ပဌမ သမ္မတ္တနိယာမသုတ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ပဌမ သမ္မတ္တနိယာမသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် တရားငါးမျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို နာသော်လည်း ကုသိုလ်တရားတို့၌ မဖောက်မပြန် မြဲသော သဘော (အရိယာမဂ်) သို့ သက်ဝင်ရန် မထိုက်တန်ကြောင်းနှင့် တရားငါးမျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို နာသော်လည်း ကုသိုလ်တရားတို့၌ မဖောက်မပြန် မြဲသော သဘော (အရိယာမဂ်) သို့ သက်ဝင်ရန် ထိုက်တန်ကြောင်းကို ဟောကြားတော်မူခဲ့သည်။[၁]
ပဌမ သမ္မတ္တနိယာမသုတ်
[ပြင်ဆင်ရန်]ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို နာသော်လည်းကုသိုလ်တရားတို့၌ မဖောက်မပြန်သော သဘောရှိသည့် မြဲသောသဘော (အရိယာမဂ်) သို့ သက်ဝင်ရန်မထိုက်တန်။ အဘယ်ငါးမျိုးတို့နည်းဟူမူ - [၁]
- ဟောကြားသော တရားကို မထီမဲ့မြင် ပြု၏။
- တရားဟော ပုဂ္ဂိုလ်ကို မထီမဲ့မြင် ပြု၏။
- မိမိကိုယ်ကို မထီမဲ့မြင် ပြု၏။
- စိတ်ပျံ့လွင့်သည်ဖြစ်၍ စိတ်မတည်ကြည်ဘဲ တရားနာ၏။
- မသင့်သောအားဖြင့်လည်း နှလုံးသွင်း၏။[၁]
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို နာသော်လည်းကုသိုလ်တရားတို့၌ မဖောက်မပြန်သော သဘောရှိသည့် မြဲသောသဘော (အရိယာမဂ်) သို့ သက်ဝင်ရန်မထိုက်တန်။[၁]
ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို နာသည်ရှိသော့်ကုသိုလ်တရားတို့၌ မဖောက်မပြန်သော သဘောရှိသည့် မြဲသောသဘော (အရိယာမဂ်) သို့ သက်ဝင်ရန်ထိုက်တန်၏။ အဘယ်ငါးမျိုးတို့နည်းဟူမူ - [၁]
- တရားကို မထီမဲ့မြင် မပြု။
- တရားဟော ပုဂ္ဂိုလ်ကို မထီမဲ့မြင် မပြု။
- မိမိကိုယ်ကို မထီမဲ့မြင် မပြု။
- စိတ်မပျံ့လွင့်သည်ဖြစ်၍ စိတ်တည်ကြည်လျက် တရားနာ၏။
- သင့်သောအားဖြင့်လည်း နှလုံးသွင်း၏။[၁]
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို နာသည်ရှိသော်ကုသိုလ်တရားတို့၌ မဖောက်မပြန်သော သဘောရှိသည့် မြဲသောသဘော (အရိယာမဂ်) သို့ သက်ဝင်ရန်ထိုက်တန်၏ဟု (မိန့်တော်မူ၏)။[၁]