြုဘဲ သစ်လုပ်ငန်း၊ စပါးလုပ်ငန်းများကိုသာ လုပ်ကိုင်၍နေလေသည်။
ဝန်းသိုစော်ဘွားကြီး ဦးစီးလုပ်ကိုင်နေသော သစ်လုပ်ငန်းထွန်းကားရာနေရာကို မိမိတို့သာရရှိလျှင် ချက်ချင်းချမ်းသာနိုင်သည်ဟု စိတ်ကူးမိသူများက ဦးအောင်မြတ်သည် စီးပွားရေးကို ဖိဖိစီးစီးလုပ်ကိုင်၍ ငွေကြေး စုဆောင်းကာ တော်လှန်ပုန်ကန်ရန် အကြံပြုနေသည်ဟု အင်္ဂလိပ်အရာရှိများအား ချောပစ်စကားပြောဆိုကြသည်။ ထိုအခါ ဦးအောင်မြတ်ကို နေပြည်တော်သို့ ခေါ်ယူစစ်ဆေးလိုကြောင်း ကင်းဝန်မင်းကြီးအားအကြောင်းကြား သဖြင့် ကင်းဝန်မင်းကြီးက ဦးအောင်မြတ်ကို မန္တလေးနေပြည်တော်သို့ လာရောက်ရှင်းလင်းရန် ဆင့်ခေါ်လေသည်။ သို့ရာတွင် ဦးအောင်မြတ်က အရှင် သခင်များမရှိသည့်နောက် နေပြည်တော်သို့ မလာရောက်လိုတော့ကြောင်း၊ တစ်ပါးကျွန် မခံလိုတော့ကြောင်း၊ အင်္ဂလိပ်မင်းနှင့်တကွ အင်္ဂလိပ်မင်း ကိုယ်စားလှယ်တို့ကိုလည်း အရိုအသေမပြုတော့ကြောင်း အကြောင်းပြန်လိုက်သည်။ ယင်းသို့ စာပြန်ကြားပြီးနောက် အင်္ဂလိပ်များ လာရောက်တိုက်ခိုက်ပါက အသင့်ဖြစ်စေရန် ဝန်းသိုမြို့ပတ်ဝန်းကျင်၌ သစ်တပ် မြို့ရိုးများ ဆောက်ခြင်း၊ ကင်းများအထပ်ထပ်ချခြင်း၊ လူသူလက်နက် စုဆောင်းခြင်းပြုသည်။
မက္ခရာမင်းသားကြီး၏သားတော် ထိပ်တင်ရန်ပိုင်နှင့် မှူးမတ်တစ်စုသည် အင်္ဂလိပ်တို့အား တိုက်ခိုက်ရာမှရှုံးနိမ့်၍ ဦးအောင်မြတ်၏ဖခင် ဦးရွှေသား၏အကူအညီဖြင့် ယူနန်နယ်သို့ဆုတ်ခွာသွားခဲ့ရာ ဦးရွှေသားကို တော်လှန် ပုန်ကန်မှု အားပေးသည်ဟုဆိုကာ အင်္ဂလိပ်အစိုးရတို့က ဖမ်းဆီးရန် အမိန့်ထုတ်ကြောင်း ဦးအောင်မြတ်သိသောအခါ ဖခင်ရှိရာ မိုးကောင်းမြို့သို့သွားရောက်၍ အခြေအနေကို ဆွေးနွေးသည်။ အင်္ဂလိပ်တို့ကား ဦးအောင်မြတ်တို့ သားအဖကို မဖမ်းသေးဘဲ ကင်းဝန်မင်းကြီးကို ဖျောင်းဖျနားချရန် စေလွှတ်လိုက်သည်။ သို့ရာတွင် ဝန်းသိုစော်ဘွား ဦးအောင်မြတ်သည် မိုးကောင်းသို့ သွားနေခိုက်ဖြစ်သဖြင့် ကင်းဝန်မင်းကြီးသည် ဦးအောင်မြတ်နှင့်မတွေ့ဘဲ မန္တလေးသို့ ပြန်ခဲ့ရသည်။ ကင်းဝန်မင်းကြီးမှတစ်ဆင့် စေ့စပ်မရသဖြင့် အင်္ဂလိပ်အစိုးရသည် ဦးအောင်မြတ်၏ငယ်ဆရာ ဝန်းသိုဆရာတော် ဦးဂုဏမှတစ်ဆင့် ဝန်းသိုစော်ဘွားနှင့် စေ့စပ်ပြန်သည်။ သို့သော်လည်း အင်္ဂလိပ်တို့ ကျွန်အဖြစ်မခံလို၊ အင်အားပြည့်လာသည့်တစ်နေ့ မန္တလေးကို တိုက်ခိုက်ယူပါမည်ဟု ဆရာတော်အား လျှောက်ထားလေသည်။ နောက်ဆုံး စေ့စပ်မရသည့်အဆုံး၌ မြန်မာသက္ကရာဇ် ၁၂၅၂ ခုနှစ်တွင် အင်္ဂလိပ်အစိုးရသည် ချွန်းတောင်းမြို့အုပ်နှင့် အခွန်ဝန် ဦးစံတို့ကို စစ်တပ် တစ်တပ်နှင့် စေလွှတ်လိုက်သည်။
ဝန်းသိုစော်ဘွား ဦးအောင်မြတ်သည် အင်္ဂလိပ်တို့လွှတ်လိုက်သော တပ်များကို မှန်ကင်းတောင်စခန်းမှ ဆီးကြိုတိုက်ခိုက်ရန် ချီတက်သည်။ မှန်ကင်းတောင်စခန်းတွင် အင်္ဂလိပ်တပ်များနှင့် ဝန်းသိုစော်ဘွားတပ်များ တွေ့ဆုံတိုက်ပွဲဖြစ်ပွားရာ အင်္ဂလိပ်တို့ ဆုတ်ခွာရသည်။ တိုက်ပွဲဖြစ်ရာ မှန်ကင်းတောင်စခန်းတွင် ယခုတိုင် အမှတ်အသား စိုက်ထူထားသော ကျွန်းတိုင်ကြီး တစ်တိုင်ရှိသည်။ ကောလင်းမြို့ဘက်သို့ ဆုတ်ခွာသွားသော အင်္ဂလိပ်တပ်များကို ဝန်းသိုစော်ဘွားတပ်က လိက်လံတိုက်ခိုက်ရာ အင်္ဂလိပ်တို့ဘက်မှ စစ်ဗိုလ်တစ်ဦးနှင့် တပ်သားသုံးဦး ကျဆုံးခဲ့သည်။ အင်္ဂလိပ်တပ်များလည်း ကောလင်းမြို့မှ ဆုတ်ခွာရသည်။ ထိုအခါမှစ၍ ဝန်းသိုစော်ဘွား ဦးအောင်မြတ်၏အမည်သည် အင်္ဂလိပ်မင်းများအုပ်ချုပ်သည့် မန္တလေးမြို့မှသည် အောက်ပြည်ဒေသ ရန်ကုန်မြို့အထိ ကျော်ကြားခဲ့သည်။
အရေးရှုံးနိမ့်၍ ဆုတ်ခွာနေရသော အင်္ဂလိပ်တပ်များကို ကူရန် ၁၂၅၂ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက်နေ့တွင် ကသာမှ ဗိုလ်နစ်စဗက် ဦးဆောင်သော အမှတ် ၂ဝ ခြေလျင်တပ်ရင်းနှင့် ရွှေဘိုမှ ဗိုလ်ကြီးကေရီ ဦး ဆောင်သော မြင်းတပ်များ ရောက်ရှိလာသဖြင့် ကောလင်းမြို့သို့ ပြန်၍ချီတက်လာကြပြန်သည်။ ဝန်းသိုစော်ဘွား ဦးအောင်မြတ်သည် သူ၏ ဝန်းသိုတပ်များနှင့်အတူ ဖခင်ဖြစ်သူ မိုးကောင်းမြို့ဝန်၏ တပ်များနှင့်ပါ ကောလင်းသို့ အပြင်းချီတက်ကာ အင်္ဂလိပ်တပ်များကို တိုက်ခိုက်သည်။ သို့ရာတွင် အင်အားချင်းမမျှသဖြင့် ရုတ်တရက် မြို့သို့မချဉ်းကပ်သေးဘဲ မြို့ပြင်မှသာဝန်းရံနေ၍ ချောက်လှန့်ပြီးလျှင် အင်္ဂလိပ်တပ်များကို တောထဲသို့မျှားခေါ်သည်။ ယင်းတိုက်ပွဲတွင် နှစ်ဖက်စလုံးမှ အကျအဆုံးဒဏ်ရာရသူများသည်။ လက်နက်အင်အား လူအင်အားမမျှသဖြင့် ဆုတ်ခွာခဲ့ရသော်လည်း ဝန်းသို တပ်များသည် အင်္ဂလိပ်တို့ကို အကြိမ်ကြိမ်ပြန်လည်တိုက်ခိုက်မှုများပြု၍ ထိုနယ်မြေဒေသတစ်ဝိုက်၌ တိုက်ပွဲများဆက်လက်ဖြစ်ပွားသည်။ အဂ‡လိပ်တို့ အတွက် ရွှေဘိုမြို့မှ နောက်ထပ်တပ်များ စစ်ကူလာရောက်လာရာ ဝန်းသိုတပ်များသည် တဖြည်းဖြည်းဆုတ်ခွာရင်း ကျိုင်းခွင်တောင်ကုန်း၌ တပ်စွဲ၍ အခိုင်အမာခုခံရာ အင်္ဂလိပ်တပ်များ မကပ်နိုင်အောင် ရှိလေသည်။ အဝေးမှ အမြောက်သေနတ်များဖြင့် အင်္ဂလိပ်တပ်များက ပစ်ခတ်သော်လည်း ခပ်ဝေးဝေးမှ လှမ်းပစ်ရသဖြင့် ဝန်းသိုတပ်များ အထိအခိုက်နည်းသည်။ နောက်ဆုံး၌ ကျိုင်းခွင်တောင်ကုန်းကို ပတ်၍စီးသော ဒေါင်းမြူချောင်းကို အင်္ဂလိပ်တပ်များသည် အကျအဆုံးများစွာနှင့်ဖြတ်ကူးကာ ဝန်းသိုတပ်များကို အနီးကပ် တိုက်ခိုက်ကြသည်။ ဝန်းသိုစော်ဘွား၏တပ်များသည် အတော်ကြာကြာ ခုခံတိုက်ခိုက်ပြီးနောက် တောင်ကုန်းတစ်ဖက်မှ အင်္ဂလိပ်တပ်များကို ဖောက်ထွက်၍ ဝန်းသိုမြို့သို့ဆုတ်ခွာသည်။ ကျိုင်းခွင်တိုက်ပွဲတွင် နှစ်ဖက်စလုံးမှ အပျက်အစီးများသည်။ အင်္ဂလိပ်စစ်သားသုံးဦး ကျဆုံးသည့်နေရာတွင် ကျောက်တိုင်တစ်ခု စိုက်ထူထားရာ ယခုတိုင် တွေ့နိုင်သေးသည်။
ကျိုင်းခွင်တောင်ကုန်းမှ ဆုတ်ခွာသည့် နေ့တွင်ပင် ရေဦးမြို့နယ်မှ ဗိုလ်ကြီး ဟတ်ချင်ဆန်ဦးဆောင်သော အင်္ဂလိပ်စစ်ပုလိပ်တပ် တစ်တပ်နှင့် ဥက္ကံမြို့နားရှိ မိုးနန်းကျောင်းတွင် တပ်စွဲနေသော ဝန်းသိုတပ်များ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားသည်။ ထိုတိုက်ပွဲတွင် စော်ဘွားကြီး၏ တပ်မှ ၂၇ ယောက်ကျဆုံးသည်။ အင်္ဂလိပ်စစ်ဗိုလ် ဗိုလ်ကြီးဟတ်ချင်ဆန်လည်း ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာနှင့်ပင် မကြာမီသေဆုံးခဲ့သည်။ တပ်သားခုနစ်ယောက် ဒဏ်ရာပြင်းထန်စွာရ၍ တစ်ဦးကျဆုံးသည်။ လက်နက်အင် အား၊ လူအင်အားချင်း မမျှပါဘဲလျက် သူ့ကျွန်မခံလိုသော မျိုးချစ်စိတ် ဓာတ်ဖြင့် ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်သည် အင်္ဂလိပ်တို့ကို ဝန်းသို၊ ကောလင်း၊ မိုးကောင်း၊ ပင်လည်ဘူး၊ မိုးညှင်း စသောဒေသများမှ အပြင်းအထန် တော်လှန်တိုက်ခိုက်သည်။ မဲဇာချောင်းနားရှိ မန်လောင်၊ မန်စီဒေသများတွင်လည်း အင်္ဂလိပ်တို့နှင့် အကြိမ်ကြိမ် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ စော်ဘွားကြီးသည် လူသူလက်နက် အနည်းငယ်ဖြင့် တစ်နှစ်နီးပါးမျှ အားမလျော့ဘဲ တိုက်ခိုက်ခဲ့သည်။ အင်္ဂလိပ်အစိုးရသည် စော်ဘွားကြီးကို ထိုအချိန်အထိ သူပုန်ဟုလည်း မကြေညာဘဲ သူတို့ဘက်ဝင်လာလျှင် အခါမရွေးလက်ခံ၍ ရာထူးများပင်ပေးမည်ဟု စကားကမ်းလှမ်းမြဲ ကမ်းလှမ်း လျက်ရှိသည်။ သို့ရာတွင် အင်္ဂလိပ်တို့ မည်သို့ပင် ချော့မော့ခေါ်ယူသည် ဖြစ်စေ၊ စကားပင်မပြန်ခဲ့ချေ။ နောက်ဆုံးတွင် ဝန်းသိုစော်ဘွားကြီး၏ တပ်များသည် မန်စီအနီး၌ အင်္ဂလိပ်စစ်တပ်နှင့်တွေ့၍ ဝိုင်းမိနေသောအခါ အင်္ဂလိပ်စစ်တပ်နှင့်အတူပါလာသော မြတောင်မြို့စားက ဝန်းသိုစော်ဘွားကြီးကို စကားကမ်းလှမ်းပြန်ရာ ရာထူးမက်၊ ဥစ္စာမက်၊ စိတ်မခိုင်သူများ သစ္စာဖောက်ကာ အင်္ဂလိပ်ဖက်သို့ တစ်စတစ်စ ဝင်သွားကြသည်ကတစ်ကြောင်း၊ မိုးဥတုကျလာသဖြင့် နောက်လိုက်နောက်ပါများ ငှက်ဖျားရောဂါဖြစ်လျက် စိတ်ဓာတ်ကျဆင်းလာကြသည်ကတစ်ကြောင်းကြောင့် အတိုက်အခိုက်ရပ်ရန် ဆုံးဖြတ်လိုက်လေသည်။ သို့ရာတွင် အင်္ဂလိပ်လက်အောက်သို့ ကားမဝင် ဖခင်ရှိရာ တရုတ်ပြည်သို့ ထွက်ခွာသွားတော့မည်ဟု အကြောင်းပြန်ရာ မြတောင်မြို့စားက ဘေးရန်ကင်းရှင်းသော တရုတ်ပြည်ထွက်လမ်းကို အလံစိမ်း လွှင့်ပြသဖြင့် ထိုလမ်းအတိုင်း ၁၂၅၃ ခုနှစ်တွင် ထွက်ခဲ့သည်။ မိုးညှင်းမှ ဘီဘူးမြို့၊ ယင်းမှ ဟိုပင် နန့်ဆော်လော်၊ ထိုမှစန်းတာမြို့သို့ဝင်သည်။ စန်း တာမြို့မှ စန်းတာစော်ဘွားက ကောင်းစွာကြို၍ နေရာထိုင်ခင်းများချပေးသည်။ စန်းတာမြို့၌ပင် ၁၂၇၈ ခုနှစ်တွင် ဝန်းသိုစော်ဘွားကြီး၏ဖခင် မိုးကောင်းစော်ဘွားဦးရွှေသားကွယ်လွန်ရာ ဦးအောင်မြတ်ကိုယ်တိုင် အလောင်းကိုထမ်း၍ မြို့ဦးဈေးနေရာ၌ သင်္ဂြိုဟ်ခဲ့သည်။
