ဈာနသောဓနဇာတ်

ဝီကီပီးဒီးယား မှ

ဧကကနိပါတ် - ၁၄။ အသမ္ပဒါနဝဂ် -၁၃၄ - ဈာနသောဓနဇာတ်။ ။ ရူပဘဝ ရောက်သည်ဟု ပြောသဖြင့် မယုံသော တပည့်များကို ဆရာလာ၍ ဆုံးမကာ တပည့်ကြီးအား

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

အကျဉ်းမေးလို ကျယ်ဖြေဆို[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သင်္ကဿနဂိုရ်မြို့တံခါးဝယ် မြတ်စွာဘုရား အကျဉ်းအားဖြင့် မေးတော်မူအပ်သော ပြဿနာကို ရှင်သာရိပုတ္တရာ အကျယ်အားဖြင့် ဖြေဆိုခြင်းကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

တပည့်မယုံကြ ဆရာကြွ[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည ရသေ့ဖြစ်၍ တောကျောင်း၌ စုတေခါနီးတွင် တပည့်တို့မေးကြရာ “နေဝသညီနာသညီ” ဟု ပြောဆို၍ စုတေသောအခါ အာဘသရဘုံ၌ ဖြစ်လေ၏။ ရသေ့တို့သည် “နေဝဿညီနာသညီ” ဆိုသောစကား အနက်အဓိပ္ပါယ်ကို တပည့်ကြီးထံ မေးကြရာ တပည့်ကြီး ပြောသာစကားကို မယုံကြည်ကြကုန်။

ထိုအခါ ဗြဟ္မာကြီးသည် အာဘဿရဘုံမှ လာ၍ ကောင်းပင်၌ ရပ်လျက် -

“သညာရှိသော သတ္တဝါတို့သည် ဆင်းရဲကုန်၏၊ သညာမရှိသော သတ္တဝါတို့သည်လည်း ဆင်းရဲကုန်၏။ ထို သညီဘဝ၊ အသညီဘသကို ကြဉ်၍ နေဝဿညာ နာသညာယတန ဈာန်ချမ်းသာသည် အပြစ်မရှိ” ဟု တရားဟော၍ တပည့်ကြီး၏ ကျေးဇူးကို ပြောဆိုကာ ဗြဟ္မာ့ပြည်သို့ ပြန်လေ၏။ ထိုအခါ ကြွင်းကုန်သော တပည့်တို့သည် တပည့်ကြီးစကားကို ယုံကြည်ကြကုန်၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ တပည့်ကြီးသည် - ယခုအခါ သာရိပုတ္တရာ။

ဗြဟ္မာကြီးသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) သညာရှိခြင်း၊ မရှိခြင်း၊ ဆင်းရဲသည်ဟုသိ။

(၂) နေဝသညာ၊ နာသညာ၊ မှန်စွာအပြစ်မရှိ။

ဈာနသောဓနဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