ဒုတိယဂိဟိဂတသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ
(ဆဋ္ဌမသိက္ခာပုဒ်၊ ဂဗ္ဘနီဝဂ် မှ ပြန်ညွှန်းထားသည်)

အမှု—ယောက်ျားဆက်ဆံဘူး၍ ၁၂-နှစ်ပြည့်သော သူငယ်မကို ၂-နှစ်ပတ်လုံး သိက္ခာမကျင့်ရသေးဘဲ ရဟန်းပြုပေးမှု။

အမှုသည်—ဘိက္ခုနီအများ။ [၁]

ထိုသို့ပြုပေးမှုကြောင့် အခြားဘိက္ခုနီတို့ ကဲ့ရဲ့ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ ပရိပုဏ္ဏဒွါဒသဝဿံ ဂိဟိဂတံ ဒွေ ဝဿာနိ ဆသု ဓမ္မေသု အသိက္ခိတသိက္ခံ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။

မြန်မာပြန်[ပြင်ဆင်ရန်]

ယောက်ျားသွားလာအပ်ပြီးဖြစ်၍ တဆယ့်နှစ်နှစ်ပြည့်ပြီးသော်လည်း ၂-နှစ်ပတ်လုံး ၆-ပါးသော သိက္ခာပုဒ်တို့၌ မကျင့်ရသေးသော သာမဏေမကို ရဟန်းပြုပေးသော ဥပဇ္ဈာယ်ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။ အခြားဘိက္ခုနီတို့မှာ ဒုက္ကဋ်၊]

မှတ်ချက်[ပြင်ဆင်ရန်]

ဤသိက္ခာပုဒ်တော်အရ-ရဟန်းပြုလိုသော သူငယ်မသည် ဆယ်နှစ် ပြည့်ပြီးဖြစ်လျှင် သိက္ခာသမ္မုတိကို တောင်း၍ သံဃာက ကမ္မဝါစာဖြင့် သမ္မုတိပေးပြီးနောက် ၂-နှစ်ပတ်လုံး သိက္ခမာန်ဘဝ၌ ကျင့်နေရသေးသည်၊ ထိုသို့ကျင့်ပြီးသောအခါ ၁၂-နှစ်ပြည့်ပြီးဖြစ်ပေလိမ့်မည်၊ ဂိဟိဂတ = ယောက်ျားသွားလာအပ်ပြီးသူသည် အငယ်ဆုံးအားဖြင့် သိက္ခမာန်ဘဝ၌ ၂-နှစ်ကျင့်ပြီးဖြစ်လျှင် ၁၂-နှစ်ပြည့်က ဘိက္ခုနီပြုခွင့်ရ၏။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး