သပ္ပိဝိညာပနသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

အမှု—ထောပတ်ကို တောင်း၍စား။

အမှုသည်—ဆဗ္ဗဂ္ဂီဘိက္ခုနီများ။ [၁]

ထိုသို့စားခြင်းကြောင့် လူတို့က “ကောင်းတာကို ဘယ်သူမကြိုက်ဘဲရှိ မှာလဲ” ဟု ကဲ့ရဲ့ကြသဖြင့် “ထောပတ်ကို တောင်း၍ မစားရ”ဟု ပထမ ပညတ်တော်မူပြီးလျှင် ထောပတ်ကိုမစားရ၍ မကျန်းမာသော ဂိလာန ဘိက္ခုနီအတွက် ခြွင်းချက်ထားတော်မူကာ ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ အဂိလာနာ သပ္ပိံ ဝိညာပေတွာ ဘုဉ္ဇေယျ, ပဋိဒေသေတဗ္ဗံ တာယ ဘိက္ခုနိယာ ‘‘ဂါရယှံ, အယျေ, ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ, တံ ပဋိဒေသေမီ’’တိ။

မြန်မာပြန်[ပြင်ဆင်ရန်]

အကြင်ဘိက္ခုနီသည် ဂိလာနမဟုတ်ဘဲ (ထောပတ်စားရမှ ကျန်းမာမည့်သူမဟုတ်ဘဲ) ထောပတ်ကို တောင်း၍ စားအံ့၊ ထိုဘိက္ခုနီသည် “အရှင်မတို့...တပည့်တော်သည် ကဲ့ရဲ့တိုက်သော မလျောက်ပတ်သော ပါဋိဒေသနီယ သိက္ခာပုဒ်သို့ ရောက်ပါပြီ၊ ထိုအာပတ်ကို (အာပတ်သင့်ကြောင်း ဝန်ခံသောအားဖြင့်) သီးခြား ပြောပြပါ၏”ဟု ဆို၍ ဒေသနာပြောရမည်။

မှတ်ချက်[ပြင်ဆင်ရန်]

ဂိလာန မဟုတ်သော်လည်း ဆွေမျိုးတော်စပ်သူထံ၌လည်းကောင်း, အလိုရှိလျှင် ပြောပါ (အမိန့်ရှိပါ) ဟု ဖိတ်ထားသူထံ၌လည်းကောင်း, တောင်း၍စား ကောင်း၏။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး