အရှေ့မြောက်တိုင်းစစ်ဌာနချုပ်
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် | |
---|---|
ရမခ | |
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တံဆိပ် | |
တည်ထောင် | ၂၇ ဇူလိုင် ၁၉၇၂ |
နိုင်ငံ | မြန်မာ |
တပ်မတော် အမျိုးအစား | တပ်မတော် (ကြည်း) |
တပ် အမျိုးအစား | တိုင်းစစ်ဌာနချုပ် |
အခန်းကဏ္ဍ | နယ်မြေဒေသ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေး၊ နယ်မြေအတွင်းရှိ တပ်အားလုံး၏ ဦး/ရေး/ထောက်ဆိုင်ရာကိစ္စရပ်များ စီမံပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း |
အမည်ပြောင် | ကြက်ဥကြော် |
အုပ်ချုပ်သူများ | |
တိုင်းမှူး | ဗိုလ်မှူးချုပ် စိုးလှိုင် |
ဒုတိယတိုင်းမှူး | ဗိုလ်မှူးချုပ် တင်ထွန်းအောင် [၁] |
တိုင်းဦးစီးချုပ် | ဗိုလ်မှူးကြီး/ဗိုလ်မှူးချုပ် သန့်ထင်စိုး |
အဆောင်အယောင်များ | |
အလံတော် |
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (အတိုကောက်: ရမခ) သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင်အခြေစိုက်သော တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်သည်။ ရမခ၏ အဓိကတာဝန်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းနယ်မြေနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံတပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ ၂၀၂၄ ဇူလိုင်လ ၁၇ရက်နေ့မှ လက်ရှိထိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ် စိုးလှိုင် ဖြစ်သည်။၂၀၂၄ ခုနှစ် ဩဂုတ်လ ၃ရက်နေ့ တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အား မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA နှင့်တပ်ပေါင်းစုမဟာမိတ်များက အပြည့်အဝ ထိန်းချုပ်လိုက်သည်။၁၉၄၉ ခုနှစ် က မေမြို့အခြေစိုက် ယခင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အား ကရင်အမျိုးသား ကာကွယ်ရေးတပ် (KNDO) က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားပြီးနောက်[၂] ၇၅ နှစ်တာကာလအတွင်း မြန်မာ့တပ်မတော် ၏ ပထမဦးဆုံးကျရှုံးသည့် တိုင်းစစ်ဌာနချုပ်တစ်ခု အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ [၃]
သမိုင်း
[ပြင်ဆင်ရန်]၁၉၆၁ခုနှစ်တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကို တောင်ကြီးမြို့တွင် စတင်ဖွဲ့စည်းခဲ့သည်။၁၉၇၀ ပြည့်လွန်နှစ်များတွင် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၌ ဗမာပြည်ကွန်မြူနစ်ပါတီမှ အပြင်းအထန်လှုပ်ရှားလာသဖြင့် ၁၉၇၀ ပြည့်နှစ်၊ ဇွန်လတွင် မဟာဗျူဟာကွပ်ကဲမှုဌာနချုပ်ကို