မဇ္ဈိမာယုက

ဝီကီပီးဒီးယား မှ

အတိမဟန္တာရုံဝီထိ၌ အတီတဘဝင် (၁)ချက်လွန်၏၊ ယင်းအတီတဘဝင်နှင့် ဥပါဒ်ချင်း ပြိုင်၍ဖြစ်သော စက္ခုပသာဒသည် မဇ္ဈိမာယုက စက္ခုပသာဒ မည်၏၊

ပထမ မဟန္တာရုံဝီထိ၌ အတီတဘဝင် (၂)ချက် လွန်၏၊ ပထမရှေးဦး အတီတဘဝင်နှင့် ဥပါဒ်ချင်းပြိုင်၍ ဖြစ်သော စက္ခုပသာဒသည် မဇ္ဈိမာယုက စက္ခုပသာဒ မည်၏၊

ဒုတိယ မဟန္တာရုံဝီထိ၌ အတီတဘဝင် (၃)ချက်လွန်၏၊ ပထမပရိတ္တာရုံဝီထိ၌ (၄)ချက်, ဒုတိယပရိတ္တာရုံဝီထိ၌ (၅)ချက်, တတိယပရိတ္တာရုံဝီထိ၌ (၆)ချက်, စတုတ္ထပရိတ္တာရုံဝီထိ၌ (၇)ချက်, ပဉ္စမပရိတ္တာရုံဝီထိ၌ (၈)ချက်, ဆဋ္ဌပရိတ္တာရုံဝီထိ၌ (၉)ချက် လွန်၏၊

ဘဝင်မှ စ၍ ရေတွက်သော် ပထမဦးဆုံး = ရှေးဦး အတီတဘဝင်နှင့် ဥပါဒ်ချင်း ပြိုင်၍ ဖြစ်သော စက္ခုပသာဒသည် မဇ္ဈိမာယုက စက္ခုပသာဒ မည်၏၊[၁]

စိတ္တက္ခဏတိုင်း၏ ဥပါဒ်, ဌီ, ဘင်၌ စက္ခုပသာဒဖြစ်[ပြင်ဆင်ရန်]

စက္ခုပသာဒ အဝင်အပါဖြစ်သော ကမ္မဇရုပ်တို့သည် ပဋိသန္ဓေမှ စ၍ စုတိစိတ်မှ ပြန်၍ ရေတွက်သော် (၁၇)ချက်မြောက်သော စိတ်သို့တိုင်အောင် ဘဝတစ်လျှောက်ဝယ် ဖြစ်ပေါ်နေသော စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၏ ဥပါဒ်တိုင်း ဌီတိုင်း ဘင်တိုင်း၌ အမြဲမပြတ် ဖြစ်ပေါ်နေကြ၏၊ ကံ၏အရှိန်အဝါအပေါ် မူတည်၍ ယင်းခဏငယ်တိုင်း၌ တစ်မျိုး တစ်မျိုးလျှင် ရုပ်ကလာပ်ပေါင်းများစွာ ဖြစ်နိုင်၏၊ စက္ခုဒသကကလာပ်ပေါင်းလည်း ခဏငယ်တိုင်း၌ များစွာ ဖြစ်နေကြ၏၊ စက္ခုဝိညာဏ်၏ ဥပါဒ်-ဌီ-ဘင်အားဖြင့် ဖြစ်ပေါ်လာသော အချိန်၌ စက္ခုဒသကကလာပ်ပေါင်းများစွာ စက္ခုပသာဒပေါင်းများစွာ ဥပါဒ်ဆဲလည်း ရှိ၏၊ ဌီသို့ ရောက်ဆဲလည်း ရှိ၏၊ ဘင်သို့ ရောက်ဆဲလည်း ရှိ၏၊ ယင်းစက္ခုပသာဒပေါင်းများစွာတို့တွင် အားအကောင်းဆုံးသော မဇ္ဈိမာယုက စက္ခုပသာဒကို မှီ၍ စက္ခုဝိညာဏ်နာမ်တရားစုသည် ဖြစ်ပေါ်လာ၏၊

