ပဌမ သေခသုတ်

ဝီကီပီးဒီးယား မှ

ပဌမ သေခသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်အား (အထက်အထက်ဂုဏ်တို့မှ) ဆုတ်ယုတ်ရန်ဖြစ်သော တရားငါးမျိုးနှင့် မဆုတ်ယုတ်ရန်ဖြစ်သော တရားငါးမျိုးတို့ကို ဟောကြားတော်မူခဲ့သည်။[၁]

ပဌမ သေခသုတ်[ပြင်ဆင်ရန်]

ရဟန်းတို့ ဤတရားငါးမျိုးတို့သည် ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်အား (အထက်အထက်ဂုဏ်တို့မှ) ဆုတ်ယုတ်ရန် ဖြစ်ကုန်၏။ အဘယ်ငါးမျိုးတို့နည်း ဟူမူ -

  • အမှုသစ်၌ မွေ့လျော်ခြင်း။
  • စကားပြောခြင်း၌ မွေ့လျော်ခြင်း။
  • အိပ်ခြင်း၌ မွေ့လျော်ခြင်း။
  • အပေါင်းအဖော်၌ မွေ့လျော်ခြင်း။
  • (ကိလေသာမှ) လွတ်မြောက်တိုင်းသောစိတ်ကို မဆင်ခြင်ခြင်းတို့တည်း။

ရဟန်းတို့ ဤတရားငါးမျိုးတို့သည် ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်အား ဆုတ်ယုတ်ရန် ဖြစ်ကုန်၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့သည် ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်အား (အထက်အထက်ဂုဏ်တို့မှ) မဆုတ်ယုတ်ရန် ဖြစ်ကုန်၏။ အဘယ်ငါးမျိုးတို့နည်း ဟူမူ -

  • အမှုသစ်၌ မမွေ့လျော်ခြင်း။
  • စကားပြောခြင်း၌ မမွေ့လျော်ခြင်း။
  • အိပ်ခြင်း၌ မမွေ့လျော်ခြင်း။
  • အပေါင်းအဖော်၌ မွေ့မလျော်ခြင်း။
  • (ကိလေသာမှ) လွတ်မြောက်တိုင်းသောစိတ်ကို ဆင်ခြင်ခြင်းတို့တည်း။

ရဟန်းတို့ ဤတရားငါးမျိုးတို့သည် ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်အား မဆုတ်ယုတ်ရန် ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ အင်္ဂုတ္တရနိကာယ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စကနိပါတ်၊ ၂-ဒုတိယပဏ္ဏာသက (ဒုတိယသုတ်ငါးဆယ်)၊ (၉) ၄-ထေရဝဂ် ၉- ပဌမ သေခသုတ်