ပဌမ ဒီဃစာရိကသုတ်

ဝီကီပီးဒီးယား မှ

ပဌမ ဒီဃစာရိကသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် ရှည်လျားစွာ ခရီးသွားခြင်း, အပိုင်းအခြားမရှိပဲ ခရီးသွားခြင်းကို အဖန်တလဲလဲ အားထုတ်သော ရဟန်း၏ အပြစ်ငါးမျိုးနှင့် အပိုင်းအခြားရှိသော ခရီးသွားခြင်း၌ အကျိုးငါးမျိုးတို့ကို ဟောကြားတော်မူခဲ့သည်။[၁]

ပဌမ ဒီဃစာရိကသုတ်[ပြင်ဆင်ရန်]

ရဟန်းတို့ ရှည်လျားစွာ ခရီးသွားခြင်း အပိုင်းအခြားမရှိဘဲ ခရီးသွားခြင်းကို အဖန်တလဲလဲ အားထုတ်သော ရဟန်း၏ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးနည်း ဟူမူ -[၁]

  • မကြားဘူးသည်ကို မကြားနာရ။
  • ကြားဘူးသည်ကို မဖြူစင်စေ။
  • ကြားဘူးသော အချို့သော တရားဖြင့် ရဲရင့်ခြင်း မဖြစ်။
  • ပြင်းထန်စွာ ရောဂါ စွဲကပ်ခြင်းသို့ ရောက်၏။
  • အဆွေခင်ပွန်းလည်း မရှိ။[၁]

ရဟန်းတို့ ရှည်လျားစွာ ခရီးသွားခြင်း အပိုင်းအခြားမရှိဘဲ ခရီးသွားခြင်းကို အဖန်တလဲလဲ အားထုတ်သော ရဟန်း၏ အပြစ်တို့သည် ဤငါးမျိုးတို့တည်း ဟု(မိန့်တော်မူ၏)။[၁]

ရဟန်းတို့ အပိုင်းအခြားရှိသော ခရီးသွားခြင်း၌ အကျိုးတို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိးတို့နည်း ဟူမူ -[၁]

  • မကြားဘူးသည်ကို ကြားနာရ၏။
  • ကြားဘူးသည်ကို ဖြူစင်စေ၏။
  • ကြားဘူးသော အချို့သော တရားတို့ဖြင့် ရဲရင့်၏။
  • ပြင်းထန်စွာ ရောဂါ စွဲကပ်ခြင်းသို့ မရောက်။
  • အဆွေခင်ပွန်းလည်း ရှိ၏။[၁]

ရဟန်းတို့ အပိုင်းအခြားရှိသော ခရီးသွားခြင်း၌ အကျိုးတို့သည် ဤငါးမျိုးတို့တည်း ဟု(မိန့်တော်မူ၏)။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ အင်္ဂုတ္တရနိကာယ်ဝင် သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် (ဒုတိယတွဲ)၊ ပဉ္စက - ဆက္က - သတ္တကနိပါတ်၊ (၅) ပဉ္စမပဏ္ဏာသက (၂၃) ၃-ဒီဃစာရိကဝဂ်၊ ၁- ပဌမ ဒီဃစာရိကသုတ် (တတိယအကြိမ် ed.)။ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်။ ၁၉၉၈။ pp. ၂၈၄။