မဟာဘိနီဟာရ

ဝီကီပီးဒီးယား မှ

မဟာဘိနီဟာရ ဆိုသည်မှာ စကြဝဠာတစ်သောင်းကို ရိုက်ခြောင်းဆူဝေ တုန်လှုပ်စေနိုင်သော ပဋိညာဉ်ကြီး၊ ဆုတောင်းကြီး ဖြစ်သည်။ "ဗုဒ္ဓေါ ဗောဓေယျံ မုတ္တော မောစေယျံ၊ တိဏ္ဏော တာရေယျံ" ဟူသည့် မဟာဗောဓိပတ္ထနာကို "မဟာဘိနီဟာရ" ဟု ဆိုသည်။[၁]

ဆုတောင်း[ပြင်ဆင်ရန်]

"ကိံ မေ ကေန တိဏ္ဏေန၊ ပုရိသေန ထာမဒဿိနာ သဗ္ဗညုတံ ပါပုဏိတွာ၊ သန္တာရေဿံ သဒေဝကံ"
ကိုယ်စွမ်းကိုယ်မြင်သော ငါယောက်ျားကောင်းဖြစ်ပါလျက် တကိုယ်တည်း နိဗ္ဗာန်ကူးသဖြင့် ငါ့အား ပစာပြုရအံ့နည်း၊ သဗ္ဗညုတဉာဏ်တည်းဟူသော မဟာဗောဓိသို့ ရောက်ပြီးမှ နတ်ဗြဟ္မာနှင့်တကွသော လူများအပေါင်းကို နိဗ္ဗာန်ကူးတို့ ဆောင်ပို့ကယ်တင်အံ့"

ဤသည်မှာ "မဟာဘိနီဟာရ" ဆုတောင်းပဋိညာဉ်ကြီး ဖြစ်သည်။[၁]

မဟာဘိနီဟာရ အင်္ဂါရှစ်ပါး[ပြင်ဆင်ရန်]

မဟာဘိနီဟာရ ထမြောက်အောင်မြင်ကြောင်း အင်္ဂါ ရှစ်ပါးရှိ၏။

မနုဿတ္တံ လိင်္ဂသမ္ပတ္တိ၊ ဟေတု သတ္ထာရဒဿနံ။ 
ပဗ္ဗဇ္ဇာ ဂုဏသမ္ပတ္တိ၊ အဓိကာရော စ ဆန္ဒတာ။
အဋ္ဌဓမ္မသမောဓာနာ၊ အဘိနီဟာရော သမိဇ္ဈိတိ။[၁]
  1. မနုဿတ္တံ = လူ၏အဖြစ်။
  2. လိင်္ဂသမ္ပတ္တိ = ယောက်ျားစင်စစ်အဖြစ်။
  3. ဟေတု = ယူလိုလျှင် ယခုဘဝပင် ရဟန္တာဖြစ်နိုင်လောက်အောင် ရင့်ပြီးသော အကြောင်းပါရမီ ရှိသည်၏ အဖြစ်။
  4. သတ္ထာရဒဿနံ = သဗ္ဗညုဘုရားနှင့် တွေ့ကြုံရခြင်း။
  5. ပဗ္ဗဇ္ဇာ = ရသေ့ရဟန်း အဖြစ်၌ တည်ခြင်း။
  6. ဂုဏသမ္ပတ္တိ = အဘိညာသမာပတ်ဂုဏ်နှင့် ပြည့်စုံခြင်း။
  7. အဓိကာရော= ဘုရားဖြစ်ရန် ပြုအပ်သော ကုသိုလ်ရှိခြင်း။
  8. ဆန္ဒတာ = ဘုရားဖြစ်ရန် ထက်သန်လှသော ဆန္ဒပတ္ထနာရှိခြင်း။

အဋ္ဌဓမ္မ သမောဓာနာ = အင်္ဂါရှစ်စုံ ကျေးဇူးဂုဏ်တို့ ပေါင်းဆုံညီညွတ်ခြင်းကြောင့်၊ အဘိနီဟာရော = မဟာဘိနီဟာရမှုသည်၊ သမိဇ္ဈိတိ = ထမြောက် အောင်မြင်နိုင်၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လယ်တီဆရာတော် (အောက်တိုဘာလ ၁၉၈၀၊ သာသနာ ၂၅၂၄၊ ကောဇာ ၁၃၄၂)။ ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး ပြုစုတော်မူသော ဥတ္တမပုရိသဒီပနီ။ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်၊ သာနာရေးဦးစီးဌာန။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)