ခန္တိဝဏ္ဏဇာတ်

ဝီကီပီးဒီးယား မှ

ဒုကနိပါတ် - ၈။ ကာသာဝဝဂ် -(၂၂၅) ခန္တိဝဏ္ဏဇာတ်။ ။ မယား လင်မြှောင်ထား၍ တိုင်ကြားလာသော အမတ်အား နန်းတွင်းသူ တစ်ယောက်နှင့် မှားယွင်းသော အမတ်၏အကြောင်း ထုတ်ပြ၍ သည်းခံရန် ညွှန်ကြားဆုံးမသော မင်းအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

ကျေးဇူးထောက်ဆ သည်းခံကြ[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကောသလမင်းကြီး၏ နန်းတော်တွင်းဝယ် ကျေးဇူးများလှသော အမတ်တစ်ယောက်သည် နန်းတွင်းသူ တစ်ယောက်နှင့် မှားယွင်းလေ၏။

မင်းကြီးလည်း ဤအမတ်ကား ငါ့အား ကျေးဇူးများသော အမတ်ဖြစ်သည်ဟုသိ၍ သည်းခံတော်မူပြီး မြတ်စွာဘုရားထံ လျှောက်ထားလေ၏။ မြတ်စွာဘုရားလည်း မင်းကြီးအား “မြတ်သောမင်းကြီး ... ရှေးမင်းတို့သည်လည်း ဤကဲ့သို့ သည်းခံသည်သာလျှင်တည်း” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

သည်းခံနိုင်ဘိ အကျိုးရှိ[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် မင်းကြီးအား ကျေးဇူးများသော အမတ်တစ်ယောက်သည် နန်းတွင်းသူ တစ်ယောက်နှင့် မှားယွင်းလေ၏။ ထိုအမတ်အား ခစားသော ယောကျ်ားတစ်ယောက်သည်လည်း ထိုအမတ်၏ မယားနှင့် မှားယွင်းလေ၏။

ထိုအမတ်သည် ထိုယောကျ်ားအဖြစ်ကို သည်းမခံနိုင်သည်ဖြစ်၍ မင်းကြီးထံသို့ သွားပြီးလျှင် -

“မြတ်သောမင်းကြီး ...အကျွန်ုပ်အား အမှုကိစ္စ အလုံးစုံကို ပြုလုပ်အားထုတ်သော ယောကျ်ားတစ်ယောက်၌ အိပ်ရာပြစ်မှားသော အပြစ်ရှိပါ၏။ ထိုအပြစ်အတွက် ထိုယောကျ်ားအား အဘယ်သို့ ပြုလုပ်ရမည်ကို အရှင်မင်းကြီး နှလုံးသွင်းတော်မူပါ” – ဟု လျှောက်ထားလေ၏။ ထိုအခါ မင်းကြီးသည် ထိုအမတ်၏ စကားကို ကြားလျှင် -

“အို-အမတ်... င့ါအားလည်း သင့်လိုပင် အိပ်ရာ ပြစ်မှားသော ယောကျ်ားတစ်ယောက်သည် ဤအရပ်မှာပင် ရှိ၏။ ကျေးဇူးပြုတတ်သော ယောကျ်ားကို အလွန်ရခဲသောကြောင့် သည်းခံခြင်းကိုသာ ငါတို့ နှစ်သက်၏” – ဟု ပြောကြားလေ၏။

အမတ်သည် မိမိကိုရည်မှန်း၍ မင်းကြီး ပြောကြားသည်ကိုသိလျှင် ထိုအခါမှစ၍ နန်းတွင်း၌ မပြစ်မှားဝံ့တောချေ။ အမတ်ကို ခစားသော ယောကျ်ားလည်း မင်းကြီးအား လျှောက်ကြားသည်အဖြစ်ကိုသိလျှင် ထိုအခါမှစ၍ ပြစ်မှားခြင်းအမှုကို မပြုဝံ့တောချေ။

ယခုအခါ ကောသလမင်းကြီး၏ အမတ်သည်လည်း မြတ်စွာဘုရားအား လျှောက်ထားသည့်အဖြစ်ကို သိလျှင် ထိုအခါမှစ၍ မှားယွင်းသောအမှုကို မပြုဝံ့တော့ချေ။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

မင်းမြတ် -

ရဟန်းတို့ -

ထိုအခါ ဗာရာဏသီမင်းသည် - ယခုအခါ ငါဘုရားဖြစ်လာပြီ - ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) သူ၏မယား၊ မပြစ်မှား၊ ရှောင်ရှားအပ်သည်သာ။

(၂) ပြစ်မှားသူလည်း၊ ကျေးဇူးသည်း၊ သည်းသည်းခံကြရာ။

ခန္တိဝဏ္ဏဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