ဆဖဿာယတနိကငရဲ

ဝီကီပီးဒီးယား မှ

[၁] (က) ၆-ပါးသော ဖဿာယတနတို့ဖြင့် အနိဋ္ဌာရုံကို ခံစားခြင်းရှိသော-ငရဲ၊ ဆဖဿာယတနိကငရဲ။ [၂]

(ခ) ၆-ပါးသော ဖဿာယတနရှိသော ဆင်းရဲဒုက္ခ ရှိသောငရဲ၊ ဆဖဿာယတနိကငရဲ။ [၃]

(ထိုငရဲ၌ကျရောက်သော ပုဂ္ဂိုလ်သည် ၃-ဂါဝုတ်လောက်ကြီးသော ခန္ဓာ ကိုယ်ရှိသည်။ ထန်းလုံးမျှလောက်ရဲရဲတောက် နေသော သံတံကျင် သံစူးတို့ဖြင့် အကြိမ်များစွာ ငရဲထိန်းတို့၏ ဝိုင်းဝန်းထိုးဆွမှုကို ခံရသည်။ “သင်သည်ဤနေရာဖြင့် မကောင်းမှုများကို ကြံစည် ပြုလုပ်သည်”ဟု ဆိုကာ ငါးဆယ်သော ငရဲထိန်းတို့က ရင်ဝမှနေ၍ အောက်ဖက်သို့ သံစူးတို့ဖြင့် ထိုးကြရာ နှစ်ပေါင်းငါးရာ ကြာသောအခါ ခြေဖျားသို့ ပေါက်ထွက် သွားသည်။ ငါးဆယ်သောငရဲ ထိန်းတို့ကလည်း ရင်ဝမှနေ၍ အထက်ဖက်သို့ သံစူးတို့ဖြင့် ထိုးကြရာ နှစ်ပေါင်းငါးရာ ကြာသောအခါ ဦးထိပ်သို့ ပေါက်ထွက်သွားသည်။ တဖန် အထက်ထိပ်ဖျားမှ အောက်သို့၎င်း အောက်ခြေဖျားမှ အထက်သို့၎င်း အသီးသီး ထိုးကြပြန်ရာ အနှစ်ငါးရာ ကြာသောအခါ (သံစူးနှစ်ခုတို့သည် ရင်ဝမှာလာ၍ အဖျားချင်း ဆုံမိကြလေသည်။ ဤကဲ့သို့ နှစ်ပေါင်း တထောင်မျှ ဆင်းရဲဒုက္ခခံစားရသည်။ [၄][၅]

ကိုးကား[ပြင်ဆင်ရန်]

  1. ဆဖဿာယတနိက (ပု) [ဆဖဿာယတန + ဣက]
  2. (က) ဒိဋ္ဌာ မယာ ဘိက္ခဝေ ဆဖဿာယတနိကာ နာမ နိရယာ။ သံ၊၂၊၃၄၁။ ဆဖဿာယတနိကာတိ ဆဟိ ဖဿာယတနေဟိ အနိဋ္ဌသံဝေဒနိယာ။ သံ၊ဋီ၊၂၊၃၁၄။ (သံ၊ဋ္ဌ၊၃၊၄၄။ ဝိမာန၊ဋ္ဌ၊၁၅၉။ နေတ္တိ၊ဝိ၊၃၃၆။)
  3. (ခ) မဟာနိရယဿ တယော နာမဓေယျာ ဟောန္တိ ဆဖဿာယတနိကော ဣတိပိ သင်္ကုသမာဟတော ဣတိပိ ပစ္စတ္တဝေဒနိယော ဣတိပိ။ မ၊၁၊၄၁၃။ ဆဖဿာယတနိကောတိ ဆသု ဖဿာယတနေသု ပါဋိက္ကောယ ဝေဒနာယ ပစ္စယော။ မ၊ဋ္ဌ၊၂၊၃၁၈။ ဝိသုဝိသုံ...ဆဖဿာယတနာနိ ဧတဿာတိ ဆဖဿာယတနံ၊ ဒုက္ခံ။ တံ ဧတ္ထ အတ္ထီတိ ဆဖဿာယတနိကော၊ နိရယော။ တေနာဟ “ဆသု ဖဿာ။ ပ။ ပစ္စ-ယောတိ။ မ၊ဋီ၊၂၊၃၂၂။
  4. မ၊ဋ္ဌ၊၂၊၃၁၈-၉)
  5. တိပိဋကအဘိဓာန် အတွဲ-၇