ဆွေးနွေးချက်:မင်းလှမြို့၊ သာယာဝတီခရိုင်

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

မောင်ကြေးမုံ

ဂီတစာဆိုမောင်ကြေးမုံကို ပဲခူးတိုင်း သာယာဝတီခရိုင် မင်းလှမြို့နယ်က မိဘနှစ်ပါးမှ မွေးဖွားသန့်စင်ခဲ့သည်။


သူသည်ဂီတစာဆိုလည်းဟုတ်သည်၊တေးပြုသူဆိုလျင်လည်းဟုတ်သည်။ဂီတလောကတွင်ပထမဆုံးသောသူ့ဆရာသူ့မိခင်သည်ဂီတမိခင်အလက်ာကျော်စွာဒေါ်စောမြအေးကြည်ပင်ဖြစ်သည်။သူ၏ဂီတမိခင်သည်ဂီတအခြေခံမဟာဂီတများကိုသင်ကြားပေးသည်။၁၉၅၈ ခုနှစ်မှစ၍"မောင်ကြေးမုံ"အမည်ဖြင့်စာပေလောကသို့ခြေချခဲ့သည်။၁၉၆၃ ခုနှစ် မှစ၍ဂီတလောကထဲသို့ဝင်ရောက်ခဲ့သည်။သူသည်ဂီတလောက၌တည်ငြိမ်သောခြေလှမ်း၊ဖော်ရွေသောဆက်ဆံရေး၊ကူညီရိုင်းပင်းတတ်သောစိတ်စိတ်ဓာတ်တို့ကြောင့်ဂီတအပေါင်းအသင်းရောင်းရင်းများ၏ခင်မင်တွယ်တာမှုကိုခံယူထွေးပွေ့နိုင်ခဲ့သည်။သူသည်ဂီတပဒေသာစင်မြင့်ပေါ်တွင်နေ့ကြီးရက်ကြီးများ၌နှစ်စဥ်တင်ဆက်ခဲ့သောပြဇာတ်နှင့်တေးသရုပ်ဖော်များစွာတို့အနက်လူကြိုက်များထင်ရှားခဲ့သောတေးသရုပ်ဖော်များမှာ လမင်းသာချိန်နေကွယ်ချိန်၊အိုဘယ့်တဏှာမိမာယာ၊ဆယ်ပြန်ဆယ်သက်နှင်းဝံ့သည်။အလှမာနကျဆုံးခန်း၊သွေးမျက်ရည်ဖြင့်သစ္စာနှံသည်၊အိပ်မက်သူဇာမောင့်ကြင်ရာ၊တိုက်ပွဲလမ်းမှချစ်ပန်းနီနီပြဇာတ်၊စသည်တို့ဖြစ်ပေသည်။ရုပ်ရှင်နောက်ခံတေးများ၊ရောင်းတမ်းဝင်ဓာတ်ပြားတွဲပြဇာတ်များ၊ကက်ဆက်ခွေဇာတ်လမ်းများ၊ဇာတ်ဝင်တေးများရေးသားခြင်း၊ကိုယ်တိုင်ပါဝင်၍အသံဖြင့်သရုပ်ဆောင်ခြင်း၊ရေဒီယိုဓာတ်ပြားတေးများကိုလည်းရေးသားခဲ့သည်။ဂီတစာဆိုပြည်သူချစ်သော မောင်ကြေးမုံသည်အသက်၆၃ နှစ်အရွယ်တွင်၂၀၁၄ ခုနှစ်၊ဇွန်လ၊၁၄ ရက်နံနက်၆နာရီမိနစ်၄၀တွင်ကွယ်လွန်သွားခဲ့ပါသည်။