မာတိကာသို့ ခုန်သွားရန်

ညောင်ရေ

ဝီကီပီးဒီးယား မှ

ညောင်ရေဟူသည် ဗောဓိညောင်ဗုဒ္ဓဟေပင်ကို သွန်းလောင်းသော ရေပင်ဖြစ်သည်၊ ဤဗောဓိညောင်ပင်ကို ကဆုန်လမှာမှ ရေသွန်းလောင်းခြင်း၏ အကြောင်းကား... []

ကဆိန္နပါဠိမှ ကဆုန်ဖြစ်လာသလား?

[ပြင်ဆင်ရန်]

(က) ကဆုန်လဟူသည်မှာ (ကဆိန္န)ဟူသော ပါဠိမှ ဆင်းသက်လာသော စကားဖြစ်၏။ (က = ရေ၊ ဆိန္န = ပြတ်သည်)၊ ကဆိန္န = မြေဓာတ်မှာ ရေပြတ်သောလ-ဟု အဓိပ္ပါယ်ရသည်၊ (ကဆိန္နဟူသော ပါဠိမှ ဖြစ်လာသော) ထိုကဆုန်လမှာ လွန်ခဲ့သောနှစ်က မိုယ်းနှင့်လည်း အလွန်ဝေးကွာ လာမည့်နှစ် မိုဃ်းကလည်း မရွာသေးသည့်အတွက် မြေဓာတ်မှာ ရေအပြတ်ဆုံးလဖြစ်၍ ဗောဓိပင် သေမသွားစေရန် ရေသွန်းလောင်းပေးရသည်ဟု ဝေါဟာရလီနတ္ထဒီပနီ ကျမ်းဆရာက ပြဆိုထားသည်။

(ကဆိန္နဟူသောပါဠိ ကဆုန်လဟောကြောင်း ပိဋကကျမ်းတို့၌ မရှိသည့်ပြင်၊ အတော်အတန် ရေပြတ်သော တပေါင်း တန်းခူးလတို့၌ ညောင်ရေမသွန်းပဲ ဗောဓိပင် အလွန်အားနည်းမှ အားဆက်၍ ပေးသလောဟုပင် ပညာရှင်တို့ အပြစ်တင်ဘွယ် ရှိပေသည်။)[]

အရှင်အာနန္ဒာ ဗောဓိပင် ပူဇော်ပုံ

[ပြင်ဆင်ရန်]

(ခ) အချို့ ပညာရှင်များကလည်း တေရသကနိပါတ် ခြောက်ခုမြောက် ကာလိင်္ဂဗောဓိဇာတ် နိဒါန်းမှာ လာရှိသော (ဇေတဝန်ကျောင်းတိုက်အတွင်း အရှင်အာနန္ဒာ စိုက်ပျိုးအပ်သည့်) အာနန္ဒာဗောဓိပင်ကို အကြောင်းပြု၍ ညောင်ရေသွန်းပွဲ ဖြစ်ပေါ်လာသည်ဟု ပြောဆိုကြ၏။

(ထို ကာလိင်္ဂဗောဓိဇာတ် အဋ္ဌကထာအရှင်အာနန္ဒာစီမံသော ဗောဓိပင်မှာ (မြန်မာစာမူများအလို) ရွှေအိုး ငွေအိုး တဆယ့်ရှစ်လုံး၊ (သီဟိုဠ်စာမူများအလို) တရာ့ရှစ်လုံးတို့အထဲမှာ နံ့သာရေတို့ကို ထည့်ပြီးလျှင် ကြာညိုပန်းစသည် အမျိုးမျိုး စိုက်ထိုးလျက် ညောင်ပင်ကို ဝိုင်းဝန်းစီစဉ် ပူဇော်ထားကြောင်း စသည်သာ အထူးလာရှိသည်၊ ညောင်ရေသွန်းသည်ဟူ၍ကား အထူးမရှိ၊ သို့သော် ထိုဗောဓိညောင်ပင်အား ရေသွန်းလောင်းမည် အမှန်ပင်ဖြစ်၏။ သို့သော်လည်း ရေသွန်းခြင်းကိစ္စထက် နံ့သာပန်းအိုးတို့ကို ဝိုင်းဝန်း စီစဉ် ပူဇော်ခြင်း, ရတနာ (၇)ပါးဖြင့်ပြီးသော ပွတ်လုံးရံခြင်,၊ ရွှေနှင့်ရော၍ သဲဖြူဖြန့်ခင်းခြင်း, တံတိုင်းအရံပြုလုပ်ခြင်း, ရတနာ (၇)ပါးဖြင့် ချယ်စီအပ်သော တံခါးမုခ်တည်ခြင်း ကိစ္စတို့ကသာ ထူးကဲသောကိစ္စဖြစ်၍ ထိုကိစ္စတို့ကိုသာ အဋ္ဌကထာဆရာ အထူး ဖွင့်ပြတော်မူသည်။ ထိုအချိန်ကမှစ၍ ညောင်ရေသွန်းခြင်းကိစ္စအထူး ဖြစ်လာပါလျှင် အဋ္ဌကထ၌ အထူးဖွင့်ပြလေရာ၏၊ ပြကား မပြခဲ့၊ ဤသို့ ရေသွန်းလောင်းခြင်းကို တိုက်ရိုက်မပြသော အာနန္ဒာဗောဓိကို အရင်းခံထား၍ ညောင်ရေသွန်းပွဲသဘင် စတင်ဖြစ်သည်ဟု ဆိုရန်မှာလည်း ခဲယဉ်းသောအချက်ပင် ဖြစ်သည်။)[]

ကဆုန်လပြည့် ဗုဒ္ဓနေ့ ဖြစ်လို့

[ပြင်ဆင်ရန်]

(ဂ) အချို့ ပညာရှင်များကမူ ကဆုန်လပြည့်နေ့သည် ပြဆိုခဲ့ပြီးသောအတိုင်း ဘုရားအလောင်းတော်များ ဗျာဒိတ်ခံတော်မူရာနေ့ ဘုရားဖြစ်မည့်ဘ၀တွင် ဖွားတော်မူရာနေ့ ဘုရားဖြစ်တော်မူရာနေ့ ပရိနိဗ္ဗာန် စံတော်မူရာနေ့အားဖြင့် နေ့ထူးနေ့မြတ်ကြီး ဖြစ်သောကြောင့် ကဆုန်လပြည့်နေ့မှာ ညောင်ရေသွန်းခြင်းကောင်းမှု ပြုလုပ်ကြသည်ဟု ဆိုကြပြန်၏။

(ညောင်ရေသွန်းခြင်းကိစ္စကား ဘုရားမပွင့်မီကပင် ရှေး၌ ဆိုအပ်ပြီးသောအတိုင်း ဖြစ်ပေါ်ခဲ့သည်။ ဘုရားပွင့်တော်မူလာသောအခါမှ နတ်အား ပူဇော်ခြင်းမှ ပြောင်းလဲ၍ ဖော်ပြပါအတိုင်း နေ့ထူးနေ့မြတ်ကြီးဖြစ်သည်ကို အာရုံပြုကာ ဗုဒ္ဓဘာသာဝင်တို့ မြတ်စွာဘုရားအား ညောင်ရေသွန်းလောင်း ပူဇော်ကြသည်ဟု မှတ်ယူထိုက်ပေသည်။)[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ ၁.၂ ၁.၃ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) မင်းကွန်းဆရာတော်