ပဌမ တဏှသပ္ပသုတ်

ဝီကီပီးဒီးယား မှ

ပဌမ တဏှသပ္ပသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် မြွေဟောက်၏ အပြစ်နှင့် မာတုဂါမ၏ အပြစ်ကို နှိုင်းယှဉ်ပြတော်မူ၍ ဟောကြားတော်မူခဲ့သည်။[၁]

ပဌမ တဏှသပ္ပသုတ်[ပြင်ဆင်ရန်]

မြွေဟောက်၏ အပြစ်[ပြင်ဆင်ရန်]

ရဟန်တို့ မြွေဟောက်၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်းဟူမူ -

မစင်ကြယ်၊ မကောင်းသော အနံ့ရှိ၏၊ အအိပ်ကြီး၏၊ ဘေးဘျမ်းနှင့်တကွ ဖြစ်၏၊ အဆွေခင်ပွန်းကို ဖျက်ဆီးတတ်၏။

ရဟန်းတို့ မြွေဟောက်၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။[၁]

မာတုဂါမတို့၏ အပြစ်[ပြင်ဆင်ရန်]

ရဟန်းတို့ ဤအတူသာလျှင် မာတုဂါမ၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်းဟူမူ -

မစင်ကြယ်၊ မကောင်းသော အနံ့ရှိ၏၊ အအိပ်ကြီး၏၊ ဘေးဘျမ်းနှင့်တကွ ဖြစ်၏၊ အဆွေခင်ပွန်းကို ဖျက်ဆီးတတ်၏။

ရဟန်းတို့ မာတုဂါမ၏ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ အင်္ဂုတ္တရနိကာယ်ဝင် သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် (ဒုတိယတွဲ) ၊ ပဉ္စက - ဆက္က - သတ္တကနိပါတ်၊ (၅) ပဉ္စမပဏ္ဏာသက (၂၃) ၃- ဒီဃစာရိကဝဂ် ၉- ပဌမ တဏှသပ္ပသုတ်။ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်။ ၁၉၉၈။ pp. ၂၈၉။