ကုဟန

ဝီကီပီးဒီးယား မှ

အံ့ဩဖွယ်ပြုခြင်း သုံးပါး

၁။ ပစ္စယပဋိသေဝနကုဟနာ၊

၂။ သာမန္တဇပ္ပနကုဟနာ၊

၃။ ဣရိယာပထသန္နိဿိတကုဟနာဟု အံ့ဩဖွယ်ပြုခြင်း သုံးပါး ရှိ၏၊

၁။ ပစ္စယပဋိသေဝနကုဟနာ[ပြင်ဆင်ရန်]

ဒါယကာ ဒါယိကာမတို့က ပစ္စည်းလာဘ်ဖြင့် လာလှူသောအခါ အလိုနည်းပါးလေဟန် ပယ်လှန်၍ အတင်းလှူလျှင်ဖြစ်စေ, များများလှူလျှင်ဖြစ်စေ အသင်တို့အား ချီးမြှောက်သောအားဖြင့် အလှူခံရတော့မည်ဟု ဆို၍ ထပ်ခါ ထပ်ခါ လှူချင်အောင် လာဘ်များများရအောင် အံ့ဩဖွယ်ပြုခြင်း စသည်တို့တည်း။

၂။ သာမန္တဇပ္ပနကုဟနာ[ပြင်ဆင်ရန်]

ယုတ်မာသော အလိုဆိုးဖြင့် စျာန်ရပုဂ္ဂိုလ် အရိယာပုဂ္ဂိုလ်ဟု မှတ်ထင်စရာစကားဖြင့် အံ့ဩဖွယ်ပြုခြင်း သူတစ်ပါးကို ပြောသကဲ့သို့ မိမိနှင့် နီးစပ်အောင်ပြောခြင်း, အလိုဆိုးဖြင့် ကိုယ်နှုတ်ကို လူရှေ့သူရှေ့၌ လွန်စွာ စောင့်စည်းဟန်ဆောင်၍ အလွန် မျက်မှောင်ကြုတ်ခြင်း, အံ့ဩစေခြင်း စသည်တည်း။

၃။ ဣရိယာပထသန္နိဿိတကုဟနာ[ပြင်ဆင်ရန်]

ယုတ်မာသော အလိုဆိုးဖြင့် သူတစ်ပါးတို့ ချီးမွမ်းအောင် အထင်ကြီးအောင် ပြုအပ်သော သွား, ရပ်, ထိုင်, လျောင်း, ဣရိယာပုထ်တို့ဖြင့် ပြုရိုးပြုစဉ် မဟုတ်ဘဲ ဖြည်းဖြည်းသက်သာ ဟန်ဆောင်ကာ လူအများ မြင်ရာ၌သာ အံ့ဩဖွယ်ပြုခြင်း စသည်တည်း။ ထိုသို့ အထင်ကြီးအောင် ဟိတ်ဟန်ဆောင် အားထုတ်မှုဖြင့် ရလေသမျှ ပစ္စည်းတို့ကို သုံးဆောင်ခြင်းသည် မိစ္ဆာဇီဝပင် ဖြစ်၏၊ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. လင်းရောင်ကြည် ဆရာတော် ဦးကောဝိဒါဘိဝံသ (ဝိနည်းပဒေသာ သင်တန်း)