အဝဂဏ္ဍကာရကသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

အဝဂဏ္ဍကာရကသိက္ခာပုဒ် (ကဗဠဝဂ်)

ပါးစောင်၌ထား၍ စားခြင်း[ပြင်ဆင်ရန်]

ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းလုပ်ကို ပါးစောင်၌ထား၍ ပါးတဘက် မိုမောက်နေအောင် စားကြကုန်၏။ ထိုသို့ စားခြင်းသည် မျောက်သတွာတို့စားပုံနှင့် တူရကား အမြင်မကောင်းလှသဖြင့် လူတို့ ကဲ့ရဲ့ကြသောကြောင့်...[၁]

“န အဝဂဏ္ဍကာရကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ”၊ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်[ပြင်ဆင်ရန်]

“ပါးစောင်ကို အမြင်မကောင်းအောင် မိုမောက်စေ၍ မစားအံ့”ဟု အလေ့အကျင့်ကို ပြုရမည်။ [“ဂဏ္ဍ = ပါးစောင်ကို+အဝ = ယုတ်ညံ့အောင် အမြင်မကောင်းအောင် = မို့မောက်နေ့အောင်+ကာရကံ=ပြု၍”ဟု သဒ္ဒါနက်မှတ်၊ ဆွမ်းသာမက ခဲဘွယ်, ဟု ခေါ်သော မုံ့များကိုလည်း ထိုကဲ့သို့ မစားအပ်၊ သစ်သီးကြီးငယ်ကိုကား မိုမောက်အောင် စားသော်လည်း အပြစ်မရှိ။]

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး