ဒိဋ္ဌဓမ္မဝေဒနီယကံ

ဝီကီပီးဒီးယား မှ

မျက်မှောက်ထင်ထင် ရှုမြင်အပ်သော သဘောဟူသော ပစ္စက္ခအတ္တဘော၌-သိ-ခံစား–စံစားအပ်သော အကျိုး–ရှိသော၊ မျက်မှောက်ထင်ထင်ရှုမြင်အပ်သော သဘောဟူသော ပစ္စက္ခအတ္တဘော၌-သိ-ခံစား- စံစား –အပ်သော အကျိုးကို ပေးတတ်သော (ပဌမဇော စေတနာ-ဟူသော) ကံ[၁] [၂]

ထိုတွင်– (၁) ဒိဋ္ဌဓမ္မဝေဒနီယကံ- ကုသိုလ် အကုသိုလ် ပဌမဇော စေတနာသည် ဒိဋ္ဌဓမ္မဝေဒနီယကံ မည်၏၊ ဤ ပဌမဇော စေတနာသည် ဇော ၇-ကြိမ်တွင် အစဆုံးဖြစ် ရသည့်အတွက် မိမိရှေ့က အာသေဝနသတ္တိဖြင့် ထောက်ပံ့ကူညီချက်ကို မရသောကြောင့် ဒုတိယ တတိယ စသော ဇောများလောက် အားမကောင်းချေ၊ ထို့ကြောင့် အခြားသော ဇောစေတနာများကဲ့သို့ ပဋိသန္ဓေကျိုးပေး၍ တစုံတခုသော ဘဝသစ်ကို ထူထောင်ခြင်းငှ မစွမ်းနိုင်၊ မျက်မှောက်ဘဝ၌သာ အဟိတ် ကုသလဝိပါက်, အကုသလဝိပါက် အကျိုးများနှင့် ကမ္မဇရုပ်အကျိုးတရား ကမ္မပစ္စယဥတုဇရုပ် အကျိုးတရားဟူသော ပဝတ္တိ(အဟိတ်) အကျိုးတရားများကိုသာ ဖြစ်ထွန်းစေနိုင်၏။[၃]

မောင်ပုဏ္ဏသည် နိရောဓသမာပတ်မှထပြီး ခါစဖြစ်သော အရှင်သာရိပုတ္တရာမထေရ်ကြီးအား နံနက်စောစောအချိန် မျက်နှာသစ်ရေ ကိုလှူဒါန်း၏၊ မယား ဘာရိတာကလည်း ဆွမ်းလှူဒါန်း၏၊ ထိုကုသိုလ်များကြောင့်ပင် ထွန်ချေးခဲများက ရွှေတုံး ရွှေခဲဖြစ်၍ နေ့ချင်း သူဌေးကြီး ရာထူးကို ရလေသည်။ ကာကဝဠိယ၏မယားသည် နိရောဓသမာပတ်မှ ထပြီးခါစဖြစ်သော အရှင်မဟာကဿပ မထေရ်မြတ်ကြီးအား ယာဂုဆွမ်းလှူဒါန်း၏၊ ထိုကုသိုလ်ကြောင့်ပင် ၇-ရက် အတွင်း၌ ရွှေအိုး ငွေအိုးများကိုရ၍ သူဌေးဖြစ်လေသည်။ ဤကား ဒိဋ္ဌဓမ္မဝေဒနီယ ကုသိုလ်ကံကြောင့်မျက်မှောက်ဘဝ၌ ထင်ထင်ရှားရှား အကျိုးပေးသော သာဓကများဖြစ်၏။[၄]ကောင်းသောအမှုကိုပြု၍ သူတော်ကောင်းစသည်တို့၏ ချီးမွမ်းချီးမြှောက် ထောက်ပံ့ခြင်းကို ခံရခြင်း, ထိုက်သည့်အလျောက် လောကဝတ် တရားဖြင့် အစိုးရမင်းတို့၏ အချီးအမြှောက် အမအစကို ခံရခြင်းများသည်လည်း ကုသိုလ် ဒိဋ္ဌဓမ္မဝေဒနီယကံ၏ မထင်ရှားသောအကျိုး တရားများဟု ဆိုသင့်၏။[၅]

