လောကချမ်းသာဘုရား (ပုဂံ)

ဝီကီပီးဒီးယား မှ

လောကချမ်းသာဘုရားသည် ပုဂံဒေသ၊ ဝက်ကြီးအင်းရွာ တောင်ဘက်၊ ဧရာဝတီမြစ်ကမ်းသို့ သွားသော လမ်းအနီးတွင် တည်ရှိသည်။ မြန်မာသက္ကရာဇ် ၆၀၀ တွင် သခင်အိုဝ်ပြည့်ဝ၏ ကောင်းမှုတော်ဟု ဆိုသည်။ လောကချမ်းသာ လိုသူတို့ အဓိဋ္ဌာန်ပြု ဆုတောင်းကြည်ညိုလျှင် အလိုပြည့်သည်ဟု ယုံကြည်ကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဦးခင်မောင်ကြီး(ရန်ကုန်တက္ကသိုလ်) ရေး ပုဂံဘုရားများ သမိုင်းနဲ့ ဧည့်လမ်းညွှန်၊ စာ-၃၄