ရုစိရဇာတ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
တိကနိပါတ် - ၃။ ဥဒပါနဝဂ် -(၂၇၅) ရုစိရဇာတ်။ ။ သူတော်ယောင်ဆောင်လျက် ခိုနှင့်ပေါင်း၍ စားဖိုအိပ်ဝင်ကာ ခိုးစားမိသဖြင့် တစ်ကိုယ်လုံး အမွေးနုတ်ခံရ၍ သေပွဲဝင်ရသော ကျီးမိုက်အကြောင်း။
[အတိတ်ဝတ္ထု လောလဇာတ်နှင့် တူ၏]
ပစ္စုပ္ပန်ဝတ္ထု
[ပြင်ဆင်ရန်]လော်လည်သမှု အကြောင်းပြု
[ပြင်ဆင်ရန်]နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် လျှပ်ပေါ်လော်လည်းသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။ [ဤဇာတ်၌ ပစ္စုပ္ပန်ဝတ္ထု၊ အတိတ်ဝတ္ထု၊ ဇာတ်ပေါင်းတို့သည် ဆိုခဲ့ပြီးသော လောလဇာတ်နှင့် တူကုန်ပြီ၊ ဂါထာ ပါဠိတို့သာ ထူးကုန်၏။]
ခိုပညာရှိ ပြောသောစကား -
[ပြင်ဆင်ရန်]“အဆွေ ... ဖြူစင်သော အဆင်းရှိသော ဤဗျိုင်းငှက်ကား အဘယ်သို့သော ဗျိုင်းငှက်နည်း၊ ကျီးသိုက်၌ လာနေ၏။ ငါ့အဆွေခင်ပွန်းအားလည်း အသိုက်တစ်ခုရှိ၏။ ငါ့အဆွေခင်ပွန်းဖြစ်သော ကျီးကား ကြမ်းတမ်းလှ၏”။
ကျီးမိုက်ဆိုသောစကား -
[ပြင်ဆင်ရန်]“အဆွေ ... ငှက်တို့အစာဖြစ်သော မြက်သီးကိုသာ စားသောသင်သည် အကျွန်ုပ်ကို မသိသလော၊ သင်၏စကားကို မနာယူမိ၍ ငါ့ကို အမွေးနုတ်အပ်ပြီ၊ ကျက်စားရာမှ ပြန်လာသော သင်သည် ငါ့ကို ရှုကြည့်ပါဦးလော့”။
ခိုပညာရှိ ဆိုသောစကား -
[ပြင်ဆင်ရန်]“အဆွေ ... သင်သည် နောက်ထပ်လည်း ဤလိုဆင်းရဲဒုက္ခမျိုးသို့ ရောက်ရလတ္တံ့၊ အမှန်မှာ သင်တို့ အလေ့အကျင့်ကား ထိုဆင်းရဲဒုက္ခမျိုးသို့ ရောက်ဖို့ရန် အလေ့အကျင့်သာဖြစ်၏။ ငှက်တို့အား လူတို့ အသုံးအဆောင်တို့မှာ သုံးဆောင်လွယ်သည် မဟုတ်ကုန်”။
ရုစိရဇာတ် ပြီး၏။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။