ဒုတိယ ကုလူပကသုတ်
ပုံပန်းသွင်ပြင်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ဒုတိယ ကုလူပကသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် အလွန်ကြာမြင့်စွာ ဒါယကာတို့နှင့် ရောနှော၍နေသော အိမ်သို့ကပ်တတ်သော ရဟန်း၏ အပြစ်ငါးမျိုးကို ဟောကြားတော်မူခဲ့သည်။[၁]
ဒုတိယ ကုလူပကသုတ်
[ပြင်ဆင်ရန်]ရဟန်းတို့ အလွန်ကြာမြင့်စွာ ဒါယာကာတို့နှင့် ရောနှော၍ နေသော, အိမ်သို့ ကပ်တတ်သော ရဟန်း၏ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါမျိုးတို့နည်း ဟူမူ -[၁]-
- မာတုဂါမအား မပြတ်တွေ့မြင်ရ၏။
- တွေ့မြင်သည်ရှိသော် နှီးနှောမိ၏။
- နှီးနှောမိသည်ရှိသော် အကျွမ်းဝင်၏။
- အကျွမ်းဝင်သည်ရှိသော် ရာဂသို့ သက်ဝင်၏။
- (ရာဂ) သက်ဝင်သောစိတ်ရှိသော ရဟန်းအား “မမွေ့လျော်ပဲလည်း မြတ်သော အကျင့်ကို ကျင့်ရလိမ့်မည်၊ ညစ်နွမ်းသော အာပတ် တမျိုးမျိုးသို့မူလည်း ရောက်ရလိမ့်မည်၊ သိက္ခာချ၍မူလည်း လူထွက်လိမ့်မည်” ဟူသော ဤအရာကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။[၁]
ရဟန်းတို့ အလွန်ကြာမြင့်စွာ ဒါယာကာတို့နှင့် ရောနှော၍ နေသော, အိမ်သို့ ကပ်တတ်သော ရဟန်း၏ အပြစ်တို့သည် ဤငါးမျိုးတို့တည်း ဟု (မိန့်တော်မူ၏)။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ ၁.၂ ၁.၃ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ အင်္ဂုတ္တရနိကာယ်ဝင် သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် (ဒုတိယတွဲ)၊ ပဉ္စက - ဆက္က - သတ္တကနိပါတ်၊ (၅) ပဉ္စမပဏ္ဏာသက (၂၃) ၃-ဒီဃစာရိကဝဂ်၊ ၆ - ဒုတိယ ကုလူပကသုတ် (တတိယအကြိမ် ed.)။ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်။ ၁၉၉၈။ pp. ၂၈၇။