ယူနန်နယ် စန်းတာမြို့၌ ရှိနေစဉ်လည်း အင်္ဂလိပ်အစိုးရက စော်ဘွားကြီး၏ သတင်းများကို အမြဲသိရှိနေလိုသည်ဟူသော အမိန့်ကြောင့် စန်းတာ၊ မို စသောမြို့များမှလာသည့် ခရီးသည်များထံတွင် စုံစမ်းပြီးလျှင် မြတောင်မြို့စားက အမြဲအစီရင်ခံစာ သွင်းနေခဲ့ရသည်။ ယူနန်နယ်တွင် စော်ဘွားကြီးသည် စပါပေး ပေးခြင်း၊ ဝါသနာ အလျောက် လေ့လာထားသော မြန်မာဆေးပညာဖြင့် ဆေးဝါးကုသပေးခြင်းတို့ဖြင့် အသက်မွေးဝမ်းကျောင်း ရှာဖွေစားသောက်နေထိုင်သည်။ အင်္ဂလိပ်အစိုးရလက်အောက် အညံ့ခံ၍ ရာထူးရာခံနှင့် ချမ်းသောင့်ချမ်းသာနေရမည်ဖြစ်ပါလျက် သူ့ကျွန်မခံလိုသော စိတ်ကြောင့် စည်းစိမ်ချမ်းသာများကို စွန့်လွှတ်ခဲ့လေသည်။
စော်ဘွားကြီးသည် ယူနန်နယ် မိုင်းလမြို့၌ ၁၉ နှစ်၊ စန်းတာမြို့ ၌ ၁၃ နှစ် နေထိုင်ပြီးနောက် စော်ဘွားကြီး၏ မဟာဒေဝီစဝ်ရွှေကြည်၏ ဦးရီးညောင်ရွှေစော်ဘွားကြီး ဆာစဝ်မောင်က အသက်အရွယ်ကြီးပြီဖြစ်သဖြင့် ကိုယ့်ရပ်ကိုယ့်ဒေသသို့ ပြန်နေပါရန် တောင်းပန်သည်ကို အတန်တန်စဉ်းစားပြီးမှ ၁၂၈၅ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့သည်။ မြန်မာနိုင်ငံဘုရင်ခံကလည်း စော်ဘွားကြီးအား စိတ်မငြိုငြင်စေရပါ။ မြန်မာနိုင်ငံသို့ ပြန်ရောက်သောအခါ၌လည်း အထောက် အပံ့ငွေကိုပင် ပေးပါဦးမည်ဟု ညောင်ရွှေစော်ဘွားကြီး ဆာစဝ်မောင်မှတဆင့် ပြောကြားလာသည်။ ၁၂၈၅ ခုနှစ် နှောင်းတန်းခူးလဆန်း ၈ ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ရောက်ရှိ၍ ဟော်ကုန်းရှိ သထုံဟော် တွင် နေထိုင်သည်။ သထုံဟော်၌ပင် မဟာဒေဝီစဝ်ရွှေကြည်သည် အသက် ၇၁ နှစ်၌ ကွယ်လွန်လေသည်။
ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်ကို အင်္ဂလိပ်အစိုးရတို့က တစ်လလျှင် ထောက်ပံ့ငွေ ၁ဝဝ ကျပ်ပေးလေသည်။ စော်ဘွားကြီးသည် ထိုထောက်ပံ့ငွေကို နည်းသည်များသည်လည်းမပြော၊ အချိန်တန်၍ လာရောက် ထုတ်ပေးလျှင် သားသမီးများလက်သို့ လွှဲအပ်ပေးခဲ့သည်။ စော်ဘွားကြီး အတွက်မူ ဦးရီးတော် ညောင်ရွှေစော်ဘွားကြီး ထောက်ပံ့နေသောငွေဖြင့်သာ ရောင့်ရဲစွာသုံးစွဲနေထိုင်သည်။ ညောင်ရွှေစော်ဘွားကြီး ဆာစဝ်မောင်သည် ဝန်းသိုစော်ဘွားကြီးပြန်ရောက်၍ သုံးနှစ်အကြာ ကွယ်လွန်သောအခါ စော်ဘွားကြီးသည် မည်သူ့အားမျှ အပူမကပ်ဘဲ ရသမျှဖြင့် တင်းတိမ်ရောင့်ရဲစွာ လောကုတ္တရာဖက်တွင်သာ အားထုတ်နေထိုင်ခဲ့လေသည်။ ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်ကလည်း ဆက်လက်ထောက်ပံ့ခဲ့သည်။ ဒုတိယကမ္ဘာစစ်ဖြစ်၍ မြန်မာနိုင်ငံသို့ ဂျပန်များ ဝင်လာသည့်အခါလည်း အင်္ဂလိပ်အစိုးရကဲ့သို့ပင် တစ်လလျှင် ငွေ ၁ဝဝ ကျပ်ထောက်ပံ့ခဲ့ရာ ဂျပန်တို့ ထွက်ပြေးသည့် အချိန်အထိဖြစ်သည်။
ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသည့်နောက် မြန်မာနိုင်ငံ လွတ်လပ်ရေးရသောအခါ ၁၉၅ဝ ပြည့်နှစ်၊ အောက်တိုဘာလမှစ၍ ဝန်းသိုစော်ဘွားကြီးနှင့် သခင်ကိုယ်တော်မှိုင်းတို့ကို မြန်မာအစိုးရက ကျေးဇူးဆပ်သည့်အနေဖြင့် တစ်လလျှင် ထောက်ပံ့ကြေး ၅ဝဝ ကျပ်စီ ပေးခဲ့သည်။ ၁၃၂၆ ခုနှစ် နတ်တော်လဆန်း ၉ ရက်နေ့တွင် စော်ဘွားကြီး၏ လွတ်လပ်ရေးတိုက်ပွဲ သမိုင်းဝင်ပစ္စည်းများကို သားဦးခွန်ဆက်က တပ်မတော်မော်ကွန်းတိုက် ကိုယ်စားအရှေ့ပိုင်း စစ်ဌာနချုပ် ဦးစီး ဒုဗိုလ်မှူးကြီး တင်ညွန့်လက်သို့ ပေးအပ်ခဲ့ရာ ယခုအခါ ရန်ကုန်မြို့ရှိ တပ်မတော် မော်ကွန်းတိုက်၌ ပြသထားလေသည်။
မြန်မာ သက္ကရာဇ် ၁၃၂၆ ခုနှစ် ပြာသိုလဆန်း ၃ ရက် ခရစ်နှစ် ၁၉၆၅ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်သည် တောင်ကြီးမြို့၌ အသက် ၁ဝ၃ နှစ်အရွယ်တွင် ကွယ်လွန်အနိစ္စ ရောက်ရာ ပြာသိုလဆန်း ၉ ရက်နေ့တွင် စော်ဘွားကြီး၏ ရုပ်ကလာပ်ကို တောင်ကြီးမြို့၊ ရပ်တော်မူကုန်း မြောက်ဘက်ရှိ စီစဉ်ရွေးချယ်သတ်မှတ်ထားသော မြေနေရာသို့ယူဆောင်ကာ ရှေးထုံးစဉ်လာအတိုင်း ဂူသွင်းသင်္ဂြိုဟ်သည်။ မြန်မာနိုင်ငံတွင် တော်လှန်ရေးအစိုးရကလည်း စော်ဘွားကြီး၏ လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သည့် ဂုဏ်ကျေးဇူးကို ဆပ်သည့်အနေဖြင့် မသာတော်စရိတ် ငွေငါးထောင် ထောက်ပံ့ခဲ့သည်။