မဇ္ဈိမာယုက[ပြင်ဆင်ရန်]

မန္ဒာယုက, အမန္ဒာယုက, မဇ္ဈိမာယုက ပသာဒတို့သည် စိတ္တက္ခဏ (၁၇)ချက် သက်တမ်း ရှည်သော သတ္တရသာယုကချည်း ဖြစ်၍ အသက် ရှည်, တို, အပို, အယုတ် မရှိသော်လည်း ပဉ္စဒွါရဝီထိ၏အာရုံဖြစ်သော ပဉ္စာရုံနှင့် ပြိုင်၍ ချုပ်သည်၊ ရှေးဦး ချုပ်သည်၊ နောက်မှ ချုပ်သည်ကို စွဲ၍ စက္ခုဒွါရ အတိမဟန္တာရုံဝီထိ၌ အတီတဘဝင်၏ ဥပါဒ်ကစ၍ ဖြစ်သော စက္ခုပသာဒသည် မိမိနှင့် ထိခိုက်သော ရူပါရုံနှင့် ပြိုင်၍ချုပ်ခြင်းကြောင့် မရှည်မတို အလယ် အလတ် အသက်ရှိ၏ဟု ဆိုအပ်ရကား မဇ္ဈိမာယုက မည်၏၊

မန္ဒာယုက[ပြင်ဆင်ရန်]

ယင်းအတီတဘဝင်မှ ရှေးစိတ္တက္ခဏတို့၌ ဥပါဒ်သော (၃၇)မျိုးသော စက္ခုပသာဒတို့သည် ထိခိုက်သော ရူပါရုံ မချုပ်မီ ချုပ်ခြင်းကြောင့် ထိုရူပါရုံအောက် နည်းသော တိုသော အသက်ရှိ၏ဟု ဆိုအပ်ရကား မန္ဒာယုက မည်၏၊

အမန္ဒာယုက[ပြင်ဆင်ရန်]

ယင်းအတီတဘဝင်၏ ဌီ-ဘင်မှ စ၍ နောက်စိတ္တက္ခဏတို့၌ ဖြစ်သော (၁၁)မျိုးသော စက္ခုပသာဒသည် ထိခိုက်သောရူပါရုံ ချုပ်သည်တိုင်အောင် မချုပ်သေးသောကြောင့် ထိုရူပါရုံထက် ရှည်သော အသက်ရှိ၏ဟုဆိုအပ်ရကား အမန္ဒာယုက မည်၏၊


ကြွင်းသော စက္ခုဒွါရဝီထိတို့၌လည်းကောင်း, သောတဒွါရဝီထိ စသည်တို့၌လည်းကောင်း ဤနည်းကို မှီ၍ သိအပ်၏၊ ပဉ္စဝိညာဏ်ဖြစ်သည်မှ ရှေ့၌ ဖြစ်ခဲ့၍ ပဉ္စဝိညာဏ်ဖြစ်သည်တိုင်အောင် မချုပ်မပျက် အသက်ရှည်သေးခြင်းကြောင့် နိဿယ ပုရေဇာတ ပြု၍ ပဉ္စဝိညာဏ် မှီခြင်းငှာ ထိုက်သော ထိုမန္ဒာယုက အမန္ဒာယုက မဇ္ဈိမာယုက ပဉ္စပသာဒတို့တွင် မဇ္ဈိမာယုက ပဉ္စပသာဒကိုသာ ပဉ္စဝိညာဏ် မှီသည်ဟု အဘိဓမ္မာဝတာရဋီကာ ဆုံးဖြတ်၏၊ ပဉ္စဒွါရာဝဇ္ဇန်းနှင့်သော်လည်းကောင်း, ဘဝင်္ဂုပစ္ဆေဒနှင့် သော်လည်းကောင်း ဥပါဒ်ပြိုင်သော ပဉ္စပသာဒကို ပဉ္စဝိညာဏ် မှီသည်ဟူသော ဝါဒကိုကား ပယ်၏၊[၂][၁]

