မောင်မောင်ကျော်
ဗိုလ်ချုပ်ကြီး (ငြိမ်း) ဇေယျကျော်ထင် မောင်မောင်ကျော် | |
|---|---|
![]() | |
| နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် | |
| တာဝန်သက်တမ်း ၂ ဖေဖော်ဝါရီ ၂၀၂၁ – ၁ ဖေဖော်ဝါရီ ၂၀၂၃ | |
| ခန့်အပ်သူ | တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၉/၂၀၂၁ |
| ကောင်စီဥက္ကဋ္ဌ | မင်းအောင်လှိုင် |
| ယခင်လူ | ကောင်စီစတင် |
| ဆက်ခံသူ | ရာထူးအနားပေး |
ကာကွယ်ရေးဦးစီးချုပ် (လေ) | |
| တာဝန်သက်တမ်း ၂ ဇန်နဝါရီ ၂၀၁၈ – ၁၀ ဇန်နဝါရီ ၂၀၂၂ | |
| ယခင်လူ | ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် |
| ဆက်ခံသူ | ဗိုလ်ချုပ်ကြီး ထွန်းအောင် |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၂၃ ဇူလိုင် ၁၉၆၄ (အသက် ၆၁) |
| ကြင်ဖော် | ဒေါ်အောင်မာမြင့် |
| သားသမီး |
|
| ဖခင် | ဗိုလ်ချုပ်ကြီး သူရ ကျော်ထင် (အငြိမ်းစား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်) |
| ဆုတံဆိပ်များ | ဇေယျကျော်ထင်ဘွဲ့ |
| စစ်မှုထမ်းခြင်း | |
| သစ္စာခံနိုင်ငံ | |
| တပ်/တပ်ဖွဲ့ခွဲ | |
| ရာထူး | |
| တပ် | ကက(လေ) |
ဗိုလ်ချုပ်ကြီး (ငြိမ်း) ဇေယျကျော်ထင် မောင်မောင်ကျော် (၂၃ ဇူလိုင် ၁၉၆၄)[၁] သည် မြန်မာ့တပ်မတော်(လေ)၏ ကာကွယ်ရေးဦးစီးချုပ်(လေ) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ သက်ပြည့် အငြိမ်းစားယူသွားသည့် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၏ နေရာတွင် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်အား တပ်မတော် (လေ)၏ ကာကွယ်ရေးဦးစီးချုပ်အဖြစ် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့မှ စတင်ခန့်အပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ခဲ့သည်။[၂] ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် အဆိုပါ ရာထူးတာဝန်မှ လုပ်သက်ပြည့်၍ အငြိမ်းစားယူခဲ့သည်။[၃][၄]
ပုဂ္ဂိုလ်ရေးဘဝ
[ပြင်ဆင်ရန်]ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် သည် ယခင်က စစ်ဦးစီးအရာရှိချုပ်(လေ) ရာထူးနေရာ၌ ဗိုလ်ချုပ် အဆင့်ဖြင့် ထမ်းဆောင်ခဲ့သည်။[၅] ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၏ ဖခင်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီး သူရကျော်ထင် ဖြစ်သည်။[၅]
သူ၏ ဇနီးဖြစ်သူ အမည်မှာ ဒေါ်အောင်မာမြင့် ဖြစ်ပြီး ၎င်းတို့ဇနီးမောင်နှံနှစ်ဦးသည် ဟိန်းထက် နှင့် ကောင်းထက် အမည်ရှိသော သား (၂) ဦး ထွန်းကားခဲ့သည်။[၆] ဟိန်းထက် (ခေါ်) Ivan Htet သည် ပါရာမောင့်အီးဗန့်စ်မြန်မာကုမ္ပဏီလီမိတက် (Paramount Events Myanmar Company Ltd) နှင့် စင်္ကာစစ်စတန်ကုမ္ပဏီလီမိတက် (Singa Systems Company Limited) တွင် ဒါရိုက်တာတစ်ဦးဖြစ်သည်။[၇][၆]
စစ်ဖက်ဆိုင်ရာ တာဝန်ထမ်းဆောင်ခြင်း
[ပြင်ဆင်ရန်]ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်သည် စစ်တက္ကသိုလ် အပတ်စဉ် (၂၆) ဆင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် မြိတ်လေတပ်စခန်း ဌာနချုပ်မှူး၊ ၂၀၁၅ ခုနှစ်တွင် စစ်ဦးစီး အရာရှိချုပ် (လေ)နှင့် ၂၀၁၈ ခုနှစ်တွင် ကာကွယ်ရေး ဦးစီးချုပ် (လေ) ဖြစ်လာခဲ့သည်။[၃] ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ဖွဲ့စည်းခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်အဖြစ် ဖေဖော်ဝါရီလ ၂ ရက်နေ့မှ စတင်ထမ်းဆောင်ခဲ့သည်။[၈]
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ပြင်ဆင်ဖွဲ့စည်းလိုက်ရာ ကောင်စီဝင် အဖြစ် ပါဝင်ခြင်း မရှိတော့ဘဲ၊ ရာထူးတာဝန် အသီးအသီးမှ အနားပေးခံရသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ CONSOLIDATED LIST OF FINANCIAL SANCTIONS TARGETS IN THE UK - REGIME: Burma (25 February 2021)။ 2021-03-08 တွင် ပြန်စစ်ပြီး။
- ↑ ကာကွယ်ရေးဦးစီးချုပ် (လေ) ပြောင်းလဲခန့်အပ်ကြောင်း ထုတ်ပြန်။ Eleven Media (၂ ဇန်နဝါရီ ၂၀၁၈)။ ၄ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
- 1 2 ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် လေတပ်ဦးစီးချုပ်ရာထူးမှ အနားပေးခံရ (in en)။ ၁၁ ဇန်နဝါရီ ၂၀၂၂ တွင် ပြန်စစ်ပြီး။
- ↑ ၂၀၂၁ စစ်အာဏာသိမ်း - ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် လေချုပ်တာဝန်ကအနားပေးခံရ - ဘီဘီစီ မြန်မာ | အထူးသတင်း | နောက်ဆုံးရ သတင်း | နောက်ဆုံးရခေါင်းစဉ် သတင်း |မြန်မာသတင်း (in my-MM)။ ၁၁ ဇန်နဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
- 1 2 ဗိုလ်ချုပ်ကြီး(ငြိမ်း) သူရကျော်ထင်၏ အငယ်ဆုံးသားကို လေတပ်ဦးစီးချုပ်အဖြစ် ခန့်အပ်။ The Voice (၂ ဇန်နဝါရီ ၂၀၁၈)။ 16 April 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၄ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
- 1 2 Myanmar military SAC members, their businesses and associates that require targeted sanctions။ 2021-02-11 တွင် ပြန်စစ်ပြီး။
- ↑ https://www.myco.dica.gov.mm/Corp/EntityProfile.aspx?id=f49d32f9-6548-42f8-b0a8-605b914523f6
- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းခြင်း။ 11 January 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၁ ဇန်နဝါရီ ၂၀၂၂ တွင် ပြန်စစ်ပြီး။