စော်ဘွားကြီးတွင် စောခွန်ဆက်၊ စောစံမြ၊ ခွန်လုံး၊ ခွန်ဖုံးနှင့် ခွန်ချိုဟူသော သားငါးယောက်နှင့် နန်းဆိုင်မယ်နှင့် မစောဖြူဟူသော သမီးနှစ်ယောက် ထွန်းကားသည်။[၁]
သူ့ကျွန် မခံလိုသော မဟာဝံသသီရိဇယ သိုဟုံဘွားဘွဲ့ခံ မျိုးချစ် ဝန်းသို စော်ဘွားကြီး ဦးအောင်မြတ်။
[ပြင်ဆင်ရန်]ဝန်းသို့ စော်ဘွားကြီး ဦးအောင်မြတ်သည် မြန်မာ သက္ကရာဇ် ၁၂၂၃ ခုနှစ်၊ တပိုတွဲလဆန်း ၁၁ ရက်၊ (ခရစ်နှစ် ၁၈၆၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်) တနင်္ဂနွေနေ့ မွန်းတည့်အချိန်တွင် ဝန်းသိုမြို့၌ ဖွားမြင်သည်။ အဘ အမည်မှာ မင်းလှ သမန္ဈရန်ဆောင်ဘွဲ့ခံ ဝန်းသို စစ်ကဲ ဦးရွှေသာ ဖြစ်ပြီး၊ မိခင်မှာ သုဝဏ္ဏ ကာယ ဒေဝီဘွဲ့ခံ ဒေါ်ဒွေးဖြူ ဖြစ်သည်။ မွးချင်း ညီအစ်ကို မောင်နှမ ခုနစ်ဦး ရှိရာ မောင်အောင်မြတ်၊ မသူဇာ (သောင်သွတ် စော်ဘွားကတော်)၊ မောင်ရွှေသိုက်၊ မယ်မူ၊ မယ်ဖန်၊ ခွန်ကျယ်၊ ခွန်ဆိုင်တို့ ဖြစ်ကြသည်။
မောင်အောင်မြတ်အား ငယ်စဉ်က ဝန်းသို ဆရာတော် ဦးဂုဏထံ စာပေ သင်ကြားစေရန် အပ်နှံထားခဲ့ရာ အခြေခံ မြန်မာ စာပေများကို အတော်အတန် တတ်မြောက်ပြီး သာမဏေဘောင်သို့ ဝင်ခဲ့သည်။ မောင်အောင်မြတ် ငါးနှစ်သား အရွယ် ၁၂၂၈ ခုနှစ်၊ တန်ဆောင်မုန်းလတွင် ဖခင်ဖြစ်သူ ဦးရွှေသာအား မဟာဝံသရာဇာ သိုဟုံဘွား ဟူသော ဘွဲ့ကို အပ်နှင်းလျက် ဝန်းသို စော်ဘွားအဖြစ် တိုးမြှင့် ခန့်အပ်ခြင်း ခံရသည်။
ပထမ- မဟာဝံသရာဇာ သိုဟုံဘွား
ဒုတိယ- မဟာသိဒ္ဓိဇေယ သိုဟုံဘွား၊
သက္ကရာဇ် ၁၂၃၆၊ ၃၇ ခုနှစ်တွင် ရွှေအရှေ့ကြောင်း အလယ်ကြောင်း သံသုံးတာရွာ ဂဏန်းဘွား ဂဏန်းမ နန်းခမ်း ကျေးရွာနှင့်တကွ ကျေးရွာခရိုင် တိုးချဲ့၍ ထပ်မံချီးမြင့်ပြန်သည်။ နှောက် သက္ကရာဇ် ၁၂၄၀ ခုနှစ်တွင် မင်းတုံးမင်း ကြီး နတ်ရွာစံပြီး သားတော် သီပေါမင်းလက်ထက် ထပ်မံ ချီးမြင့်ပြန်လေသည်။ တတိယ- မဟာဝံသ သိရီရာဇာ သိုဟုံဘွားဟူ၍ တံဆိပ် ၃ လုံး ဘွဲ့ ၃ တန်ရရှိ၍ ထိုဘွဲ့များကို အပ်နှင်းလျက် ဝန်းသို စော်ဘွားအဖြစ် တိုးမြှင့် ခန့်အပ်ခြင်း ခံရသည်။
နယ်နိမိတ် အပိုင်းခြားများ
[ပြင်ဆင်ရန်]- အရှေ့လာသော် ဧရာ၀တီ မြစ်လယ်ကြော ကေ မ္ဘာဇတိုင်းအထိ၊
- တောင်ဘက်လာသော ရဲသာရွာ ဟလင်းကြီး သံသနဂရတိုင်းထိ၊
- အနောက်ဘက်လာသော သလ္လာ၀တီ မြစ်လယ်ကြော မဏိပူရတိုင်းထိ၊
- မြောက်လက်လာသော မိုင်းကောင်းနှင့် ကြောကိုင်း နရသုတဏ္ဍတိုင်းအထိ၊
- အရှေ့မြောက်လာသော ကောက်ကွေ့ချောင်းထွက် ဧရာ၀တီအထိ၊
- အရှေ့တောင်လာသော တမောအောက် ဇင်းချောင်းပေါက် ဧရာ၀တီအထိ၊
- အနောက်တောင်လာသော ကလုံး ရွှေတွင်း သလ္လာ၀တီမြစ်အထိ၊
- အနောက်မြောက်လာသော ဦးရူချောင်းထွက် သလ္လာ၀တီ မြစ်လယ်ကြောထိ ဖြစ်လေသည်။ ဤသို့ နယ်လေးရပ်၊ ရှစ်ရပ် သတ်မှတ် ပိုင်းခြားလျက် ၅၅ ခရိုင်ဘွားစားရသည်။ ဤကား စော်ဘွား အဆက်ဆက်တို့၏ ဘွားစားရသော နယ်ပယ် အပိုင်းအခြားဖြစ်သည်။
မောင်အောင်မြတ် အရွယ်ရောက်သော အခါ သူ၏ ဆန္ဒအတိုင်း ဖခင်ဖြစ်သူ ဝန်းသို စော်ဘွားကြီး ဦးရွှေသာက ကင်းဝန်မင်းကြီး ဦးကောင်းထံ အပ်နှံ၍ ထီးသုံး နန်းသုံး တရားဥပဒေ ပညာရပ်များနှင့်တကွ အုပ်ချုပ်မှုရေးရာ အဖြာဖြာများကို သင်ကြား စေခဲ့သည်။ သီပေါမင်းတရား ထံတွင်လည်း ကွမ်းရေတော်ကိုင် အဖြစ် အမှုထမ်းရသည်။ ထို့ကြောင့် ဦးအောင်မြတ်သည် စာပေ ကျမ်းဂန် ဗဟုသုတတို့၌ လည်းကောင်း၊ ရှေးဟောင်း အနုပညာ၊ ရာဇဝင်၊ ကဗျာလင်္ကာများ၊ ဗေဒင်ပညာရပ်များ၌ လည်းကောင်း၊ အုပ်ချုပ်မှုရေးရာများ၌ လည်းကောင်း ကျွမ်းကျင် လာခဲ့သည်။
ဦးအောင်မြတ်၏ ဖခင် ဦးရွှေသာသည် မိုးကောင်းမြို့ဝန် အဖြစ် ပြောင်းရွှေ့ ခန့်ထားခြင်း ခံရသဖြင့် ဦးအောင်မြတ်သည် ၁၂၄၃ ခုနှစ်တွင် ဖခင်နေရာ ဝန်းသို့ စော်ဘွားအဖြစ် သီပေါမင်းတရားက ခန့်အပ်ခဲ့သည်။ 'မဟာဝံသသီရိဇယ သိုဟုံဘွား' ဟူသော ဘွဲ့ကိုလည်း ပေးသနားတော်မူသည်။