ရှေးအနန္တရစိတ်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို မှီ[ပြင်ဆင်ရန်]

ပဉ္စဝေါကာရဘုံ၌ ဖြစ်သော မနောဝိညာဏ်စိတ်တို့တွင် ပဋိသန္ဓေစိတ်သည် မိမိနှင့်အတူ ဥပါဒ်သော ဟဒယ ဝတ္ထုကို မှီ၍ ဖြစ်၏၊ ဘဝင်စသော မနောဝိညာဏ်စိတ်အားလုံးတို့သည်ကား (= ပဉ္စဒွါရာဝဇ္ဇန်း၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော၊ တဒါရုံ၊ မနောဒွါရာဝဇ္ဇန်း၊ ဇော၊ တဒါရုံဟူသော မနောဝိညာဏ်စိတ်အားလုံးတို့သည်ကား) မိမိ၏ ရှေးအနန္တရစိတ်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို မှီ၍ ဖြစ်ကုန်၏၊ နိရောဓသမာပတ်မှ ထသောအခါ အနာဂါမိဖိုလ် အရဟတ္တဖိုလ်စိတ်တို့သည် ရှေးစိတ္တက္ခဏ တစ်ချက်ခန့် ကာလ၌ ဥပါဒ်သော ဟဒယဝတ္ထုကိုမှီ၍ ဖြစ်ကုန်၏၊ မရဏာသန္နအခါ ဘဝင် အာဝဇ္ဇန်းစသော မနောဝိညာဏ်စိတ်တို့သည် စုတိစိတ်မှ ပြန်၍ရေတွက်သည်ရှိသော် (၁၇)ချက်မြောက်သော စိတ်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို မှီ၍ ဖြစ်ကုန်၏၊[၃] ထိုကြောင့် ဤသို့ မှတ်သားထားပါ။[၁]

ဆိုင်ရာစိတ်နှင့် မှီရာဝတ္ထုများ[ပြင်ဆင်ရန်]

၁။ ပဋိသန္ဓေစိတ်သည် မိမိနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို မှီ၍ ဖြစ်၏၊

၂။ ပဋိသန္ဓေနောင် ပထမဘဝင်သည် ပဋိသန္ဓေနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို မှီ၍ ဖြစ်၏၊

၃။ ဒုတိယဘဝင်သည် ပထမဘဝင်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို။ ပ။

၄။ ပဉ္စဒွါရာဝဇ္ဇန်းသည် ဘဝင်္ဂုပစ္ဆေဒနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို၊

၅။ သမ္ပဋိစ္ဆိုင်းသည် ပဉ္စဝိညာဏ်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို၊

၆။ သန္တီရဏသည် သမ္ပဋိ စ္ဆိုင်းနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို၊

၇။ ဝုဋ္ဌောသည် သန္တီရဏနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို၊

၈။ ပထမဇောသည် ဝုဋ္ဌောနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို။ ပ။

၉။ သတ္တမဇောသည် ဆဋ္ဌဇောနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို၊

၁၀။ ပထမတဒါရုံသည် သတ္တမဇောနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို၊

၁၁။ ဒုတိယတဒါရုံသည် ပထမတဒါရုံနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို၊

ဤသို့ အသီးအသီး မှီဖြစ်သည်ဟု မှတ်ပါ။ ဤသို့စသည်ဖြင့် မနောဒွါရဝီထိတို့၌လည်း သဘောပေါက်သင့်ပေပြီ။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ဖားအောက်တောရဆရာတော်နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း
  2. (ဝီထိပုံ-ဘုံစဉ်-ဆန်းပုံ-သိမ်ပုံကျမ်း၊၂-၃။)
  3. (ဝိသုဒ္ဓိ၊၂၊၂၄၉။)