တရားဂုဏ်တော်

ဝီကီပီးဒီးယား မှ

တရား ဂုဏ်တော် ၆-ပါး မှာ

  • သွာက္ခာတော ဘဂဝတော ဓမ္မော
  • သန္ဒိဋ္ဌိကော
  • အကာလိကော
  • ဧဟိပဿိကော
  • ဩပနေယျိကော
  • ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ။

အဓိပ္ပာယ်များ[ပြင်ဆင်ရန်]

  • သွာက္ခာတ ဂုဏ်တော်
မြတ်စွာဘုရား ကောင်းစွာ ဟောထားသည့်တရားဖြစ်ခြင်းဂုဏ်။
  • သန္ဒိဌိက ဂုဏ်တော်
ကိုယ်တိုင်ကျင့်လျှင် ကိုယ်တိုင်သိနိုင်သော တရားဖြစ်ခြင်းဂုဏ်။
  • အကာလိက ဂုဏ်တော်
အခါမလပ် အကျိုးပေးခြင်း၊ မဂ်ရလျှင် ဖိုလ်ချက်ချင်း ဖြစ်ခြင်းဂုဏ်။
  • ဧဟိပဿိက ဂုဏ်တော်
'လာပါ၊ ကျင့်စမ်းပါ' ဟု ရဲရဲဝံဝံ ဖိတ်ခေါ်ထိုက်ခြင်း၊ အစမ်းသပ်ခံနိုင်ခြင်း ဂုဏ်။
  • ဩပနေယျိက ဂုဏ်တော်
မိမိစိတ်၌ အမြဲကပ်၍ ဆောင်ထားသင့်ခြင်းဂုဏ်။
  • ပစ္စတ္တံ ဝေဒိတဗ္ဗ ဝိညူဟိ ဂုဏ်တော်
အရိယာတို့သည် နိဗ္ဗာန်ချမ်းသာကို အသီးသီး လက်တွေ့ ခံစားနိုင်ခြင်းဂုဏ်။

မဟာစည်ဆရာတော်ကြီး ၏ မြန်မာပြန်[ပြင်ဆင်ရန်]

  • ဘဂဝါတော- မြတ်စွာဘုရားရှင်၊ အက္ခတော- ဟောကြားတော်မူအပ်သော၊ ဓမ္မော- မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်၊ ပရိယတ်အားဖြင့် ဆယ်ပါးသော တရားတော်မြတ်သည် ---
  • သွာက္ခာတော - ကိလေသာငြိမ်းကြောင်း ကောင်းမွန်မှန်ကန်စွာ ဟောအပ်သော တရားတော်။
  • သန္ဒိဋ္ဌိကော - ကျင့်ကြံအားထုတ်လျှင် မျက်မှောက်ကိုယ်တိုင် တွေ့မြင်နိုင်သော တရားတော်။
  • အကာလိကော - အချိန်အခွင့် မဆိုင်းလင့်ဘဲ အသင့်လက်ငင်း ချက်ခြင်း အကျိုးပေးတတ်သော တရားတော်။
  • ဧဟိပဿိကော - “ လာပါ၊ ကျင့်လှည့်ပါ ” ဟု ကျင့်ကြံအားထုတ်ရန် ဖိတ်မန်တိုက်တွန်းထိုက်သော တရားတော်။
  • ဩပနေယျိကော - မိမိသန္တာန်၌တည်အောင် ကျင့်ဆောင်ထိုက်သော တရားတော်။
  • ပစ္စတ္တံဝေဒိတဗ္ဗော ဝိညူဟိ - တရားသိမြင်သည့် ပညာရှိရှစ်ပါးအရိယာများသာလျှင် အသီးသီး သိမြင်ခံစားရသော တရားတော်။


ကိုးကားချက်[ပြင်ဆင်ရန်]

  • ယဉ်ကျေးလိမ္မာ ရင်သွေးကမ္ဘာ-ဒေါက်တာ မင်းတင်မွန်