ဝန်းသိုမြို့သည် နေပြည်တော် မန္တလေးနှင့် အတန်ဝေးသော မြို့ဖြစ်၍ အအုပ်အချုပ် မကောင်းလျှင် နယ်ခြား နိုင်ငံရေး ပြဿနာများ အချိန်မရွေး ပေါ်ပေါက်နိုင်သည်။ မီးဝေးချိပ်ပမာ ဆိုသကဲ့သို့ လူဆိုးတို့ အတန် သောင်းကျန်းသော နေရာ ဖြစ်သည်ဟုလည်း ကြားသိရသဖြင့် လက်ရုံးရည် ပြည့်ဝသော မောင်အောင်မြတ်နှင့် သင့်လျော်သည်ဟု ကင်းဝန်မင်းကြီး ဦးကောင်းက သူ၏ မှတ်တမ်း၌ ရေးသားထားခဲ့သည်။ ဝန်းသိုစော်ဘွား အဖြစ် ခန့်အပ်ခြင်း ခံရစဉ်က ဦးအောင်မြတ်၏ အသက်သည် ၂၃ နှစ်သာ ရှိသေးသည်။
ဦးအောင်မြတ် စော်ဘွားဖြစ်ပြီး နောက်တနှစ်တွင် မိုးညှင်းဒေသ တလျှောက်၌ ဗိုလ်ဝ ခေါင်းဆောင်သော သူပုန်များ ထကြွ သောင်းကျန်းခဲ့သည်။ လူအင်အား သုံးထောင်ကျော် လေးထောင်ခန့်နီးပါး ရှိသော သူပုန်တို့အား နှစ်ထောင်မျှလောက်သာ အင်အားစုနှင့် အောင်မြင်စွာ နှိမ်နင်းနှိင်ခဲ့သည်။ သူပုန်ခေါင်းဆောင် ဗိုလ်ဝကိုပါ အသေ ဖမ်းမိခဲ့သည်။ သီပေါမင်း ကိုယ်တိုင်က အားရတော် မူလှသဖြင့် မောရိယမဟာဝံသ သီရိသုဓမ္မရာဇာ ဟူသောဘွဲ့ဖြင့် ချီးမြှင့်ခြင်း ခံရသည်။
- ၁။ ပထမ- ဘွဲ့ မဟာဝံသသိရီဇေယ သိုဟုံဘွား ၎င်းနောက်မကြာမီ ၁၂၄၅ ခုနှစ် ပထမဝါဆို လဆန်း ၉-ရက်နေ့တွင် သိရီဇေယနှင့် လဲလှယ်၍ အဘစော်ဘွားကြီး လဲချားစော်ဘွားကြီးနည်းတူ ထီးအစီး အနင်းနှင့်တကွ ထပ်မံချီးမြင့်တော်မူပြန်သည်။
- ၂။ ဒုတိယ- မောရိယမဟာဝံသ သိရီ သုဓမ္မရာဇာ သိုဟုံဘွားဟူ၍ဖြစ်သည်။
ထိုနှစ်တွင် စကာစော်ဘွားကြီး၏ သမီးတော် မှန်နန်း အပျိုတော် စပ်ရွှေကြည်နှင့် လက်ဆက်ခဲ့သည်။ စော်ဘွား ဦးအောင်မြတ်သည် ဝန်းသိုမြို့တွင် ဟော်နန်း ရှိသော်လည်း နယ်ပယ် ငြိမ်သက်ရေးကို ရှေးရှု၍ ဝန်းသိုမြို့ အနောက်မြောက် မိုင် ၃ဝ ကျော်သော ပင်လယ်ဘူးမြို့၌ ရွှေ့ပြောင်း နေထိုင်ခဲ့သည်။
၁၂၄၇ ခုနှစ်တွင် တတိယ အင်္ဂလိပ် မြန်မာ နောက်ဆုံးစစ်ပွဲ ဖြစ်ပွားခါနီး အချိန်တွင် တိုင်းရေးပြည်ရေး မငြိမ်မသက် ဖြစ်လာသဖြင့် သတင်းမှန် ရရှိစေရန် နေပြည်တော်သို့ အထောက်တော်များ စေလွှတ် စုံစမ်းခဲ့သည်။ နေပြည်တော်မှလည်း အင်္ဂလိပ်တို့အား တိုက်ခိုက်ရန် အတွက် စစ်သားများ စုဆောင်းရန် စာချွန်တော် ရောက်လာသဖြင့် လက်နက် လူသူ အသင့် စုဆောင်းလျက် ရှိသည်။ အထောက်တော်များ ပြန်လည် ရောက်ရှိသော အခါ သီပေါမင်း အင်္ဂလိပ်လက်သို့ ပါတော်မူပြီ ဖြစ်ကြောင်း ကြားသိရသဖြင့် အင်္ဂလိပ်တို့အား ပြန်လည် တိုက်ခိုက်ရန် ကြိုးစားခဲ့သည်။
သို့ရာတွင် အင်္ဂလိပ်တို့အား ပြန်လည် တိုက်ခိုက်ခြင်း မပြုဘဲ ငြိမ်သက်စွာ နေရန် ကင်းဝန်မင်းကြီးထံမှ အမိန့်လွှာ တစောင် ရောက်လာသဖြင့် အဖကဲ့သို့ လည်းကောင်း၊ ဆရာသမား ကဲ့သို့ လည်းကောင်း လေးစား အပ်သော မင်းကြီး အမိန့် ဖြစ်သဖြင့် ခက်ထန်သော စစ်စိတ် စစ်မာန်များကို မျိုသိပ် ထားခဲ့ရသည်။ အင်္ဂလိပ် လက်အောက်သို့ကား ဝင်ရောက်ခြင်း မပြုဘဲ သစ်လုပ်ငန်း၊ စပါး လုပ်ငန်းများကိုသာ လုပ်ကိုင် စားသောက် နေခဲ့သည်။ ဝန်းသို စော်ဘွားကြီး ဦးအောင်မြတ် ဦးစီး လုပ်ကိုင်သော သစ်လုပ်ငန်း ထွန်းကားရာ နေရာကို မိမိတို့သာ ရရှိလျှင် ချက်ချင်း ချမ်းသာနိုင်သည်ဟု စိတ်ကူးမိသူ အချို့က ဦးအောင်မြတ်သည် စီးပွားရေးကို ဖိဖိစီးစီး လုပ်ကိုင်၍ ငွေကြေး စုဆောင်းကာ တော်လှန် ပုန်ကန်ရန် အကြံပြုနေသည်ဟု အင်္ဂလိပ် အရာရှိများအား ချောပစ်စကား ပြောဆိုကြသည်။ ထိုအခါ ဦးအောင်မြတ်ကို နေပြည်တော်သို့ ခေါ်ယူ စစ်ဆေးလိုကြောင်း ကင်းဝန်မင်းကြီးအား အကြောင်းကြား စေခဲ့သည်။
ကင်းဝန်မင်းကြီးသည် ဦးအောင်မြတ်ကို နေပြည်တော်သို့ လာရောက် ရှင်းလင်းရန် ဆင့်ခေါ်ခဲ့သည်။ သို့ရာတွင် ဦးအောင်မြတ်က အရှင်သခင်များ မရှိသည့်နောက် နေပြည်တော်သို့ မလာရောက် လိုတော့ကြောင်း၊ တပါးကျွန်မခံလိုတော့ကြောင်း၊ အင်္ဂလိပ် မင်းနှင့်တကွ အင်္ဂလိပ်အရာရှိ ကိုယ်စားလှယ် တို့ကိုလည်း အရိုအသေ မပြုလိုတော့ကြောင်း အကြောင်း ပြန်လိုက်သည်။ ယင်းသို့ စာပြန်ပြီးနောက် အင်္ဂလိပ်များ လာရောက် တိုက်ခိုက်ပါက အသင့် ဖြစ်စေရန် ဝန်းသိုမြို့ ပတ်ဝန်းကျင်၌ သစ်တပ်မြို့ရိုးများ ဆောက်ခြင်း၊ ကင်းတပ်များ အထပ်ထပ်ချခြင်း၊ လူသူလက်နက် စုဆောင်းခြင်း စသည်များ ပြုလုပ် လာခဲ့သည်။ မက္ခရာ မင်းသားကြီး၏ သားတော် ထိပ်တင်ရန်ပိုင်နှင့် မူးမတ် တစုတို့သည် အင်္ဂလိပ်တို့အား တိုက်ခိုက်ရာမှာ ရှုံးနိမ့်သဖြင့် ဦးအောင်မြတ်၏ ဖခင် ဦးရွှေသာ၏ အကူအညီဖြင့် ယူနန်နယ်သို့ ဆုတ်ခွာ လာခဲ့သည်။ ဦးရွှေသာကိုလည်း တော်လှန် ပုန်ကန်မှု အားပေးသည်ဟု ဆိုကာ အင်္ဂလိပ် အစိုးရက ဖမ်းဆီးရန် အမိန့်ထုတ်ကြောင်း ဦးအောင်မြတ် သိသောအခါ ဖခင်ရှိရာ မိုးကောင်းမြို့သို့ သွားရောက်၍ အခြေအနေကို ဆွေးနွေးခဲ့သည်။ အင်္ဂလိပ်တို့ကား ဦးအောင်မြတ်တို့ သားအဖကို မဖမ်းသေးဘဲ ကင်းဝန်မင်းကြီးကို ဖျောင်းဖျ နားချရန် စေလွှတ်လိုက်သည်။