နန္ဒလုလင်သည် ဥပ္ပလဝဏ်ထေရီမအား မတရားပြုကျင့်၏၊ ထိုအကုသိုလ်ကြောင့်ပင် နေ့ချင်းမြေမျို၍ ဘဝဆုံးရသည်။[၆]

နန္ဒနွားသတ်သမားသည် အနှစ် ၅၀-ပတ် လုံး နွားသတ်ခြင်းဖြင့် အသက်မွေးခဲ့၏။ တနေ့သ၌ ထမင်းပွဲတွင် အမဲသားဟင်း မပါသောကြောင့် နွားအရှင်တကောင်၏လျှာကို လှီးဖြတ်၍ မီးကင်စားနေစဉ်ပင် လျှာပြတ်ကျ၍ သေရသည်၊ သေသည်၏ အခြားမဲ့၌ ငရဲ ကျ၏။[၇]

နန္ဒဘီလူးသည် အရှင်သာရိပုတ္တရာ၏ ရိတ်ပြီးခါစ ဦးခေါင်းပြောင်ပြောင်ကို လက်ဖြင့် ခေါက်၏၊ ထိုအကုသိုလ်ကြောင့်ပင် “ပူလှချည့် လောင်လှချည့်”ဟု မြည်တမ်းလျက် အဝီစိငရဲ ကျရလေသည်။ ဤကား ဒိဋ္ဌဓမ္မဝေဒနီယ အကုသိုလ်ကံကြောင့် မျက်မှောက်ဘဝ၌ ထင်ထင်ရှားရှားအကျိုးပေးသော သာဓက များဖြစ်၏။[၈]မကောင်းမှု ဒုစရိုက်ကို ပြုကျင့်၍ သူတော်ကောင်းတို့၏ကဲ့ရဲ့မှုကိုခံရခြင်း, ထိုက်သည့်အလျောက် အစိုးရ အပြစ်ဒဏ်ကို ခံရခြင်းများသည် အကုသိုလ် ဒိဋ္ဌဓမ္မဝေဒနီယကံ၏ မထင်ရှားသောအကျိုး တရားများဟု ဆိုသင့်၏။[၉]

ဤဒိဋ္ဌဓမ္မဝေဒနီယကံသည် ပဝတ္တိကျိုးကို ပေးသည်ဟု ဆိုသော်လည်း အခါခပ်သိမ်း ပေးနိုင်သည်မဟုတ်၊ အကြောင်းအထောက် အပံ့များစွာ စုံညီမှ အကျိုးပေးနိုင်သည်။ မှန်၏ ... ဒိဋ္ဌဓမ္မဝေဒနီယအမည်ရသောပဌမဇော စေတနာသည် အာသေဝနပစ္စည်းဖြင့် ကျေးဇူးပြုမှုကို မခံရသောကြောင့် အလွန်အားနည်းသည်၊ ထို့ကြောင့် ဆန့်ကျင်ဘက်တရားတို့၏ လွှမ်းမိုးနှိပ်စက်မှုကို မခံရပါမှ (ကုသိုလ် ဒိဋ္ဌဓမ္မဝေဒနီယကံ ဖြစ်လျှင် ဆန့်ကျင်ဘက်ဖြစ်သော အကုသိုလ်တရားတို့၏ အနှောက်အရှက် အဖျက်အဆီးကို မခံရပါမှ) မျက်မှောက်ဘဝ၌ အကျိုးပေးနိုင်လေသည်။ အကြောင်း အထောက်အပံ့ထူးဖြင့် ရအပ်သော အကြောင်းထူးလည်း ရှိပါမှ (ကုသိုလ် ဒိဋ္ဌဓမ္မဝေဒနီယကံ ဖြစ်မှု ဂတိ, ဥပဓိ, ကာလ, ပယောဂသမ္ပတ္တိ ဖြစ်ပါမှ အကုသိုလ် ဒိဋ္ဌဓမ္မဝေဒနီယကံ ဖြစ်မူ ဂတိ, ဥပဓိ, ကာလ, ပယောဂဝိပ္ပတ္တိ ဖြစ်ပါမှ)အား ကောင်းသည်၊ ယင်းသို့ အားကောင်းလာသော နောက်စိတ်ထက်သန်အောင် ရှေး အဖို့က ပြုပြင်မှု၏ အစွမ်းဖြင့် လွန်ကဲသော သတ္တိလည်းရှိပါမှ မျက်မှောက်ဘဝ၌ အကျိုး ပေးနိုင်သည်။ ဂုဏ်ထူးနှင့်ယှဉ်သော ဘုရား, ရဟန္တာ, အနာဂါမ်စသော ပုဂ္ဂိုလ်တို့၌ ကျေးဇူးပြုခြင်း, ကျေးဇူးမပြုခြင်း၏ အစွမ်းအားဖြင့်လည်း ဖြစ်ပါမှ မျက်မှောက်ဘဝ၌ အကျိုးပေးနိုင်သည်၊ ဤသို့လျှင် ဒိဋ္ဌဓမ္မဝေဒနီ- ပဝတ္တိကျိုးကိုပင်သော်လည်း ယကံသည် အကြောင်း အထောက်အပံ့များစွာ စုံညီမှ အကျိုး ပေးနိုင်လေသည်။[၁၀]