လားရှိုးမြို့တွင် ဖွင့်လှစ်ခဲ့သည်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ တပ်များ၊ တပ်မတော်စစ်ဆင်ရေးများကို မဟာဗျူဟာကွပ်ကဲမှုဌာနချုပ်မှ တိုက်ရိုက်ကွပ်ကဲခဲ့သည်။ အင်အားကြီးထွားလာသော ဗမာပြည်ကွန်မြူနစ်ပါတီ၏ လှုပ်ရှားမှုများကို ပိုမိုထိရောက်စွာရင်ဆိုင်နိုင်ရန်အလို့ငှာ ၁၉၇၂ခုနှစ် ၊ ဇူလိုင်လ ၂၇ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) အား ရပခကွပ်ကဲမှုအောက်မှ ခွဲထုတ်၍ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို လားရှိုးမြို့တွင် အခြေပြုကာ ထပ်မံဖွဲ့စည်းခဲ့သည်။[၄] ထိုစဉ်ကတိုင်းမှူးမှာ ဗိုလ်မှူးကြီး အေးကိုဖြစ်သည်။[၅][၆]
ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (၁)ခု၊ အခြေချ စစ်ဗျူဟာအဖွဲ့ (၃)ဖွဲ့၊ လှုပ်ရှား စစ်ဗျူဟာအဖွဲ့ (၂)ဖွဲ့ နှင့် ၎င်း စဗဟများ ကွပ်ကဲအောက်ရှိ ခြေလျင်/ ခြေမြန်တပ်ရင်း (၁၆)ရင်းရှိသည်။
ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရုံး
[ပြင်ဆင်ရန်]- တိုင်းမှူးရုံး
- ဒုတိုင်းမှူးရုံး
- တိုင်းဦးစီးချုပ်ရုံး
- စစ်ဦးစီးမှူး(ဗိုလ်မှူးကြီး) ရုံး
- စစ်ဦးစီးမှူး(ပထမတန်း) ရုံး
- စစ်ဆင်ရေးဌာနခွဲ
- တာဝန် နှင့် လေ့ကျင့်ရေးဌာနခွဲ
- စစ်ဦးစီးမှူး(ပထမတန်း) (စစ်ဘက်ရေးရာလုံခြုံရေးဌာနခွဲ) ရုံး
- စစ်ဦးစီးမှူး(ပထမတန်း) (ပြည်သူ့စစ်ဌာနခွဲ) ရုံး
- စစ်ဦးစီးမှူး(ပထမတန်း) ရုံး
- ဦးစီးအရာရှိ(ဗိုလ်မှူးကြီး) (စစ်ရေးဌာန) ရုံး
- ဦးစီးအရာရှိ(ပထမတန်း) (ငွေစာရင်းဌာနခွဲ) ရုံး
- ဦးစီးအရာရှိ(ပထမတန်း) (မှတ်တမ်းဌာနခွဲ) ရုံး
- ဦးစီးအရာရှိ(ဗိုလ်မှူးကြီး) (စစ်ထောက်ဌာန) ရုံး
- ဦးစီးအရာရှိ(ပထမတန်း) (ဖြည့်တင်းရေးနှင့် ထိန်းသိမ်းရေးဌာနခွဲ) ရုံး
- ဦးစီးအရာရှိ(ပထမတန်း) (ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးဌာနခွဲ) ရုံး
- စစ်ဦးစီးမှူး(ဗိုလ်မှူးကြီး) ရုံး
- စခန်းရုံး
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်) အား ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး(လောက်ကိုင်)မှ ဦးစီးပြီး ၎င်း၏ ကွပ်ကဲမှုအောက်တွင် ခြေလျင်/ ခြေမြန်တပ်ရင်း (၉)ရင်းရှိသည်။
အခြေချ စစ်ဗျူဟာအဖွဲ့ (ကွတ်ခိုင်)
[ပြင်ဆင်ရန်]- ခလရ/ ခမရ - (၃)ရင်း
အခြေချ စစ်ဗျူဟာအဖွဲ့ (ကွမ်လုံ)
[ပြင်ဆင်ရန်]- ခလရ/ ခမရ - (၃)ရင်း
အခြေချ စစ်ဗျူဟာအဖွဲ့ (တန့်ယန်း)[၇]
[ပြင်ဆင်ရန်]- ခမရ ၅၂၃
- ခမရ ၃၂၆
ခလရ/ ခမရ - (၃)ရင်း
လှုပ်ရှား အမှတ်(၁)စစ်ဗျူဟာအဖွဲ့
[ပြင်ဆင်ရန်]- ခလရ/ ခမရ (၄)ရင်း
လှုပ်ရှား အမှတ်(၂)စစ်ဗျူဟာအဖွဲ့
[ပြင်ဆင်ရန်]- ခလရ/ ခမရ (၃)ရင်း
တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များ
[ပြင်ဆင်ရန်]တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ ခြေလျင်တပ်မဟာဌာနချုပ်များ
[ပြင်ဆင်ရန်]အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူများ
[ပြင်ဆင်ရန်]- ဗိုလ်မှူးကြီး အေးကို (ကြည်း - ၆၁၃၃) (၁၁-၇-၁၉၇၂ မှ ၈-၃-၁၉၇၄)
- ဗိုလ်မှူးကြီး တင်စိန် (ကြည်း - ၆၁၈၁) (၈-၃-၁၉၇၄ မှ ၅-၄-၁၉၇၆)
- ဗိုလ်မှူးကြီး လှဦး (ကြည်း - ၆၂၁၄) (၅-၄-၁၉၇၆ မှ ၂၄-၁၁-၁၉၇၇)
- ဗိုလ်မှူးကြီး မင်းနောင် (ကြည်း - ၆၁၂၉) (၂၄-၁၁-၁၉၇၇ မှ ၈-၄-၁၉၇၈)
- ဗိုလ်မှူးကြီး အေးစန် (ကြည်း - ၆၁၄၄) (၈-၄-၁၉၇၈ မှ ၁-၉-၁၉၈၀)
- ဗိုလ်မှူးကြီး မြင့်လွင် (ကြည်း - ၆၆၀၈) (၁-၉-၁၉၈၀ မှ ၁၉-၈-၁၉၈၁)
- ဗိုလ်မှူးကြီး ချစ်ဆွေ (ကြည်း - ၆၄၆၃) (ဗသက - ၈) (၁၉-၈-၁၉၈၁ မှ ၂၈-၃-၁၉၈၃)
- ဗိုလ်မှူးချုပ် စိန်အောင် (ကြည်း - ၆၇၄၀) (ဗသက - ၁၀) (၂၈-၃-၁၉၈၃ မှ ၄-၁၁-၁၉၈၅)
- ဗိုလ်မှူးကြီး ထွန်းရွှေ (ကြည်း - ၇၅၀၅)
- ဗိုလ်မှူးကြီး မောင်အေး (ကြည်း - ၇၈၇၅) (စတသ - ၁)
- ဗိုလ်ချုပ် မောင်သင့် (ကြည်း - ၇၆၀၀) (ဗသက - ၁၈)
- ဗိုလ်ချုပ် အေးကျော်
- ဗိုလ်ချုပ် တင်ငွေ
- ဗိုလ်ချုပ် သီဟသူရ တင်အောင်မြင့်ဦး (ကြည်း - ၁၁၇၁၅) (စတသ - ၁၂)
- ဗိုလ်ချုပ် မြင့်လှိုင် (ကြည်း - ) (စတသ - ၁၇)
- ဗိုလ်ချုပ် အောင်သန်းထွဋ် (ကြည်း - ၁၄၇၅၁) (စတသ - ၂၀)
- ဗိုလ်ချုပ် အောင်ကျော်ဇော (ကြည်း - ၁၇၄၄၄) (စတသ - ၂၄)
- ဗိုလ်ချုပ် အောင်စိုး (ကြည်း - ၁၈၈၈၆) (စတသ - ၂၃)
- ဗိုလ်ချုပ် ဖုန်းမြတ် (ကြည်း - ၂၀၃၂၄) (ဗသက - ၇၃)
- ဗိုလ်ချုပ် ခင်လှိုင် (ကြည်း - ၂၂၃၈၃) (တေဇ - ၁၇)
- ဗိုလ်ချုပ် အောင်ဇော်အေး (ကြည်း - ၂၀၁၇၅) (စတသ - ၂၈)
- ဗိုလ်ချုပ် လှမိုး (ကြည်း - ၂၉၃၅၃) (စတသ - ၃၉)
- ဗိုလ်ချုပ် နိုင်နိုင်ဦး (ကြည်း - ၂၅၀၈၉) (စတသ - ၃၅) (ယခု - ဒုတိယဗိုလ်ချုပ်ကြီး)[၈]
- ဗိုလ်ချုပ် စိုးတင့် (ကြည်း - ၂၁၅၉၅) (တေဇ - ၁၆)
- ဗိုလ်မှူးချုပ် စိုးလှိုင် (ယခင် တပ်မ ၉၉ တပ်မမှူး) (ကြည်း - ၂၉၁၈၀) (တေဇ - ၂၄)[၉]
တိုက်ပွဲဖြစ်ပွားခြင်း
[ပြင်ဆင်ရန်]- ၂၀၂၄ ခုနစ် ဇူလိုင် ၃ ရက်တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် နှင့် ပူးပေါင်းအဖွဲ့က အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်(ရမခ) တည်ရှိရာ လားရှိုးမြို့ အနီးတစ်ဝိုက်ရှိ တပ်စခန်းများကို စတင်တိုက်ခိုက်ခဲ့သည်။
