ဣတ္ထာလင်္ကာရသိက္ခာပုဒ်
ပုံပန်းသွင်ပြင်
(စတုတ္ထသိက္ခာပုဒ်၊ ဆတ္တုပါဟနဝဂ် မှ ပြန်ညွှန်းထားသည်)
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
အမှု—မိန်းမတို့၏ အသုံးအဆောင်တန်ဆာကို ဆောင်မှု။
အမှုသည်—ဆဗ္ဗဂ္ဂီဘိက္ခုနီများ။ [၁]
မိန်းမ အသုံးအဆောင်
[ပြင်ဆင်ရန်]ဦးခေါင်း, လည်ပင်း, လက်, ခြေ, ခါးတို့၌ဝတ်ဆင်အပ်သော ပုတီး, နားချောင်း, လက်ကောက်, လက်ကြပ်, လက်စွပ်, လက်ပတ်နာရီ, ခြေကျင်းစသော မိန်းမတို့၏ အဆင်တန်ဆာဟူသမျှကို ဆဗ္ဗဂ္ဂီဘိက္ခုနီတို့ ဝတ်ဆင်ကြလေရာ လူတို့က “ကာမစည်းစိမ်ခံစားသော လူဝတ်ကြောင် မိန်းမများလိုဘဲ”ဟု စွပ်စွဲ ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်
[ပြင်ဆင်ရန်]ယာ ပန ဘိက္ခုနီ ဣတ္ထာလင်္ကာရံ ဓာရေယျ, ပါစိတ္တိယံ။
မြန်မာပြန်
[ပြင်ဆင်ရန်]မိန်းမတို့၏ အဆင်တန်ဆာကို ဆောင်သော ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။ [ဘိက္ခုတို့မှာ ဒုက္ကဋ်အာပတ်သင့်၏။]
ကိုးကား
[ပြင်ဆင်ရန်]- ↑ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး။