ဒုတိယ ဝုဍ္ဎပဗ္ဗဇိတသုတ်
ပုံပန်းသွင်ပြင်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ဒုတိယ ဝုဍ္ဎပဗ္ဗဇိတသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် တရားငါးမျိုးနှင့် ပြည့်စုံသော တောထွက်ရဟန်းကို ရခဲကြောင်း ဟောကြားတော်မူခဲ့သည်။[၁]
ဒုတိယ ဝုဍ္ဎပဗ္ဗဇိတသုတ်
[ပြင်ဆင်ရန်]ရဟန်းတို့ တရားငါးမျိုးတို့နှင့်ပြည့်စုံသော တောထွက်ရဟန်းကို ရခဲ၏။ အဘယ်တရားငါးမျိုးတို့နည်း ဟူမူ -
- ရဟန်းတို့ ဆိုဆုံးမလွယ်သော တောထွက်ရဟန်းကို ရခဲ၏။
- ကောင်းသောအယူကို ယူတတ်သော တောထွက်ရဟန်းကို ရခဲ၏။
- ဆုံးမစကားကို အမြတ်တနိုးခံယူတတ်သော တောထွက်ရဟန်းကို ရခဲ၏။
- တရားဟောတတ်သော တောထွက်ရဟန်းကို ရခဲ၏။
- ဝိနည်းဓိုရ် တောထွက်ရဟန်းကို ရခဲ၏။
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့်ပြည့်စုံသော တောထွက်ရဟန်းကို ရခဲ၏ ဟု(မိန့်တော်မူ၏)။[၁]