ဂမိကဝတ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ခရီးသွားမည့် ရဟန်း, သာမဏေတို့ကို ဂမိက-ပုဂ္ဂိုလ်တို့ဟုခေါ်သည်။ ထိုဂမိက-ပုဂ္ဂိုလ်တို့ ပြုရာသောဝတ်ကို ဂမိကဝတ်ဟု ဆိုရသည်။
ဂမိကပုဂ္ဂိုလ်တို့ ပြုရမည့် ဝတ်များ
[ပြင်ဆင်ရန်]ခရီးသွားမည့်ပုဂ္ဂိုလ်တို့သည် သစ်ဘဏ္ဍာ, မြေဘဏ္ဍာတို့ကို မီးတင်းကုပ်၌ဖြစ်စေ၊ လုံခြုံရာတခုခု၌ဖြစ်စေ၊ သိုမှီးထားခဲ့ရခြင်း၊ တံခါးမ, လေသာ တံခါးတို့ကိုပိတ်ရခြင်း၊ ကျောင်းကိုကြည့်ရှုလိုက်ပါ၊ တပည့်တော်ဘယ်ကို သွားဦးမည်ဟု ပန်ကြား၍ ဖဲသွားရခြင်း၊ ပန်ကြားရာ၌ ရဟန်းမရှိလျှင် သာမဏေ၊ သာမဏေ မရှိလျှင် အာရာမ်စောင့်တို့ကို ပန်ကြားရမည်၊ ပန်ကြားစရာ မရှိခဲ့လျှင် ကျောင်းတိုက် လေးခု၌ ညောင်စောင်းထား၍ အပေါ်၌ထပ်ပြီးညောင်စောင်းအင်းပျဉ် အဆင့်ဆင့်တင်၍ ကျောင်းအိပ်ရာများ စုပုံထားလျက် သစ်ဘဏ္ဍာ, မြေဘဏ္ဍာတို့ကို သိမ်းဆည်းခြင်းကို ပြု၍ တံခါးမလေသာတံခါးတို့ကို ပိတ်ပြီး ဖဲသွားခြင်း၊ ကျောင်း မိုး မလုံခဲ့သော် စွမ်းနိုင်လျှင် မိုးရခြင်း၊ မိုးစရာ သက်ကယ် စသည်ရှိခဲ့လျှင် ဝိနည်းနှင့် လျော်အောင် ကြောင့်ကြပြုရခြင်း၊ မိမိ ကြောင့်ကြကြောင့် မိုးလုံလျှင် ကောင်း၏၊ မလုံလျှင် ကျောက်ဂူလိုဏ်စသည်တို့၌ ကျောက် တုံးခံပြီး ရှေးနည်းအတူ သိုမှီး၍ တံခါးများပိတ်၍ ဖဲသွားရခြင်း၊ ကျောင်း၌ ဘယ်နည်းနှင့်မျှ မိုးမစိုအောင် မထားနိုင်လျှင် ရွာသို့ ဆောင်နိုင်ပါက ဆောင်ထားရခြင်း၊ မဆောင်နိုင်လျှင် ဆောင်ထားဖို့ ကြောင့်ကြပြု, ကြောင့်ကြပြုသော်လည်း မစွမ်းနိုင်ခဲ့အံ့၊ မိုးမလုံသော ကျောင်း၌ထားခဲ့လျှင် အပေါ်မှဆွေး၍ကျသော ပစ္စည်းတို့ကြောင့်အင်္ဂါတို့ ပျက်စီးမည်ဖြစ်၍ လွင်တီးခေါင်၌ ကျောက်တုံးလေးခုခံ၍ ရှေးနည်း အတိုင်း သိုမှီးသိမ်းဆည်း၍ မြက်သစ်ပင်တို့ဖြင့် ဖုံးလွှမ်းပြီး ဖဲသွား ရာသည်။
မှတ်ချက်
[ပြင်ဆင်ရန်]သစ်သားဖြင့်ပြုလုပ်သော ခုတင်, ကုလားထိုင်, စားပွဲ, ဘီဒိုစသည် ဝတ္ထုများကို သစ်ဘဏ္ဍာခေါ်သည်၊ မြေဖြင့် ပြုလုပ် ရသော ချိုးရေအိုး, သောက်ရေအိုး, ကရား, ထွေးခံ, အင်တုံ စသည်တို့ကို မြေဘဏ္ဍာဟု ခေါ်သည်။