ဦးအောင်မြတ် မိုးကောင်းသို့ သွားနေခိုက် ဖြစ်၍ ကင်းဝန်မင်းကြီးသည် ဦးအောင်မြတ်နှင့်မတွေ့ဘဲ မန္ဈလေးသို့ ပြန်ခဲ့ရသည်။ ကင်းဝန်မင်းကြီးမှ တဆင့် စေ့စပ် မရသဖြင့် အင်္ဂလိပ် အစိုးရသည် ဦးအောင်မြတ်၏ ငယ်ဆရာ ဝန်းသို ဆရာတော် ဦးဂုဏမှ တဆင့် စေ့စပ်ပြန်သည်။ အင်္ဂလိပ်ကို ကျွန်အဖြစ် မခံလို အင်အား ပြည့်လာသည့် တနေ့ မန္တလေးကို တိုက်ယူပါမည်ဟု ဆရာတော်အား လျှောက်ထားခဲ့သည်။ စေ့စပ်မရသည် အဆုံး၌ မြန်မာသက္ကရာဇ် ၁၂၅၂ ခုနှစ်တွင် အင်္ဂလိပ် အစိုးရသည် ခွန်းတောင် မြို့အုပ်နှင့် အခွန်ဝန် ဦးစံတို့ကို စစ်တပ် တတပ်နှင့် စေလွှတ်လိုက်သည်။ ဝန်းသိုမြို့ စော်ဘွား ဦးအောင်မြတ်သည် အင်္ဂလိပ်တို့ စေလွှတ်လိုက်သော တပ်များကို မှန်ကင်းတောင် စခန်းမှ ဆီးကြို တိုက်ခိုက်ရန် ချီတက် လာခဲ့သည်။ မှန်ကင်းတောင် စခန်းတွင် အင်္ဂလိပ်တပ်များနှင့် ဝန်းသိုစော်ဘွား တပ်များ တွေ့ဆုံ တိုက်ပွဲဖြစ်ပွားရာ ရှုံးပြီး အင်္ဂလိပ်တို့ ဆုတ်ခွာခဲ့ရသည်။ တိုက်ပွဲဖြစ်ရာ မှန်ကင်းတောင် စခန်းတွင် ယခုတိုင် အမှတ်အသား စိုက်ထူထားသော ကျွန်းတိုင်ကြီး တတိုင် ရှိနေသေးသည်။ ကောလင်းမြို့ဘက်သို့ ဆုတ်ခွာသွားသော အင်္ဂလိပ်တပ်များကို ဝန်းသိုစော်ဘွား တပ်များက လိုက်လံ တိုက်ခိုက်ရာ အင်္ဂလိပ်တို့ဘက်မှ စစ်ဗိုလ် တဦးနှင့် တပ်သား သုံးဦး ကျဆုံးခဲ့သည်။
အင်္ဂလိပ် တပ်များလည်း ကောလင်းမြို့မှနေ ထပ်ပြီး ဆုတ်ခွာရသည်။ ထိုအခါမှ စ၍ ဝန်းသိုစော်ဘွား ဦးအောင်မြတ်၏ အမည်သည် အင်္ဂလိပ်မင်း အုပ်ချုပ်သည့် မန္တလေးမြို့မှသည် အောက်ပြည်ဒေသ ရန်ကုန်မြို့သို့ တိုင်အောင် ကျော်ကြား လာခဲ့သည်။ ရှုံးနိမ့်၍ ဆုတ်ခွာခဲ့ရသော အင်္ဂလိပ်တပ်များကို အားဖြည့်ရန် ၁၂၅၂ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက်နေ့တွင် ကသာမှ ဗိုလ်နှစ် စဗက် ဦးဆောင်သော အမှတ် (၂ဝ) ခြေလျင်တပ်ရင်းနှင့် ရွှေဘိုမှ ဗိုလ်ကြီး ကေရီ ဦးဆောင်သော မြင်းတပ်များ ရောက်ရှိလာ သဖြင့် ကောလင်းမြို့သို့ ပြန်၍ ချီတက် လာကြပြန်သည်။ ဝန်းသိုစော်ဘွား ဦးအောင်မြတ်သည် သူ၏ ဝန်းသိုတပ်များနှင့် အတူ ဖခင်ဖြစ်သူ မိုးကောင်းမြို့ဝန်၏ တပ်များနှင့်ပါ ကောလင်းသို့ အပြင်းချီတက်ကာ အင်္ဂလိပ်များကို တိုက်ခိုက်သည်။ သို့ရာတွင် အင်အားချင်း မမျှသဖြင့် ရုတ်တရက် မြို့သို့ မချဉ်းကပ်သေးဘဲ မြို့ပြင်မှသာ ဝန်းရံနေ၍ အင်္ဂလိပ် တပ်များကို တောထဲသို့ မျှားခေါ်သည်။ ယင်းတိုက်ပွဲတွင် နှစ်ဘက်စလုံးမှ အကျအဆုံး ဒဏ်ရာရသူ များပြားသည်။ လက်နက် အင်အား လူအင်အား မမျှသဖြင့် ဆုတ်ခွာ ခဲ့ရသော်လည်း ဦးအောင်မြတ်၏ တပ်များသည် အင်္ဂလိပ်တို့ကို အကြိမ်ကြိမ် ပြန်လှန် တိုက်ခိုက်မှုများ ပြုခဲ့သည်။ ထိုနယ်မြေ ဒေသ တဝိုက်၌ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားစေခဲ့သည်။ အင်္ဂလိပ် အစိုးရက ယင်းတို့၏ စစ်တပ်အတွက် ရွှေဘိုမှ နောက်ထပ်တပ်များ စစ်ကူရောက်လာရာ ဝန်းသို တပ်များသည် တဖြေးဖြေး ဆုတ်ခွာရင်း ကျိုင်းခွင်တောင်ကုန်း၌ တပ်စွဲ၍ အခိုင်အမာ ခုခံရာ အင်္ဂလိပ်တပ်များ မကပ်နိုင်အောင် ရှိခဲ့သည်။ အဝေးမှ အမြောက် သေနတ်များဖြင့် အင်္ဂလိပ်တပ်များက ပစ်ခတ်သော်လည်း ခပ်ဝေးဝေးမှ ပစ်ရသဖြင့် မျှော်မှန်းသလောက် မဖြစ်ဘဲ ဝန်းသို စော်ဘွားတပ်များ အထိအခိုက် နည်းသည်။ နောက်ဆုံး၌ အင်္ဂလိပ်တပ်များသည် ကျိုင်းခွင်တောင်ကုန်းကို ပတ်၍ စီးသော ဒေါင်းဖြူချောင်းကို အကျအဆုံး များစွာနှင့် ဖြတ်ကူးကား ဝန်းသို့တပ်များကို အနီးကပ် တိုက်ခိုက်ကြသည်။ ဝန်းသိုစော်ဘွား၏ တပ်များသည် အတော်ကြာကြာ ခုခံ တိုက်ခိုက်ကြပြီးနောက် တောင်ကုန်း တဖက်မှ အင်္ဂလိပ်တပ်များကို ဖောက်ထွက်၍ ဝန်းသိုမြို့သို့ ဆုတ်ခွာခဲ့ကြသည်။ ကျိုင်းခွင် တိုက်ပွဲတွင် နှစ်ဘက်စလုံးမှ အပျက်အစီး အသေအပျောက် များသည်။ အင်္ဂလိပ် စစ်သား သုံးဦး ကျဆုံးသည့် နေရာတွင် ကျောက်တိုင်တခု စိုက်ထူထားရာ ယခုတိုင် တွေ့နိုင်သေးသည်။
