တပေါဒါ

ဝီကီပီးဒီးယား မှ

ပူသောရေရှိသော၊ (က)တပေါဒါမြစ်။ (ခ) တပေါဒါအိုင်။ (ဂ) တပေါဒ ကျောင်းတိုက်။ (ဃ) တပေါဒါချောက်။[၁]

တပေါဒါမြစ်[ပြင်ဆင်ရန်]

[၂]ဝေဘာရတောင်အောက် နတ်ပြည်နှင့် တူသော ယူဇနာ-၅၀၀ ကျယ်သော နဂါးဘုံ ရှိသည်၊ ပတ္တမြားဖြင့်ပြီးသော ကျောက်မြေ အပြင်, ဥယျာဉ်, ဗိမာန်တို့နှင့်လည်း ပြည့်စုံသည်၊ ထိုနဂါးပြည်၌ နဂါးတို့ ရေကစားရာ ရေကန်ရှိ၏၊ တပေါဒါမြစ်သည် ထိုရေကန်မှ ကပ်၍ စီးလာပြီးလျှင် လောဟကုမ္ဘီ ငရဲကြီး ၂-ခုတို့၏ အကြားအရပ်မှ စီးလာသဖြင့် ရေသည် ကျိုက်ကျိုက်ဆူ၍ ပူလေသည် [၃] ရာဇဂြိုဟ်မြို့ဟောင်းအနီး၌ စီးဆင်း လျက်ရှိသော သရသွတီမည်သော မြစ်ငယ်ကို တပေါဒါရာမ တပေါဒါမြစ်ဟု ဆရာတစ်ဦး ဆို၏ (ဘာရတ-ဗောဒ္ဓသိဒ္ဓဋ္ဌာန သီဟိုဠ်ဘာသာစာအုပ်) [၁]

တပေါဒါအိုင်[ပြင်ဆင်ရန်]

[၄][၁]

တပေါဒါရုံ ကျောင်းတိုက်[ပြင်ဆင်ရန်]

(ကျောင်းတိုက်၏ ရှေးရှူ တူရူအရပ်၌ရှိသော ရေပူအိုင်ကို အစွဲပြု၍ တပေါဒါရုံ ကျောင်းတိုက်ဟု ခေါ်သည်။ [၅]

ဘုရားရှင်သည် တပေါဒါရုံကျောင်းတိုက်၌ သီတင်းသုံးခိုက် အရှင်အာနန္ဒာအား “ကိုယ်တော်မြတ်၏ အာယုကပ်ပတ်လုံးဖြစ်စေ, အာယုကပ်ထက် လွန်၍ဖြစ်စေ တည်နေနိုင်ကြောင်း” မိန့်တော် မူခဲ့ဘူးသည်။ [၆]

သေနာသန ပညာပက ဧတဒဂ်ဘွဲ့ရ အရှင်ဒဗ္ဗထေရ်ကို “တပေါဒါရုံကျောင်းတိုက်၌ မိမိတို့အတွက် ကျောင်း အိပ်ရာနေရာ ခင်းပေးရန်” ရဟန်း များစွာတို့ တောင်းပန် လျှောက်ထားကြသည်။ [၇]

တပေါဒါရုံ ကျောင်းတိုက်သည် ဝေဘာရတောင်၏ အရှေ့ မြောက်ဖက်တွင် တွေ့မြင်ရသော မြင့်မောက်သော အရပ်ဖြစ်နိုင်သည်ဟုလည်းကောင်း, ရာဇဂြိုဟ်မြို့ မြောက်ဖက် တံခါး အနီးအရပ် ဖြစ်သင့်သည် ဟု၎င်း ဆိုကြ၏။ ဘာရတဗောဒ္ဓသိဒ္ဓဋ္ဌာန သီဟိုဠ်ဘာသာစာအုပ်။)[၈] [၁]

တပေါဒါချောက်[ပြင်ဆင်ရန်]

တပေါဒါရုံကျောင်းတိုက်၏ အနီးရှိ–ချောက်–ရှိုမြောင်။ (ယင်းသည် တပေါဒ-ကျောင်းတိုက် အနီး၌ သဘာဝ အလျောက် ကျောက်ဂူအသွင် ဖြစ်နေသော လိုဏ်ဂူဖြစ်သည်၊ ရေပူချောင်းငယ်၏ အနီး၌ တည်ရှိ၏။ ယခုအခါ “တပေါဗာန်” အမည်ဖြင့် ထင်ရှားသောအရပ်၌ တည်ရှိသည်-ဟု “ဝိမလစရဏလော” သုတေသနပညာရှင်-က ဆိုသည်။ ဘာရတဗောဒ္ဓသိဒ္ဓဋ္ဌာန သီဟိုဠ် ဘာသာ စာအုပ်။) အမှာကံ အာဝုသော တပေါဒကန္ဒရာယံ သေနာသနံ ပညပေဟိ။ [၉] [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ တိပိဋကအဘိဓာန် အတွဲ-၉
  2. ယတာယံ အာဝုသော တပေါဒါ သန္ဒတိ။ ဝိ၊၁၊၁၄၉။ မ၊ဋ္ဌ၊၄၊၁၇၂။ သံ၊ဋ္ဌ၊၁၊၃၇။ ဥဏှဘာဝေန တပနတော တပံ ဥဒကံ ဧတိဿာတိ အနွတ္ထနာမဝသေန “တပေါဒါ”တိ ဝုစ္စတိ။ သာရတ္ထ၊၂၊၂၉၅။ (ဥဒါန၊ဋ္ဌ၊၉၇။ မ၊ဋီ၊၃၊၃၆၉။)
  3. (ဝိ၊၁၊၁၄၉။ ဝိ၊ဋ္ဌ၊၂၊၁၀၁။ မ၊ဋ္ဌ၊၄၊၁၇၂။ သံ၊ဋ္ဌ၊၁၊၃၇)။
  4. တေန ခေါ ပန သမယေန ဘိက္ခု၊ တပေါဒေ နဟာယန္တိ။ ဝိ၊၂၊၁၅၄။ ယေန တပေါဒေါ (တပေါဒါ၊ သီ)၊ တေနုပသင်္ကမိ။ မ၊၃၊၂၃၁။ သံ၊၁၊၈။ (၁၀၊ အံ၊၃၊၄၁၅။)
  5. မ၊ဋ္ဌ၊၄၊၁၇၃။ သံ၊ဋ္ဌ၊၁၊၃၇။
  6. ဒီ၊၂၊၉၈။
  7. ဝိ၊၁၊၂၄၅။ ဝိ၊၄၊၁၉၃။
  8. တပေါဒါရာမေ (မ၊၃၊၂၃၁။ သံ၊၁၊၈)တိ တပေါဒဿ တတ္တောဒကဿ ရဟဒဿ ဝသေန ဧဝံ လက္ခနာမေ အာရာမေ။ မ၊ဋ္ဌ၊၄၊၁၇၂။ သံ၊ဋ္ဌ၊၁၊၃၇။ (ဒီ၊၂၊၉၇-၈။ အံ၊၃၊၄၁၅။ ထေရ၊ဋ္ဌ၊၁၊၁၄၇။ ဇာ၊ဋ္ဌ၊၂၊၅၁။ မ၊ဋီ၊၃၊၃၆၉။)
  9. ဝိ၊၁၊၂၄၅။ ဝိ၊၄၊၁၉၃။