လပန

ဝီကီပီးဒီးယား မှ

မြှောက်ပင့်၍ပြောခြင်း

လပနာ, အာလပနာ, သလ္လပနာ, ဥလ္လပနာ, သမုလ္လပနာ, ဥန္နဟနာ, သမုန္နဟနာ, ဥက္ကာစနာ, သမုက္ကာစနာ, အနုပိယဘာဏိတာ, စာတုကမျတာ, မုဂ္ဂသူပျတာ, ပါရိဘဋျတာဟု (၁၃)ပါးသော လပနာများ ရှိသည်။

၁။ လပနာ = ပစ္စည်းရလို၍ မြှောက်ပင့်၍ပြောခြင်း၊

၂။ အာလပနာ = ဒကာက မပင့်ဖိတ်ဘဲ “ငါလာခဲ့မည် ”ဟု တင်ကြို၍ ဆိုခြင်း၊ တစ်နည်း = မည်သည့်မင်း, အမတ်, သူဌေး, ဗိုလ်မှူးသည် ငါ့ကို အလွန် ကြည်ညို၏၊ ငါသည် မည်သည့် ရာထူးရှိ ပုဂ္ဂိုလ် ဖြစ်၏၊ စသည်ဖြင့် မိမိကိုယ်ကို မြှောက်၍ ဆိုခြင်း။

၃။ သလ္လပနာ = ဒကာတို့နှင့် ဆန့်ကျင်မည်ကို ကြောက်၍ အလိုက်သင့် အခွင့်ပေးကာ ကောင်းစွာ ဆိုခြင်း။

၄။ ဥလ္လပနာ = ကျောင်းဒကာကြီး, ရဟန်းဒကာကြီး, ဗိုလ်မှူးကြီး, မင်းကတော်ကြီး စသည်ဖြင့် ကြီးတစ်လုံးကို သုံး၍ မြှောက်ကာ ပင့်ကာ ဆိုခြင်း။

၅။ သမုလ္လပနာ = ခပ်သိမ်းသော အဖို့အားဖြင့် လွန်စွာ မြှောက်ပင့်၍ ဆိုခြင်း။

၆။ ဥန္နဟနာ = ဆင့်ကာဆင့်ကာ ရစ်၍ ဆိုခြင်း၊ ရှေ့နှစ်အခါတွေက ဤ အချိန်၌ ကောက်ဦး ပဲဦး လှူကြသည်၊ ယခု မလှူပြီလော? လှူဒါန်းပါမည်ဟု ဝန်မခံမချင်း ဆင့်ကာဆင့်ကာ ရစ်၍ ဆိုခြင်း။

၇။ သမုန္နဟနာ = ခပ်သိမ်းသော အဖို့အားဖြင့် လွန်စွာ ရစ်ပတ်၍ ဆိုခြင်း။

၈။ ဥက္ကာစနာ = ချီးကျူး၍ပြခြင်း ဤဒါယကာသည် ငါ့ကို ဘယ်အခါမှ မမေ့၊ လှူစရာရှိလျှင် ငါ့အားသာ လှူသည် စသည် ပြောဆိုခြင်း။

၉။ သမုက္ကာစနာ = ခပ်သိမ်းသော အဖို့အားဖြင့် အဖန်ဖန် ချီးကျူး၍ ပြောဆိုခြင်း။

၁၀။ အနုပိယဘာဏိတာ = အမှန်ကို မငဲ့၊ ချစ်ခင်အောင် အဖန်ဖန် များစွာ ဆိုခြင်း။

၁၁။ စာတုကမျတာ = မိမိကိုယ်ကို နှိမ်ချ၍ ခင်ဗျား, ကျွန်တော်, ဟုတ်ကဲ့ စသည်ဖြင့် အောက်ကျစွာ ဆိုခြင်း။

၁၂။ မုဂ္ဂသူပျတာ = ပဲနောက်ဟင်းအလား မဖောက်ပြန်သော (ဝါ) ကျက်သော ပကတိပဲနောက်က နည်း၏၊ ဖောက်ပြန်၍ မကျက်သော ဝိကတိ ပဲနောက်က များ၏၊ ထို့အတူ ဒါယကာ ဒါယိကာမတို့ ကျေနပ်အောင် ပကတိအမှန် နည်း၍ ဝိကတိအမှား များများ ဆိုခြင်း။

၁၃။ ပါရိဘဋျတာ = ကလေးငယ်တို့ကို အထိန်းသည်ကဲ့သို့ ရင်ခွင်ဖြင့် ပုခုံးဖြင့် ချီပိုးခြင်း။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. လင်းရောင်ကြည် ဆရာတော် ဦးကောဝိဒါဘိဝံသ (ဝိနည်းပဒေသာ သင်တန်း)