ကျိုင်းခွင်တောင်ကုန်းမှ ဆုတ်ခွာသည့် နေ့တွင်ပင် ရေဦးမြို့နယ်မှ ဗိုလ်ကြီး ဟက်ချင်ဆန် ဦးဆောင်သော အင်္ဂလိပ် စစ်ပုလိပ်တပ် တတပ်နှင့် ဥက္ကံမြို့နားရှိ မိုးနန်းကျောင်းတွင် တပ်စွဲနေသော ဝန်းသိုတပ်များ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားသည်။ ထိုတိုက်ပွဲတွင် စော်ဘွားကြီး ဦးအောင်မြတ်တပ်မှ ၂၇ ယောက် ကျဆုံးသည်။ အင်္ဂလိပ်စစ်ဗိုလ် ဗိုလ်ကြီး ဟတ်ချင်ဆန်လည်း ဦးခေါင်းတွင် ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားရာ ယင်းဒဏ်ရာနှင့်ပင် မကြာမီ သေဆုံးခဲ့သည်။ လက်နက် အင်အား လူအင်အား မမျှသည့်ပြင် အတွေ့အကြုံ နည်းပါးသော သူများနှင့် တိုက်ခိုက်ရသော်လည်း သူ့ကွ္ဆန်မခံလိုသော မျိုးချစ်စိတ်ဓာတ်ကြောင့် ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်သည် အင်္ဂလိပ်တို့ကို ဝန်းသို၊ ကောလင်း၊ မိုးကောင်း၊ မိုးညှင်း၊ ပင်လယ်ဘူး စသော ဒေသများမှ အပြင်းအထန် တော်လှန် တိုက်ခိုက်ခဲ့သည်။ မဲဇာချောင်းနားရှိ မန်လောင် မန်စီ ဒေသများတွင်လည်း အင်္ဂလိပ်တို့နှင့် အကြိမ်ကြိမ် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
ဝန်းသို စော်ဘွားကြီး ဦးအောင်မြတ်သည် လူသူ လက်နက် အနည်းငယ်နှင့် တနှစ်နည်းပါးမျှ အားမလျှော့ဘဲ ဇွဲနပဲနှင့် တိုက်ခိုက်ခဲ့သော ပုဂ္ဂိုလ်ကြီး ဖြစ်သည်။ အင်္ဂလိပ် အစိုးရသည် စော်ဘွားကြီးကို ထိုအချိန်အထိ သူပုန်ဟုလည်း မကြေညာဘဲ သူတို့ဘက် ဝင်လာလျှင် အခါမရွေး လက်ခံ၍ ရာထူးပင် ပေးမည်ဟု စကား ကမ်လှမ်းမြဲ ကမ်လှမ်းလျက် ရှိသည်။ ဝန်းသို စော်ဘွားကြီးကာ အင်္ဂလိပ်တို့ မည်သို့ ခေါ်ယူ ချော့မော့စေကာမူ စကားပင် မပြန်ခဲ့ချေ။ အင်္ဂလိပ်ဆိုလျှင် သူနှင့် အဖက်မတန်ဟုပင် သဘောပိုက်ထားဟန် တူသည်။ နောက်ဆုံးတွင် ဝန်းသို စော်ဘွားကြီး၏ တပ်များသည် မန်စီ အနီး အင်္ဂလိပ် စစ်တပ်နှင့် တွေ့၍ ဝိုင်းမိနေသော အခါ အင်္ဂလိပ် စစ်တပ်နှင့် အတူ ပါလာသော မြတောင် မြို့စားက ဝန်းသို စော်ဘွားကြီးကို စကား ကမ်းလှမ်းပြန်ရာ ရာထူးမက်၊ ဥစ္စာမက်၊ စိတ်မခိုင်သူများ သစ္စာဖောက်ကာ အင်္ဂလိပ်ဘက်သို့ တစတစ ဝင်သွားကြသည်က တကြောင်း၊ မိုးဦးကျလာ သဖြင့် နောက်လိုက် နောက်ပါများ ငှက်ဖျားရောဂါ ဖြစ်လျက် စိတ်ဓတ် ကျဆင်းလာသည်က တကြောင်း၊ အထောက်အပံ့ အကူအညီများကလည်း နည်းပါသထက် နည်းပါး လာသည်က တကြောင်း၊ အရပ်ရပ်သော အခြေအနေတို့ကလည်း အဆိုးဘက်နှင့် အရှုံးဘက်ကချည်း များနေသည်က တကြောင်း ဤသို့သော အကြောင်းများကြောင့် အတိုက်အခိုက် ရပ်ရန် ဆုံးဖြတ်လိုက်သည်။
သို့ရာတွင် ဝန်းသို စော်ဘွားကြီးသည် အင်္ဂလိပ် လက်အောက်သို့ကား မဝင်။ ဖခင်ရှိရာ တရုတ်ပြည်သို့ ထွက်ခွာ တော့မည်ဟု အကြောင်းပြန်ရာ မြတောင်မြို့စားက ဘေးရန် ကင်းရှင်းသော တရုတ်ပြည် ထွက်လမ်း ကို အလံစိမ်း လွှတ်ပြသဖြင့် ထိုလမ်းအတိုင်း ၁၂၅၃ ခုနှစ်တွင် ထွက်ခဲ့သည်။ မိုညှင်းမှ ဘီးလင်းမြို့၊ ယင်းမှ ဟိုပင်နန့်ဆော်လော်၊ ထိုမှ စန်းတာမြို့သို့ ဝင်သည်။ စန်းတာမြို့မှ စန်းတာ စော်ဘွားက ကောင်းစွာ ကြို၍ နေရာ ထိုင်ခင်းများ ချပေးသည်။ စန်းတာမြို့၌ပင် ၁၂၇၈ ခုနှစ်တွင် ဖခင် မိုးကောင်း စော်ဘွားကြီး ဦးရွှေသာ ကွယ်လွန်ရာ၊ ဦးအောင်မြတ် ကိုယ်တိုင် ဖခင် အလောင်းကို ထမ်း၍ မြို့ဦးဈေး နေရာ၌ သဂြိုဟ်ခဲ့သည်။
ယူနန်နယ် စန်းတာမြို့၌ ရှိနေစဉ်လည်း အင်္ဂလိပ် အစိုးရက စော်ဘွားကြီး၏ သတင်းများကို အမြဲ သိရှိလိုသည် ဟူသော အမိန့်ကြောင့် မန်းတာ၊ မိုင်းလ စသော မြို့များမှ လာသော ခရီးသည်များထံတွင် စုံစမ်းပြီးလျှင် မြတောင် မြို့စားက အမြဲ အစီရင်ခံစာ သွင်းနေရသည်။ ယူနန်နယ်တွင် နေထိုင်စဉ် စော်ဘွားကြီးသည် စပါး ပေး ပေးခြင်း၊ တတ်ကျွမ်းထားသော မြန်မာ့ ဆေးပညာဖြင့် ဆေးဝါး ကုသပေးခြင်းတို့ဖြင့် ဖြစ်သလို အသက်မွေး ဝမ်းကျောင်း ရှာဖွေ စားသောက် နေထိုင်ခဲ့သည်။ စော်ဘွားကြီး ဦးအောင်မြတ်သည် အင်္ဂလိပ် လက်အောက် တွင် အညံခံ၍ ဝင်လျှင် သူများနည်းတူ ရာထူးရာခံ အပြည့်အဝနှင့် ထိပ်တန်းမှ သက်သောင့် သက်သာ နေရမည် ဖြစ်ပါလျက် သူ့ကျွန် မခံလိုသော စိတ်ဓာတ်ကြောင့် စည်းစိမ် ချမ်းသာများကို စွန့်လွှတ် လျက် နေထိုင်ခဲ့သော မြန်မာမျိုးချစ် ပုဂ္ဂိုလ်ကြီး ဖြစ်သည်။