[ဓမ္မ၊ဋ္ဌ၊၂၊၅၉-၌

(၁) ဝတ္ထုသမ္ပဒါ အနာဂါမ် ရဟန္တာ ဟူသော အလှူခံပုဂ္ဂိုလ်၏ ပြည့်စုံခြင်း။

(၂) ပစ္စယသမ္ပဒါ=တရားသဖြင့် ရှာဖွေ၍ ရှိသော ပစ္စည်း ဟူသော လှူဖွယ်ဝတ္ထုပစ္စည်း၏ ပြည့်စုံခြင်း။

(၃) စေတနာသမ္ပဒါ = အလှူရှင်က ပုဗ္ဗ, မုဉ္စ, အပရစေတနာ သုံးတန်စလုံး ထက်သန်ခြင်း။

(၄) ဂုဏာတိရေကတာ=အလှူခံ ပုဂ္ဂိုလ်က နိရောဓသမာပတ်မှ ထပြီးခါစ ဖြစ်၍ လွန်ကဲသော ဂုဏ်ထူးနှင့် ပြည့်စုံခြင်း။

ဤ အကြောင်း လေးပါး ပြည့်စုံမှ ဒိဋ္ဌဓမ္မဝေဒနီယကံသည် မျက်မှောက်ဘဝ၌ အကျိုးပေး သည်ဟုလာသည်၊ ထိုအကြောင်းလေးပါးမှာ ဒါနကုသိုလ်စေတနာ၏ ဒိဋ္ဌဓမ္မအကျိုးပေးရာ၌သာ သက်ဆိုင်သည်ဟု မှတ်ပါ။] [၁၁]

ကိုးကား[ပြင်ဆင်ရန်]

  1. သတ္တသု စိတ္တေသု ကုသလာ ဝါ အကုသလာ ဝါ ပဌမ ဇဝနစေတနာ ဒိဋ္ဌဓမ္မဝေဒနီယကမ္မံ နာမ ဟောတိ။ မ၊ဋ္ဌ၊၃၊၂၃၄။ အံ၊ဋ္ဌ၊၂၊၁၀၄။ ဝိသုဒ္ဓိ၊၂၊၂၃၆။ (ပေတ၊ဋ္ဌ၊၁၃၅။ မ၊ဋီ၊၃၊၃၄၊ ၁၅၆။ အံ၊ဋီ၊၂၊၁၀၁။)
  2. တိပိဋကအဘိဓာန် အတွဲ-၁၀
  3. (ပရမတ္ထဒီပနီ။)
  4. (ဝတ္ထု အကျယ်ကို မ၊ဋ္ဌ၊၄၊၄-၅-ကြည့်။)
  5. (ပရမတ္ထဒီပနီ၊သံခိပ်ဋီ။)
  6. (ဝိ၊၁၊၄၃။ ဝိ၊ဋ္ဌ၊၁၊၂၃၇။)
  7. (ဓမ္မ၊ဋ္ဌ၊၂၊၂၁၃-၄။)
  8. (မ၊ဋ္ဌ၊၄၊၅-၆။)
  9. (ပရမတ္ထဒီပနီ၊သံခိပ်ဋီ။)
  10. (ဝိဘာဝိနီ၊၁၇၁။)
  11. တိပိဋကအဘိဓာန် အတွဲ-၅