- ၂၀၂၄ ခုနစ် ဇူလိုင် ၁၄ ရက် နံနက်အစောပိုင်း တပ်မတော် မှ လောက်ကိုင်မြို့ တွင် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် ယင်းနေ့၌ပင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးကျင်းပမည့် လေးရက်တာကာလတွင် အစည်းအဝေးအား ဂုဏ်ပြုခြင်းနှင့် စိုးရိမ်မှုအပေါ်လေးစားခြင်းကြောင့် ဇူလိုင် ၁၄ ရက်မှ ဇူလိုင် ၁၈ ရက်အထိ အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့သည်။[၁၀]
- အပစ်အခတ်ရပ်စဲထားသော်လည်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် မှ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ အရေးပါသော ခမရ ၅၀၇ အားသိမ်းပိုက်နိုင်ခဲ့ကြောင်းထုတ်ပြန်ခဲ့သည်။[၁၁]
- တပ်မတော်မှလည်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ထိန်းချုပ်ထားသည့် သိန္နီမြို့တွင် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် အဖွဲ့က တရုတ်နိုင်ငံ၏ချက်ချင်းအပစ်အခတ်ရပ်စဲရေးနှင့် စစ်ပွဲများရပ်တန့်ရေးတောင်းဆိုချက်ကို တက်ကြွစွာတုံ့ပြန်ရန်ဟုဆိုကာ ဇူလိုင် ၁၉ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ထပ်မံအပစ်အခတ်ရပ်စဲမည်ဟု ထုတ်ပြန်ခဲ့သည်။ [၁၂]
- ၂၀၂၄ ခုနစ် ဩဂုတ်လ ၁ ရက်နေ့တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်မှ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ လက်အောက်ခံ အမှတ် (၉) တပ်မတော် ကုတင်(၁၀၀) စစ်ဆေးရုံအား၀င်ရောက်တိုက်ခိုက်ခဲ့ပြီး ကလေးလူနာ၊ ဆရာဝန်၊ သူနာပြုနှင့် ဒဏ်ရာရသူများအပါအဝင် တစ်ရာကျော်ဝန်းကျင်ကို သတ်ဖြတ်ခဲ့ပြီး ကျန် ၂၀၀ ခန့်ကို စစ်သုံ့ပန်း အဖြစ်ဖမ်းဆီးသွားသည်ဟု သတင်းမီဒီယာအချို့က ဖော်ပြကြသည်။[၁၃] [၁၄] [၁၅]
- ၂၀၂၄ ခုနစ် ဩဂုတ်လ ၃ ရက်နေ့တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် မှ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အား သိမ်းပိုက်နိုင်ခဲ့ကြောင်းထုတ်ပြန်ခဲ့သည်။ [၁၆]
- ၂၀၂၄ ခုနှစ် ဩဂုတ်လ ၅ရက် မနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း က အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျရှုံးသွားသည့်အကြောင်း အပါအဝင် အရာရှိကြီးအချို့ အဖမ်းခံရကြောင်း ပြောဆိုသည်။[၁၇]
- ၂၀၂၄ ခုနစ် ဩဂုတ်လ ၃၀ ရက်နေ့တွင် တပ်မတော် (လေ) မှ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ထိန်းချုပ်ရာ လားရှိုးမြို့ သို့ဗုံးကြဲတိုက်ခိုက်မှုများ စတင်ပြုလုပ်ခဲ့သည်။[၁၈]
- ၂၀၂၄ စက်တင်ဘာ ၂၂ ရက်နေ့တွင် တပ်မတော် အား မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် မှ ထိုသို့ဗုံးကြဲမှုများသည် ငြိမ်းချမ်းရေးကို ထိခိုက်စေကြောင်းထုတ်ပြန်ခဲ့သည်။[၁၉]
- ၂၀၂၄ ခုနစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် က နိုင်ငံမှ ခွဲထွက်မည်မဟုတ်ကြောင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်လည်း ပူးပေါင်းမည် မဟုတ်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။ လက်ရှိ မြန်မာနိုင်ငံ ၏ အခြေအနေများအား တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ဖြေရှင်းပေးရန် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် က တောင်းဆိုခဲ့သည်[၂၀]
- ၂၀၂၄ ခုနစ် စက်တင်ဘာ ၈ ရက်နေ့တွင် လားရှိုးမြို့ ကို စစ်ပြီးသွားပြီဟု မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် က ကြေညာပြီး ပြန်လည်ထူထောင်ရေးလုပ်ဆောင်နေချိန် ထိုနေ့နှင့် စက်တင်ဘာ ၉ ရက် နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှု ခံခဲ့ရသည်။ ထို့အပြင် စက်တင်ဘာ ၁၀ ရက်၊ ၁၃ ရက်နှင့် ၂၁ ရက်များတွင်လည်း တိုက်ခိုက်ခံခဲ့ရသည့်အပြင်၂၄ ရက်နှင့် ၂၅ ရက်နေ့များတွင်လည်း လေကြောင်းတိုက်ခိုက်မှု ခံခဲ့ရပြီး ဗုံးကြဲခံခဲ့ရသည်။[၂၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ လားရှိုး ရမခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်တင်ထွန်းအောင် ဒဏ်ရာပြင်းထန်။ သျှမ်းသံတော်ဆင့် (၂၈ ဇူလိုင် ၂၀၂၄)။ ၅ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ စစ်ခေါင်းဆောင် လက်ထက် ပထမဆုံး ကျရှုံးခဲ့သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်။ The Irrawaddy (၄ ဩဂုတ် ၂၀၂၄)။ ၄ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ လားရှိုးက တိုင်းစစ်ဌာနချုပ်ကို MNDAA ထိန်းချုပ်။ RFA Burmese (၃ ဩဂုတ် ၂၀၂၄)။ ၃ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင် (၅၁)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့အခမ်းအနား ပြုလုပ်။ MOI Myanmar (၂၈ ဇူလိုင် ၂၀၂၃)။ ၁၂ ဇူလိုင် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ကိုဝင်း(အမရပူရ)။ အကွဲအပြဲနှင့် မသဲမကွဲမြန်မာပြည်။
- ↑ မြဝင်း။ တပ်မတော်ခေါင်းဆောင်များသမိုင်းအကျဉ်း (၁၉၄၁-၁၉၉၈)။
- ↑ တန့်ယန်း စစ်ကောင်စီတပ်ဖွဲ့မှ စစ်မှုထမ်း ဆင့်ခေါ်ရန် အစည်းအဝေးပြုလုပ်။ သျှမ်းသံတော်ဆင့် (၁၅ မတ် ၂၀၂၄)။ ၁၂ ဇူလိုင် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ နယ်မြေတွေဆုံးရှုံးခဲ့ပေမဲ့ ရှမ်းမြောက်က ဗိုလ်ချုပ်တွေ ရာထူးတိုး။ BBC Burmese (၃ ဖေဖော်ဝါရီ ၂၀၂၄)။ ၁၂ ဇူလိုင် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ တိုက်ပွဲပြင်းထန်နေချိန် လားရှိုး စစ်တိုင်းမှူး ရာထူးမှ ဖယ်ရှားခံရ။ The Irrawaddy (၂၁ ဇူလိုင် ၂၀၂၄)။ ၅ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ လားရှိုးရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ)ကို သိမ်းပိုက်ရရှိဟုဆိုကာ MNDAA အဖွဲ့က ဓာတ်ပုံများထုတ်ပြန်လာ။ Eleven Media Group (၅ ဩဂုတ် ၂၀၂၄)။ ၃ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ လားရှိုးမြို့ အထွက်ရှိ ခမရ ၅၀၇ တပ်စခန်း ကို MNDAA သိမ်းပိုက်သည့် ရုပ်သံထွက်ပေါ်။ Tachileik News Agency (၂၅ ဇူလိုင် ၂၀၂၄)။ ၅ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ MNDAA အပစ်ရပ်ကာလ လားရှိုးတိုက်ပွဲ ပြင်းထန်၊ စစ်ကောင်စီ လေကြောင်းဖြင့် တိုက်ခိုက်။ BNI (၂၂ ဇူလိုင် ၂၀၂၄)။ ၅ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ လားရှိုးရှိ အမှတ်(၉) တပ်မတော် ကုတင် ၁၀၀ ဆေးရုံကို MNDAA နှင့် ပူးပေါင်းအဖွဲ့က စီးနင်းတိုက်ခိုက်ပြီး သွေးအေးအေးဖြင့် ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခံရမှုဖြစ်စဉ်၌ ကလေးလူနာ၊ ဆရာဝန်၊ သူနာပြုနှင့် ဒဏ်ရာရသူများအပါအဝင် တစ်ရာကျော် သေဆုံးဟု သိရ။ Eleven Media Group (၂ ဩဂုတ် ၂၀၂၄)။ ၅ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ လားရှိုး စစ်ဆေးရုံက ဆရာဝန်၊ သူနာပြုနှင့် လူနာ ၁၀၀ ကျော်သေ၊ ၂၀၀ ခန့် အလင်းဝင်။ DVB (၃ ဩဂုတ် ၂၀၂၄)။ ၅ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံကို ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများနှင့် Drone များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အား အဖွဲ့အစည်းအသီးသီးမှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားများထုတ်ပြန်။ MYANMAR NATIONAL PORTAL (၃ ဩဂုတ် ၂၀၂၄)။ ၅ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ လားရှိုးရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ)ကို သိမ်းပိုက်ရရှိဟုဆိုကာ MNDAA အဖွဲ့က ဓာတ်ပုံများထုတ်ပြန်လာ။ Eleven Media Group (၃ ဩဂုတ် ၂၀၂၄)။ ၅ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နှင့် ဆက်သွယ်မှုပြတ်တောက်နေပြီး အတည်ပြုဆဲသတင်းများအရ အရာရှိကြီးအချို့ဖမ်းဆီးခံထားရကြောင်း နစက ပြောကြား။ Eleven Media Group (၅ ဩဂုတ် ၂၀၂၄)။ ၅ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ https://www.rfa.org/burmese/news/larshio-city-junta-bomb-08302024141304.html/ampRFA
- ↑ https://www.rfa.org/burmese/news/mndaa-said-military-bomb-damage-peace-09232024050757.html
- ↑ https://www.rfa.org/burmese/news/mndaa-china-mediate-09182024161157.html
- ↑ https://www.mtnewstoday.com/?p=75831