ဒုတိယ သမယဝိမုတ္တသုတ်
ပုံပန်းသွင်ပြင်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ဒုတိယ သမယဝိမုတ္တသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ [၁]
ဒုတိယ သမယဝိမုတ္တသုတ်
[ပြင်ဆင်ရန်]ရဟန်းတို့ ဤတရားငါးမျိုးတို့သည် ဝင်စားသောခဏ၌ ကိလေသာမှ လွတ်သော (လောကီသမာပတ်စိတ်ရှိသော) ရဟန်းအား ဆုတ်ယုတ်ရန် ဖြစ်ကုန်၏။
အဘယ်ငါးမျိုးတို့နည်း ဟူမူ -
- အမှုသစ်၌ မွေ့လျော်ခြင်း၊
- စကားပြောမှု၌ မွေ့လျော်ခြင်း၊
- အိပ်ခြင်း၌ မွေ့လျော်ခြင်း၊
- ဣန္ဒြေတို့၌ မပိတ်သော တံခါးရှိခြင်း၊
- စားဖွယ်၌ အတိုင်းအရှည်ကို မသိခြင်းတို့တည်း။
ရဟန်းတို့ ဤတရားငါးမျိုးတို့သည် ဝင်စားသောခဏ၌ ကိလေသာမှ လွတ်သော (လောကီသမာပတ်စိတ်ရှိသော) ရဟန်းအား ဆုတ်ယုတ်ရန် ဖြစ်ကုန်၏။
ရဟန်းတို့ ဤတရားငါးမျိုးတို့သည် ဝင်စားသောခဏ၌ ကိလေသာမှ လွတ်သော (လောကီသမာပတ်စိတ်ရှိသော) ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ကုန်၏။
အဘယ်ငါးမျိုးတို့နည်း ဟူမူ -
- အမှုသစ်၌ မမွေ့လျော်ခြင်း၊
- စကားပြောမှု၌ မမွေ့လျော်ခြင်း၊
- အိပ်ခြင်း၌ မမွေ့လျော်ခြင်း၊
- ဣန္ဒြေတို့၌ ပိတ်သော တံခါးရှိခြင်း၊
- စားဖွယ်၌ အတိုင်းအရှည်ကို သိခြင်းတို့တည်း။
ရဟန်းတို့ ဤတရားငါးမျိုးတို့သည် ဝင်စားသောခဏ၌ ကိလေသာမှ လွတ်သော (လောကီသမာပတ်စိတ်ရှိသော) ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ကုန်၏ ဟု (မိန့်တော်မူ၏)။[၁]