ပဉှာပုစ္ဆနသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

အမှု—ပြဿနာမေးခွင့်မတောင်းဘဲ ပြဿနာမေးမှု။

အမှုသည်—ဘိက္ခုနီအများ။ [၁]

ထိုသို့ အခွင့်မတောင်းဘဲ ပြဿနာမေးမှုကြောင့် ဘိက္ခုတို့က ကဲ့ရဲ့ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ အနောကာသကတံ ဘိက္ခုံ ပဉှံ ပုစ္ဆေယျ, ပါစိတ္တိယံ။

မြန်မာပြန်[ပြင်ဆင်ရန်]

ပြဿနာမေးခွင့် မပြုသော ရဟန်းကို ပြဿနာမေးသော ဘိက္ခုနီမှာ ပါစိတ်အာပတ် သင့်၏။

မှတ်ချက်[ပြင်ဆင်ရန်]

ဘိက္ခုနီသည် ဘိက္ခုအထံ၌ ပြဿနာမေးလိုလျှင် ချက်ခြင်းမမေး “ပြဿနာမေးပါရစေ”ဟု ခွင့်တောင်း၍ “မေးတော့”စသည်ဖြင့် ခွင့်ပြုမှ မေးရသည်၊ ထိုသို့မေးရာ၌လည်း ဝိနည်းဘက်က, သို့မဟုတ်-သုတ္တန်ဘက်က, သို့မဟုတ်-အဘိဓမ္မာဘက်က မေးပါရစေ” ဟု ခွင့်တောင်းရမည်။ ဝိနည်းဘက် ခွင့်တောင်းပြီးနောက် သုတ္တန်, အဘိဓမ္မာဘက်မှာ မမေးရ။ မေးလျှင်ပါစိတ် အာပတ် သင့်၏၊ ထို့အတူ သုတ္တန်ဘက် အဘိဓမ္မာဘက်၌လည်း ခွင့်ပေးထားသောအချက် မဟုတ်လျှင် ပါစိတ်အာပတ်သင့်၏၊ သို့မဟုတ် ခွင့်တောင်းတုန်းကပင် “မည်သည့် ဘက်က”ဟု ကန့်သတ်ချက်မပါဘဲ ခွင့်တောင်း၍ ခွင့်ရလျှင် မေးချင်ရာကို မေးနိုင်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး