ဦနဒွါဒသဝဿသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

အမှု—တဆယ့် နှစ်ဝါ မရသေးဘဲ ဥပဇ္ဈာယ် ဆရာမ လုပ်၍ သူ့တစ်ပါးကို ဘိက္ခုနီပြုပေးမှု။

အမှုသည်—ဘိက္ခုနီအများ။ [၁]

ကဲ့ရဲ့ ခံရခြင်း[ပြင်ဆင်ရန်]

မိမိကိုယ်တိုင်က ၁၂ ဝါမရသေးဘဲနှင့် ဥပဇ္ဈာယ်လုပ်၍ သူတစ်ပါးကို ဘိက္ခုနီပြုလုပ်ပေးသဖြင့် သူတို့ကိုယ်တိုင်လည်း ဝိနည်းနှင့် စပ်၍အပ်သောအရာ မအပ်သောအရာကို နားမလည်ကြ, သူတို့၏ တပည့်မတို့လည်း နားမလည်ကြသဖြင့် အခြားဘိက္ခုနီတို့က ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ ဦနဒွါဒသဝဿာ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။

မြန်မာပြန်[ပြင်ဆင်ရန်]

တဆယ့်နှစ်ဝါ မရသေးဘဲ ဥပဇ္ဈာယ် ဆရာမလုပ်၍ သူတစ်ပါးကို ဘိက္ခုနီပြုပေးသော ဘိက္ခုနီမှာ ပါစိတ် အာပတ် သင့်၏။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး