ကုမ္ဘိလဇာတ်

ဝီကီပီးဒီးယား မှ

ဒုကနိပါတ် - ၈။ ကာသာဝဝဂ် -(၂၂၄) ကုမ္ဘိလဇာတ်။ ။

သစ္စာ၊ ဓမ္မ၊ ဝီရိယ၊ ဇာဂ တရား လေးပါးနှင့် ပြည့်စုံသော မျောက်မင်းအား ချီးကျူး ပြောဆိုသော မိကျောင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

ရန်အောင်နိုင်မှု ကြောင်းလေးခု[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

ရန်အောင်ကြောင်း လေးပါး

(၁) မှန်ကန်ခြင်းသစ္စာ၊

(၂) အသိဉာဏ်ပညာ၊

(၃) လုံ့လဝီရိယ၊

(၄) အသက်ကိုစွန့်ခြင်း၊

ဤလေးပါးသောတရားတို့နှင့် ပြည့်စုံသူတို့မှာ ရန်သူကို အောင်ကုန်၏။ မပြည့်စုံသောသူတို့ကား ရန်သူကို မအောင်ကုန်။

[ဧကကနိပါတ် ကုမ္ဘိလဇာတ်နှင့် ပစ္စုပ္ပန်ဝတ္ထု၊ အတိတ်ဝတ္ထု၊ ဇာတ်ပေါင်း အလုံးစုံတူပြီ။]

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) သစ္စာ, ဓမ္မ, ဝီရိယ၊ စာဂဤလေးဖြာ။

(၂) လေးပါးစုံရှိ၊ ရန်အောင်၏၊ မရှိမအောင်ရာ။

ကုမ္ဘိလဇာတ် ပြီး၏။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