စော်ဘွားကြီး ဦးအောင်မြတ်သည် ယူနန်နယ် စန်းတာမြို့၌ ၁၃ နှစ်၊ မိုင်းလမြို့၌ ၁၉ နှစ်၊ စုစုပေါင်း ၃၂ နှစ် တိုင်တိုင် သူ့ကျွန် မခံလိုသော စိတ်ဖြင့် တရုတ်ပြည် မြို့များတွင် နေထိုင်ခဲ့သည်။ မြန်မာပြည် ဘုရင်ခံက စော်ဘွား ကြီး ဦးအောင်မြတ်အား ဦးရီးတော် ညောင်ရွှေ စော်ဘွားကြီး ဆာစောမောင် မှတဆင့် မြန်မာပြည်သို့ ပြန်ပြောင်းလာသော အခါ စိတ်မငြိုငြင်စေရပါ၊ အထောက်အပံ့ ပေးပါမည်ဟု ပြောကြားလာသည်။
ဦးအောင်မြင့်၏ ကြင်ရာတော် မဟာဒေဝီ စပ်ရွှေကြည်၏ ဦးရီးတော် ညောင်ရွှေ စော်ဘွားကြီး ဆာ စောမောင်လည်း အသက်ရွယ်ကြီးပြီ ဖြစ်သဖြင့်ကိုယ်ရပ် ကိုယ်ဒေသသို့ ပြန်နေပါရန် အတန်တန် တောင်းပန် ပြောဆို လာသည်။ အမျိုးမျိုးအဖုံဖုံအဘက်ဘက်မှ စဉ်းစားပြီးမှ စော်ဘွားကြီးဦးအောင်မြတ်သည် (ခရစ်နှစ် ၁၉၂၃) ၁၂၈၅ ခုနှစ်၊တပေါင်းလဆန်း ၉ ရက် နေ့တွင် မြန်မာနိုင်ငံသို့ ပြောင်းရွေ့လာခဲ့သည်။
ယင်းနှစ် နှောင်းတန်ခူးလဆန်း ၈ ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ ရောက်ရှိ၍ ဟောကုန်းရှိ သထုံဟော်တွင် နေထိုင်ခဲ့သည်။ သထုံဟော်၌ပင် ကြင်ရာတော် မဟာဒေဝီ စပ်ရွှေကြည်သည် အသက် ၇၁ နှစ် အရွယ်၌ ကွယ်လွန် အနိစ္စ ရောက်ခဲ့သည်။
တောင်ကြီးမြို့သို့ ပြန်ရောက်သော အခါ ဝန်းသို စော်ဘွားကြီး ဦးအောင်မြတ်ကို အင်္ဂလိပ် အစိုးရတို့က တလလျှင် ထောက်ပံ့ငွေ ၁ဝဝိ ပေးခဲ့သည်။ ထိုစဉ်က ငွေ ၁ဝဝိ သည် ယခုငွေနှင့် ခေတ်ကာလ အလျောက် နှိုင်းစာလျှင် ၁ဝဝဝိ မျှပင် ကျော်မည် ထင်သည်။
စော်ဘွားကြီးသည် ထိုထောက်ပံ့ငွေကို နည်းသည် များသည်လည်း မပြော။ အချိန်တန်၍ လာရောက် ထုတ်ပေး လျှင် သားသမီးများ လက်သို့ လွှဲအပ် ပေးခဲ့သည်။ စော်ဘွားကြီး အတွက်မူ ဦးရီးတော် ညောင်ရွှေ စော်ဘွားကြီး ဆာစောမောင် ထောက်ပံ့နေသော ငွေဖြင့်သာ ရောင့်ရဲစွာ သုံးစွဲနေခဲ့သည်။ ညောင်ရွှေစော်ဘွားကြီး ဆာစောမောင် သည် ဝန်းသို စော်ဘွားကြီး ဦးအောင်မြတ် ပြန်ရောက်၍ သုံးနှစ်အကြာ ကွယ်လွန် သွားရှာသည်။
ဦးအောင်မြတ် သည် မည်သူ့အားမျှ အပူမကပ်ဘဲ ရသမျှဖြင့် တင်းတိမ် ရောင်ရဲစွာ လောကုတ္တရာဘက်တွင်သာ အားထုတ် နေထိုင်ခဲ့သည်။ ညောင်ရွှေစော်ဘွား စပ်ရွှေသိုက်ကလည်း ဆက်လက် ထောက်ပံ့ခဲ့သည်။ ဒုတိယ ကမ္ဘာစစ် ဖြစ်၍ မြန်မာနိုင်ငံသို့ ဂျပန်များ ဝင်လာသော အခါ၌လည်း အင်္ဂလိပ် အစိုးရကဲ့သို့ပင် တလလျှင်ငွေ ၁ဝဝိ ထောက်ပံ့ခဲ့ရာ ဂျပန်တို့ ထွက်ပြေးသည့် အချိန်အထိ ဖြစ်သည်။
ဒုတိယ ကမ္ဘာစစ် ပြီးဆုံးသည့် နောက်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရသောအခါ ခရစ် ၁၉၅ဝ ပြည့်နှစ်၊ အောက်တိုဘာလမှ စ၍ ဝန်းသို စော်ဘွားကြီးနှင့် သခင်ကိုယ်တော်မှိုင်းတို့အား မြန်မာအစိုးရက ကျေးဇူးဆပ်သည့် အနေဖြင့် တလလျှင် ထောက်ပံ့ကြေးငွေ ၅ဝဝိ ကျပ်စီ ပေးခဲ့သည်။
ဝန်းသို စော်ဘွားကြီး ဦးအောင်မြတ်သည် မြန်မာ သက္ကရာဇ် ၁၃၂၆ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက်နေ့ (ခရစ် နှစ် ၁၉၆၅ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်) နေ့တွင် တောင်ကြီးမြို့၌ အသက် ၁ဝ၃ နှစ်တွင် ကွယ်လွန် အနိစ္စ ရောက်သည်။ ယင်းနှစ် ပြာသိုလဆန်း ၉ ရက်နေ့တွင် စော်ဘွားကြီး၏ ရုပ်ကလာပ်ကို တောင်ကြီးမြို့ ရပ်တော်မူ ကုန်း မြောက်ဘက်ရှိ စီစဉ် ရွေးချယ် သတ်မှတ်ထားသော မြေနေရာသို့ ယူဆောင်ကာ ရှေးထုံး စဉ်လာ အတိုင်း ဂူသွင်း သဂြိုဟ်ကြသည်။ အာဏာသိမ်း တော်လှန်ရေး စစ်ကောင်စီကလည်း စော်ဘွားကြီး၏ လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့သည့် ဂုဏ်ကျေးဇူးကို ဆပ်သည့် အနေဖြင့် မသာစရိတ်ငွေ ၅,ဝဝဝိ ထောက်ပံ့ ခဲ့သည်။
စော်ဘွားကြီး ဦးအောင်မြတ်တွင် ဦးခွန်ဆက် (ခေါ်) စောခွန်ဆက်၊ စောစံမြ၊ ခွန်လုံး၊ ခွန်ဖုံးနှင့် ခွန်ချို ဟူသော သား ၅ ယောက်နှင့် နန်းဆိုင်မယ်၊ စောဖြူ ဟူသော သမီး ၂ ယောက် ထွန်းကားခဲ့သည်။[၂]