ပဌမ သဒ္ဓမ္မသမ္မောသသုတ်

ဝီကီပီးဒီးယား မှ

ပဌမ သဒ္ဓမ္မသမ္မောသသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် သူတော်ကောင်းတရား ပျောက်ပျက်ရန် ကွယ်ပရန် ဖြစ်သော တရားငါးမျိုးနှင့် သူတော်ကောင်းတရား တည်တံ့ရန် မပျောက်ပျက်ရန် မကွယ်ပရန် ဖြစ်သော တရားငါးမျိုးတို့ကို ဟောကြားတော်မူခဲ့သည်။[၁]

ပဌမ သဒ္ဓမ္မသမ္မောသသုတ်[ပြင်ဆင်ရန်]

ရဟန်းတို့ ဤတရားငါးမျိုးတို့သည် သူတော်ကောင်းတရား ပျောက်ပျက်ရန် ကွယ်ပရန်ဖြစ်ကုန်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ ’[၁]

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းတို့သည် ’[၁]

  • တရားကို ရိုသေစွာ မနာကုန်။
  • တရားကို ရိုသေစွာ မသင်ကုန်။
  • တရားကို ရိုသေစွာ မဆောင်ကုန်။
  • ဆောင်ထားသော တရားတို့၏ အနက် အဓိပ္ပာယ်ကို ရိုသေစွာ ဉာဏ်ဖြင့် မစူးစမ်း မဆင်ခြင်ကုန်။
  • အနက်သဘောကို သိ၍ တရားသဘောကို သိ၍ (လောကုတ္တရာ) တရားအားလျော်သော အကျင့်ကိုရိုသေစွာ မကျင့်ကုန်။[၁]

ရဟန်းတို့ ဤတရားငါးမျိုးတို့သည် သူတော်ကောင်းတရား ပျောက်ပျက်ရန် ကွယ်ပရန် ဖြစ်ကုန်၏။[၁]

ရဟန်းတို့ ဤတရားငါးမျိုးတို့သည် သူတော်ကောင်းတရား တည်တံ့ရန် မပျောက်ပျက်ရန် မကွယ်ပရန်ဖြစ်ကုန်၏။[၁]

အဘယ်ငါးမျိုးတို့နည်းဟူမူ ’

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းတို့သည် ’[၁]

  • တရားကို ရိုသေစွာ နာကုန်၏။
  • တရားကို ရိုသေစွာ သင်ကုန်၏။
  • တရားကို ရိုသေစွာ ဆောင်ကုန်၏။
  • ဆောင်ထားသော တရားတို့၏ အနက် အဓိပ္ပာယ်ကို ရိုသေစွာ ဉာဏ်ဖြင့် စူးစမ်း ဆင်ခြင်ကုန်၏။
  • အနက်သဘောကို သိ၍ တရားသဘောကို သိ၍ (လောကုတ္တရာ) တရားအားလျော်သော အကျင့်ကိုရိုသေစွာ ကျင့်ကုန်၏။[၁]

ရဟန်းတို့ ဤတရားငါးမျိုးတို့သည် သူတော်ကောင်းတရား တည်တံ့ရန် မပျောက်ပျက်ရန် မကွယ်ပရန်ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ၁.၇ ၁.၈ အင်္ဂုတ္တရနိကာယ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စကနိပါတ်၊ ၄-စတုတ္ထပဏ္ဏာသက (စတုတ္ထသုတ်ငါးဆယ်)၊ (၁၆) ၁- သဒ္ဓမ္မဝဂ် ၄ - ပဌမ သဒ္ဓမ္မသမ္မောသသုတ်