မာတိကာသို့ ခုန်သွားရန်

ခဏ္ဍနိမိတ္တသိမ်

ဝီကီပီးဒီးယား မှ

ခဏ္ဍနိမိတ္တသိမ်ဟူသည် နိမိတ်လောက်သော နိမိတ်ချင်း မစပ်ပဲ သမုတ်အပ်သည့် ဝိပတ္တိ သိမ်ပျက်တလုံး ဖြစ်သည်။ [] ယင်းသိမ်သည် သိမ်၏ ပတ်ဝန်းကျင်တို့၌ ထားအပ်သော နိမိတ်များရှိရာ ရှေးဦးစွာ အရှေ့အရပ်၌ နိမိတ်ကြား၍ အစဉ်အတိုင်း နိမိတ်ကြားပြီးနောက် ရှေးဦးကြားခဲ့သော အရှေ့အရပ်၌ တဖန်ထပ်၍ နိမိတ်မကြားတော့ပဲ သမုတ်အပ်သောသိမ်၊ နိမိတ်လောက်သော နိမိတ်တို့၏ အကြား၌ နိမိတ်မလောက်သော နိမိတ်တို့တွင် တစ်ခုခုကို နိမိတ်ထား၍ သမုတ်အပ်သော သိမ်ဟု နှစ်မျိုးရှိသည်။ [] []တို့၌မူ နိမိတ် ၃-ခုတို့၏ အကြား၌ နိမိတ်မလောက်သော အရာဝတ္ထုများကို နိမိတ်တစ်ခုပြု၍ သမုတ်အပ်သော သိမ်ကို ခဏ္ဍနိမိတ္တသိမ်ဟု ဆိုပြီးနောက် နိမိတ်လောက်သော နိမိတ်လေးခု ငါးခုတို့၏ အကြား၌ နိမိတ်မလောက်သော အရာဝတ္ထုများကို နိမိတ်ပြု၍ သမုတ်အပ်သောသိမ်သည် နိမိတ်လောက်သော နိမိတ် သုံးခု အနည်းဆုံးရှိသောကြောင့် ခဏ္ဍနိမိတ္တ သိမ်မဖြစ်(နိမိတ္တသမ္ပတ္တိသိမ်ဖြစ်၏)ဟု ဆိုသည်၊ ယင်းအဆိုကို ကင်္ခါ၊ ရေစကြို၊ သျ။ ၈၆ ၌ပယ်ထားသည်။) [] []

ကိုးကား

[ပြင်ဆင်ရန်]
  1. (ကင်္ခါ၊၈၇-၈။ ဝိနယာလင်္ကာရ၊ဋီ၊၁၊၃၀၇။)
  2. (ဝိ၊ဋ္ဌ၊၄၊၂၄၈-၉။ ဝိ၊သင်္ဂဟ၊၁၇၉၊ ၃၉၉။ ကင်္ခါ၊၈၈။ ဝိနယာလင်္ကာရ၊ဋီ၊၁၊၃၆၈။)
  3. ကင်္ခါ၊ဋီ၊သစ်၊၁၃၇။ ကင်္ခါ၊ ယော၊ မဟာဋီ၊၁၊၁၀၁-
  4. ခဏ္ဍနိမိတ္တံ သီမံ သမန္နတိ။ ဝိ၊၅၊၃၈၁။
  5. တိပိဋကအဘိဓာန် အတွဲ-၆