မာတိကာသို့ ခုန်သွားရန်

ပဌမ ဝုဍ္ဎပဗ္ဗဇိတသုတ်

ဝီကီပီးဒီးယား မှ

ပဌမ ဝုဍ္ဎပဗ္ဗဇိတသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် တရားငါးမျိုးနှင့် ပြည့်စုံသော တောထွက်ရဟန်းကို ရခဲကြောင်း ဟောကြားတော်မူခဲ့သည်။[]

ပဌမ ဝုဍ္ဎပဗ္ဗဇိတသုတ်

[ပြင်ဆင်ရန်]

ရဟန်းတို့ တရားငါးမျိုးတို့နှင့်ပြည့်စုံသော တောထွက်ရဟန်းကို ရခဲ၏။ အဘယ်တရားငါးမျိုးတို့နည်း ဟူမူ -

  • ရဟန်းတို့ သိမ်မွေ့သော တောထွက်ရဟန်းကို ရခဲ၏။
  • ရဟန်းအသွင်အပြင်နှင့် ပြည့်စုံသော တောထွက်ရဟန်းကို ရခဲ၏။
  • အကြားအမြင် ဗဟုသုတနှင့် ပြည့်စုံသော တောထွက်ရဟန်းကို ရခဲ၏။
  • တရားဟောတတ်သော တောထွက်ရဟန်းကို ရခဲ၏။
  • ဝိနည်းဓိုရ် တောထွက်ရဟန်းကို ရခဲ၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့်ပြည့်စုံသော တောထွက်ရဟန်းကို ရခဲ၏ ဟု(မိန့်တော်မူ၏)။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ အင်္ဂုတ္တရနိကာယ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စကနိပါတ်၊ ၂-ဒုတိယပဏ္ဏာသက (ဒုတိယသုတ်ငါးဆယ်)၊ (၆) ၁-နီဝရဏဝဂ်၊ ၉- ပဌမ ဝုဍ္ဎပဗ္ဗဇိတသုတ်